Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 4:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ဧဖက် 4:12
45 Iomraidhean Croise  

အဲလိုလဲ နင့်ရဲ့ ယုံကြည်ခြင်း မဆုံးရှုံးမဲ့အကျောန်း၊ နင့်အတွက် ငါ ဆုတောင်းလေပီ။ နင်ဟ သတိရပြန်သောအခါ နင့်ရဲ့ ညီအကိုလို့ဟို တည်ကြည်စေလော့” ဟု ပြောလေအယ်။


ယုဒဟ ငါလို့ အဖွဲ့ထဲဟ အဖွဲ့ဝင်တယောက် ဖြစ်ပင်း ငါလို့ အလုပ်ထဲရဲ့ တထောင့်တနေရာမှာ ရွေးချယ်ခံရသော သူတယောက် ဖြစ်အယ်” ဟု ပြောအယ်။


ယုဒဟ မိမိနေရာဟို သွားရန် တမန်တော် အရိုက်အရာမှ ရွေ့လျော့ဖောက်ပြန်တာ ဖြစ်ယွေ့ ဟေအမှုတော်လုပ်ငန်းနဲ့ တမန်တော် အရိုက်အရာဟို ဆက်ခံရန် ဟေသူ နေယောက်အနက် စသူဟို ကိုယ်တော် ရွေးချယ်ထားတာဟို ငါလို့အား ဖော်ပြမန့်” ဟု ဆုတောင်းကြအယ်။


သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။


အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။


နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။


အဲလိုမို့ အေးကာလတွင် ယုဒပြေ၊ ဂါလိလဲပြေနဲ့ ရှမာရိပြေ အရပ်ရပ်လို့တွင် အသင်းတော်ဟ ငြိမ်းချမ်းစွာ နေရလေအယ်။ သခင်ဘုရားအား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် သက်ဝင်လှုပ်ဆှားလျက် သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာ အရေအတွက် တိုးတက် များပြားလာလေအယ်။


အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။


အစေခံသောသူဖြစ်ရင် အစေခံခြင်းအမှုဟို လုပ်လော့၊ သင်ကြားပေးသောသူဖြစ်ရင် သင်ကြားခြင်းအမှုဟို လုပ်လော့။


အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။


ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။


ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။


နင်လို့ဆိရာဟို ငါ ရောက်သောအခါ ခရစ်တော်ရဲ့ ကောင်းချီး အပြေ့အစုံနဲ့ ငါရောက်လာမယ်ဟို ငါ သိအယ်။


နင်လို့အပေါင်းလို့ဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ နင်လို့အသီးသီးဟလည်း ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြအယ်။


အများကောင်းကျိုးအတွက် လူအသီးသီးလို့အား ဝိညာဉ်တော် ပါဆိကျောန်း တနည်းနည်းအားဖြင့် ဖော်ပြအယ်။


အဲလိုမို့ နင်လို့ဟ ဝိညာဉ်ဆုကျေးဇူးများဟို လိုလားတောင့်တကြလဲ့အတွက် အသင်းတော်ဟို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ကြိုးစားကြလော့။


အကျောန်းမှာ ငါဟ အခြားသော ဘာသာစကားဖြင့် ဆုတောင်းရင် ငါရဲ့ စိတ်ဝိညာဉ်ဟ ဆုတောင်းသော်လည်း ငါရဲ့ အသိစိတ်မှာ အကျိုးမပေး။


ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့ ဖြစ်အယ်။ ဝတ်ပြုကိုးကွယ်ရန် နင်လို့ စုဝေးကြသောအခါ တယောက်သောသူဟ သီချင်းအော်ခြင်း၊ နောက်တယောက်ဟ သွန်သင်ခြင်း၊ နောက်တယောက်ဟ ဗျာဒိတ်တော်ဟို ပြန်ကြားခြင်း၊ နောက်တယောက်ဟ အခြားသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ နောက်တယောက်ဟ အနက်ဖော်ပြခြင်းလို့ဟို ဆောင်ရွက်ကြလော့။ နင်လို့ ဆောင်ရွက်သမျှသော အမှုလို့ဟ အသင်းဝင်သူအပေါင်းအား အကျိုးပြုရမယ်။


ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။


နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။


ငါလို့ အားနည်းရင်လည်း နင်လို့ အားကြီးသောအခါ ငါလို့ ဝမ်းမြောက်ကြအယ်။ နင်လို့ဟ ပြေ့ဝစုံလင်သောသူ ဖြစ်ကြရန်အတွက်လည်း ငါလို့ ဆုတောင်းကြအယ်။


ဝိညာဉ်တော်ရဲ့ အလုပ်ဟ စမလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။


အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။


ဟေအရာအားလုံးဟို ဘုရားသခင် ပြုအယ်၊ ဘုရားသခင်ဟ ငါလို့အား မိမိရဲ့ ရန်သူများအဖြစ်မှ မိတ်ဆွေများအဖြစ်ဟို ခရစ်တော်အားဖြင့် ပြောင်းလဲစေပင်း အခြားသောသူလို့ဟိုလည်း မိမိရဲ့ မိတ်ဆွေများ ဖြစ်လာစေရန် ဆောင်ရွက်လဲ့အလုပ်ဟို ငါလို့အား ပေးလေအယ်။


