Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 3:4 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

4 အားပင်း ငါရေးထားသော စာဟို ဖတ်မယ်ဆိုပါဟ ခရစ်တော်ရဲ့ လျှို့ဝှက်ချက်ဟို ငါစလိုနားလည်ထားတာဟို နင်လို့ သိနိန်ကြအယ်။

Faic an caibideil Dèan lethbhreac




ဧဖက် 3:4
19 Iomraidhean Croise  

ယေရှုဟ “နင်လို့သည် ခေါန်းခင်နိုင်ငံတော်နဲ့ဆိုင်သော နက်နဲလဲ့ အကျောန်းအရာများဟို သိရသောခွင့် ပေးထားကြပေမဲ့ သူလို့ဟ အဲအခွင့်ဟို မရကြ။


ယေရှုဟလည်း “နင်လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ဆိုင်လဲ့ လျှို့ဝှက်တဲ့အရာလို့ဟို သိနားလည်ရန် နင်လို့အား ပေးခဲ့အယ်။ အဲလိုလဲ ကြွင်းသောအရာဟ နင်လို့ ကျေ့လျက်နဲ့ မမျော်၊ ကြားရလျက်ပင် နားမလည်” ဟု ပုံဥပမာရဲ့ ဆိုလိုရင်းဟို ပြောပြလာအယ်။


ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိဆိသောသူဟု မထင်မှတ်ကြစေရန် ဟေလျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ဣသရေလလူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆိခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း


ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။


ငါဟ ပရောဖက်ပြု ဟောပြောနိန်သော အခွင့်ဟို ရဆိယွေ့ လျှို့ဝှက်နက်နဲသော အရာဆိသမျှနဲ့ အသိပညာအလုံးစုံဟို နားလည်သိဆိကာ တောင်များဟို တောနိန်လဲ့ ယုံကြည်ခြင်း ဆိပေမဲ့ မေတ္တာ မဆိရင် အလကားကား ဖြစ်အယ်။


ခရစ်တော်ရဲ့ အစေခံများလို၊ ဘုရားသခင်ရဲ့ နက်နဲသော သမ္မာတရားဟို စောင့်ထိန်းသောသူလို ငါလို့ဟို နင်လို့ဟ မှတ်ယူသင့်အယ်။


ငါဟ အဟောပြော ညံ့ပေမဲ့ အသိပညာ မညံ့၊ ငါလို့ဟ ဟေအရာအား အချိန်တိုင်းနဲ့ အခြေနေအရပ်ရပ်တွင် နင့်အား ဆှင်းလင်းတင်ပြထားပါအယ်။


ဘုရားသခင်ဟ သူရည်ရွယ်ထားလဲ့အတိုင်း လုပ်ဆောင်ခဲ့ပင်း ခရစ်တော်အားဖြင့် ပီးမြောက်ရန် သူဆုံးဖြတ်ထားပီးသော လျှို့ဝှက်အစီအစဉ်ဟို ငါလို့အား အသိပေးခဲ့အယ်။


ဘုရားသခင်ဟ သူရဲ့လျှို့ဝှက်အကြံအစည်ကို ဖော်ပြပင်း ငါ့အား သိစေခဲ့အယ်။ ငါ ဟေအကျောန်းဟို အတိုချုံး ရေးပီးပါပီ။


ဘုရားသခင်ရဲ့ လျှို့ဝှက်အကြံအစည်ကို စလိုအကောင်အထည် ဖော်မယ်ဆိုတာကို လူအားလုံးဟို သိမျော်လာစေရန် အခွင့်အထူးဟို ငါ့အား ပေးအယ်။ အရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားသခင်ဟ မခင်အခါ တဆှောက်လုံးတွင် သူရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့အယ်။


အေးကျမ်းစာနှိုက် လျှို့ဝှက်နက်နဲသော သမ္မာတရားဆိအယ်။ ခရစ်တော်နဲ့ အသင်းတော်ဟို ရည်ညွှန်းတာဟို ငါနားလည်အယ်။


ငါ့ဟ နှုတ်ဟို ဖွင့်သောအခါ ပြောရမဲ့စကားဟို ငါ့အား ပေးယွေ့ သတင်းကောင်းနဲ့ဆိုင်သော လျှို့ဝှက်နက်နဲသောအရာဟို ရဲရင့်စွာ ပြောပြနိန်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။


ကိုယ်တော်ဟ နက်နဲရာဟို ကမ္ဘာမြေပေါ်ဆိ လူသားအပေါင်းလို့အား ဆေ့ကာလများမှ စယွေ့ ခေတ်ကာလများတွင် သိခွင့် မပေးခဲ့သော်လည်း အခုအခါ မိမိရဲ့ လူလို့အား ဖော်ပြလေပီ။


ဟေသို့ ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာ နင်လို့အပေါင်းဟ ခွန်အားပေးလျက် အချင်းချင်းတယောက်ဟို တယောက် ချစ်ခင်လာစေရန် ဖြစ်အယ်၊ ဟေသို့ဖြစ်ခြင်းကျောန့် နင်လို့ဟ ပီးပြေ့စုံသော သိဆိ နားလည်ခြင်းနဲ့ စိတ်ချမှုဟို ရဆိကြလိမ့်မယ်။ ဟေနည်းအားဖြင့် နင်လို့ဟ ခရစ်တော် တည်းဟူသော ဘုရားသခင်ရဲ့ နက်နဲသောအရာဟို သိဆိကြလိမ့်မယ်။


ဘုရားသခင်ဟ နှုတ်ကပတ်တရားအတွက် ထင်ခါးဟို ဖွင့်ပေးသဖြင့် ခရစ်တော်ရဲ့ နက်နဲသောအရာဟို ငါလို့ဟောပြောနိန်ရန် ငါလို့အတွက်လည်း ဆုတောင်းပေးကြလော့၊ အဲတရားကျောန့် ငါဟ အခု ထောင်ကျလျက် ဆိအယ်။


ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။


သူလို့ဟ ယုံကြည်ခြင်းရဲ့ လျှို့ဝှက်နက်နဲသောအရာဟို ဩတ္တပ္ပစိတ် ဖြူစင်စွာဖြင့် စွဲကိုင်ထားသောသူများ ဖြစ်ရမယ်။


Lean sinn:

Sanasan


Sanasan