27 မာရ်နတ်ဟိုလည်း အခွင့်မပေးကြနဲ့။
ပေတရုဟ သူ့အား “အာနနိ၊ နင်ဟ လယ်ရောင်းရလဲ့ ပိတ်ဆန် အချို့တဝက်ဟို မိမိအဖို့ ဖယ်ထားခြင်းအားဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ဝါပင်း စာတန်အား ပစာကျောန့် နင့်ရဲ့ စိတ်နေလုံးဟို စိုးမိုးခွင့်ပေးလုန်း။
ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေလို့ ပစာအခါမှ လက်မလျော့ပါနဲ့၊ ဘုရားသခင်ရဲ့ အမျက်တော်ဟို အခွင့်ပေးကြလော့၊ ကျမ်းစာနှိုက် ရေးထားတာဟ “ငါဟ လက်စားချေမယ်၊ ငါ ဆပ်ပေးမယ်” လို့ အဆှင်ဟ ပြောအယ်။
ဘုရားသခင်ပေးသော လက်နက်ဆိသမျှကို ဝတ်ဆင်ကြလော့။ အေးလို့မှသာ နင်ဟ မာရ်နတ်ရဲ့ မကောင်းသော လှည့်ကွက်များကို ဆန့်ကျင်နိန်မယ် ဖြစ်အယ်။
ယုံကြည်ခြင်းဟို အကာအရံအဖြစ် အမြဲဆောင်ထားကြလော့။ အကျောန်းမှာ မာရ်နတ်က ပစ်သော မီးလောင်သော မြှားအားလုံးကို ချေဖျက်နိန်ကြလိမ့်မယ်။
အဲကျောန့် ဘုရားသခင်ရဲ့ အလိုတော်ဟို လိုက်ကြလော့။ မာရ်နတ်ဟို ဆီးတားကြလော့။ အဲလိုမို့ သူဟ နင်လို့ဆေမှ ထွက်ပြေးလိမ့်မယ်။
သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြလော့။ နင်လို့ရဲ့ ရန်သူတည်းဟူသော မာရ်နတ်ဟ ဟောက်သော ခြင်္သေ့လိုမျိုး ဝါးမျိုရမယ့်သူဟို လှည့်လည်ဆှာဖွေလျက် ဆိအယ်။