ငါလို့ရဲ့ အမှုတော်ဆောင်ခြင်းဟ စသူ့ဟိုမှ အပစ်မဆှာချင်ဝူး၊ အဲကျောန့် ငါလို့ဟ စသူ့ဟိုမှ အနှောင့်အယှက် တစုံတရာဟိုမျှ မပြု။


ချစ်မိတ်ဆွေလို့၊ ဟေကတိတော်များဟ ငါလို့အတွက် ဖြစ်အယ်။ အဲလိုမို့၊ ငါလို့ဟ ကိုယ်ကာယ အဲဟာမဟုတ်ရင် စိတ်ဝိညာဉ်လို့ရဲ့ အညစ်အကြေး ဆိသမျှလို့မှ မိမိလို့တတ်တိုင်း စင်ကြယ်စေယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့ခြင်းအားဖြင့် မိမိလို့ကိုယ်ဟို သန့်ဆှင်းခြင်းနဲ့ ပြေ့စုံကြကုန်စို့။


အသင်းတော်ဟ အလုံးစုံလို့ဟို ပြေ့ဝ စုံလင်စေသော ပြေ့ဝစုံလင်ခြင်းတည်းဟူသော ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်အယ်။


အေးဦးခေါင်းမှတဆင့် ကိုယ်ခန္ဓာတခုလုံးဟ ထောက်မပေးသော အဆစ်ဆိသမျှလို့ဖြင့် အံဝင်ခွင်ကျ ဆက်စပ်ခြင်းနဲ့ ပေါင်းစည်းခြင်းကို ခံရလျက် အင်္ဂါစိတ်အပိုင်းတခုစီဟ မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာနှိုက် တည်ဆောက်ကာ ကိုယ်ခန္ဓာဟို ကြီးထွားစေအယ်။


နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။


နင်လို့ဟို ခေါ်စဉ်တွင် မျော်လင့်ခြင်းသို့ ခေါ်ဆောင်ခြင်းခံရသလိုမျိုး ကိုယ်ခန္ဓာတပါးတည်းနဲ့ ဝိညာဉ်တော်တပါးတည်း ဆိအယ်။


ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။


အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။


အာခိပ္ပုအား “သခင်ဘုရားနှိုက် ရဆိထားသော အမှုတော်ဆောင်ရွက်ခြင်းဟို အကုန်အစင် ဆောင်ရွက်ပါ” ဟု ပြောကြားကြလော့။


ငါ့ဟို ခွန်အားနဲ့ ပြေ့စုံသော ငါလို့ သခင် ခရစ်တော် ယေရှုရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်၊ ပစာကို့ ကိုယ်တော်ဟ ငါ့ဟို အမှုတော် ဆောင်ရွက်ခြင်းအတွက် ခန့်ထားယွေ့ သစ္စာဆိသောသူအဖြစ် မှတ်ယူသောကျောန့် ဖြစ်အယ်။


လုကာ တဦးတည်းသာ ငါနဲ့အတူ ဆိအယ်။ မာကုဟို နင်နဲ့အတူ ခေါ်ခဲ့လော့၊ ပစာကို့ သူဟ ငါ့ရဲ့ အလုပ်နှိုက် အသုံးဝင်သူ ဖြစ်သောကျောန့် ဖြစ်အယ်။


အားပေမဲ့ နင်ဟ အရာရာနှိုက် သမ္မာသတိ ဆိလော့၊ ဆင်းရဲဒုက္ခဟို သည်းခံလော့၊ ကောင်းမြတ်သော သတင်း ဟောပြောသူ ပြုရမဲ့အမှုဟို ပြုလော့၊ ဘုရားသခင်ရဲ့ အစေခံအနေဖြင့် နင်ရဲ့ တာဝန်ဆိသမျှဟို ဆောင်ရွက်လော့။


နင်လို့ ခေါင်းဆောင်များရဲ့ စကားဟို နားထောင်ကြလော့။ သူလို့ပြောလဲ့အတိုင်း ပြုကြလော့။ သူလို့ဟ မိမိလို့ ပြုလဲ့အမှုဟို ဘုရားသခင်အား အစီရင်ခံရမယ် ဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို နေ့ရောညပါ ကျေ့ရှုစောင့်ဆှောက်လျက် နေကြအယ်။ နင်လို့ဟ သူလို့စကားဟို နာခံလျက် သူလို့ ရွှင်လန်းဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မယ်၊ အားမဟုတ်ရင် သူလို့ ဝမ်းနည်းရကြသဖြင့် နင်လို့တွင် စလိုမှ အကျိုးဆိလိမ့်မယ် မဟုတ်။


အဲကျောန့် ငါလို့ဟ ခရစ်တော်နဲ့ဆိုင်သော အခြေခံ သွန်သင်ချက်ဟို ချန်ထားယွေ့ စုံလင်ခြင်းဟို တက်လှမ်းကြစို့။ အဲအခြေခံ တရားများဟို နင်လို့အား ငါလို့ သွန်သင်ပေးပင်း ဖြစ်သဖြင့် ထပ်မံ သွန်သင်ပေးရန် မသင့်၊ အကျိုးမပေးတတ်လဲ့ အကျင့်များဟို စွန့်ကာ ဘုရားသခင်အား ယုံကြည်ရန် လိုအပ်ကျောန်း နင်လို့ သိဆိကြပင်း ဖြစ်အယ်၊


Lean sinn:

Sanasan


Sanasan