Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 4:25 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

25 အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။

Faic an caibideil Dèan lethbhreac




ဧဖက် 4:25
42 Iomraidhean Croise  

နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။


အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။


ပစာကို့ မုန့်တလုံးတည်း ဆိတာ ဖြစ်ယွေ့ အဲမုန့်တလုံးတည်းဟို ဆက်ဆံ သုံးဆောင်ကြသောကျောန့် ငါလို့ဟ အရေအတွက်အားဖြင့် များသော်လည်း တကိုယ်တည်း ဖြစ်ကြအယ်။


ငါဟ နင်လို့အကျောန်းဟို သူ့အား ဝါကြွားခဲ့သော်လည်း နင်လို့ဟ ငါ့ဟို စိတ်ပျက်စေခြင်း မဆိခဲ့။ ငါလို့ဟ နင်လို့အား မန်ကန်သောအရာဟို အစဉ်အမြဲ ပြောခဲ့လဲ့နည်းတူ တိတုဟို ငါလို့ ဝါကြွားသောအရာဟလည်း ဟုတ်မန်ကျောန်း ထင်ဆှားခဲ့ပီ။


အဲအစား၊ ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားဟို ပြောယွေ့ ဦးခေါင်းဖြစ်သော ခရစ်တော်နှိုက် အရာရာတွင် ကြီးထွားကြမယ်ဖြစ်အယ်။


လှည့်စားတတ်သော တပ်မက်မှုများကျောန့် ဖောက်ပြန်ပျက်စီးနေသော အတ္တဟောင်းကို ပယ်ဆှားရန် နင်ရဲ့ မခင် ဖဝါ့လမ်းစဉ်ဟို စွန့်လွတ်ကြလော့။


ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။


အကျောန်းမှာ၊ ငါလို့ဟ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်အယ်။


အဲလိုလဲ အခုနှိုက် နင်လို့ဟ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေဟိုဖျက်ခြင်း၊ နင်လို့ရဲ့ စလောင်မှ ထွက်လဲ့ စုတ်ပဲ့သောစကား စလဲ့ အမှုအလုံးစုံလို့ဟို ဖယ်ဆှားကြလော့။


တယောက်နဲ့တယောက် ဝါယွေ့ မပြောဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ အကျင့်ဆိုးများနဲ့တကွ လူဟောင်းဟို လောပစ်ကာ၊


တရားနဲ့မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ ဝါသောသူများ၊ မမန်မကန် သက်သေထွက်ဆိုသောသူများနဲ့ မန်ကန်ပြေ့စုံသော ဩဝါဒဟို ဆန့်ကျင်လဲ့ အခြားအရာအားလုံးအတွက် ဆိကျောန်းဟို ငါလို့ သိကြအယ်၊


မိမိလို့ရဲ့ အသိစိတ်တွင် သံပူခတ်ခြင်း ခံရသလို အသိစိတ် ကင်းမဲ့သော သူတော်ကောင်းယောင်ဆောင်တတ်သူလို့ဟ အဲဩဝါဒများဟို ပေးကြအယ်။


ကရေတေကျွန်းသားများထဲဟ သူလို့ရဲ့ အမျိုးသားချင်း ပရောဖက်တဦးဟ “ကရေတေကျွန်းသားများဟ အမြဲတမ်း ဝါသောသူများ၊ ဆိုးလဲ့သားရဲနဲ့ ပျင်းရိစားကြူးလဲ့သူ” ဟု စပ်ဆိုထားအယ်။ ဟေသက်သေခံချက်ဟ မန်အယ်။


ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊


အဲကျောန့် ဟေမျှလောက် များစွာသော သက်သေလို့ဟ ငါလို့ဟို ဝိုင်းရံလျက် ဆိတာဖြစ်ယွေ့ ငါလို့ဟ လေးသောဝန်နဲ့ အလွယ်တကူ ငြိတွယ်လျက် နေသော အပစ်ဆိသမျှလို့ဟို ဖယ်လောလျက် ငါလို့ မျက်မှောက်နှိုက် ထားသော ပန်းတိုင်ဟို ရောက်ဖို့ အားမလျော့ဘဲ ပြေးကြကုန်စို့။


အဲလိုမို့ နင်လို့ဟ ညစ်ညမ်းလဲ့ အလေ့အထနဲ့ ဆိုးယုတ်လဲ့ အကျင့်မန်သမျှလို့ဟို ပယ်ဆှားကြလော့။ နင်လို့ရဲ့ စိတ်အတွင်းနှိုက် ဘုရားသခင် သွင်းပေးသော တရားတော်ဟ နင်လို့ဟို ကယ်တင်နိန်အယ်။ တရားတော်ဟို သိမ့်မွေ့စွာ ခံယူကြလော့။


အေးလိုမို့ မကောင်းမှု အမျိုးမျိုးနဲ့ တကွ ဆိသမျှသော စဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်းနဲ့ ပုတ်ခတ်ပြောဆိုခြင်း အားလုံးလို့ဟို ဖယ်ဆှားကြလော့။


အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။


အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။


Lean sinn:

Sanasan


Sanasan