17 အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
အဲလိုလဲ နေထွက်သောအခါ အပင်နေပူလောင်ပင်း အမြစ်မစွဲသောကျောန့် ခြောက်ပင်းသွားကြအယ်။
သူဟ မြေနက်နက် တူးပင်းမှ ကျောက်ပေါ်တွင် အုတ်မြစ်ချယွေ့ နေအိုင်ဟို တည်ဆောက်သောသူနဲ့ တူအယ်။ မြစ်ယေကြီးပင်း ယေလျှံယွေ့ အေးနေအိုင်ဟို တိုက်ခတ်လေအယ်၊ အေးယေအရှိန်ဟ နေအိုင်ဟို မလှုပ်ဆှားစေနိန်၊ ပစာကို့ အေးနေအိုင်ဟို ခိုင်အောန် တည်ဆောက်ထားသောကျောန့် ဖြစ်အယ်။
သူဟ ဘုရားသခင်အကျောန်းဆိုင်ရာ သမ္မာတရားဟို ဖော်ပြသော ဝိညာဉ်တော် ဖြစ်အယ်။ လောကီသားလို့ဟ အေးဝိညာဉ်တော်ဟို မျော်လည်း မမျော်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ အဲလိုလဲ ဝိညာဉ်တော်ဟ နင်လို့နဲ့အတူ တည်နေယွေ့ နင်လို့နှိုက် ဆိသောကျောန့် နင်လို့ သိကြအယ်။
ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။
ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။
ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။
အဲဒီ မျော်လင့်ချက်ဟ ငါလို့ဟို စိတ်ပျက်စေမှာ မဟုတ်၊ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ပေးသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ မေတ္တာတော်ဟို ငါလို့ စိတ်နေလုံးထဲဟို သွန်းလောင်းအယ်။
ငါဟ မျိုးစေ့ဟို စိုက်အယ်။ အာပေါလုဟ ယေလောင်းအယ်။ အားပေမဲ့ အပင်ဟို ကြီးထွားစေသောသူဟ ဘုရားသခင် ဖြစ်အယ်။
အခု၊ ရုပ်တုများဟို ပူဇော်လဲ့ အစားအစာအကျောန်း နင်လို့ မေးမြန်းလဲ့အကျောန်း ရေးထားအယ်။ သူလို့ ပြောသလိုဘဲ ငါလို့အားလုံးမှာ အသိပညာဆိအယ် ဆိုတာ မန်အယ်။ အဲသို့သော အသိပညာဟ လူတဦးအား မာနဟို ထောင်လွှားစေတတ်အယ်။ အားပေမဲ့ မေတ္တာဟ တည်ဆောက်တတ်အယ်။
နင်လို့ဟ ယုံကြည်ခြင်းနှိုက် တည်ကြည်ခြင်း ဆိ၊ မဆိ မိမိတတ်တိုင်း ဆန်းစစ်ကြလော။ နင်လို့အထဲနှိုက် ခရစ်တော် ယေရှုဆိကျောန်း နင်လို့တတ်တိုင်း မသိကြသလော အဲဟာမဟုတ်ရင် နင်လို့ဟ စုံစမ်းစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများ ဖြစ်လေပီလော။
ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
ငါလို့ဟ ငါလို့အပေါ်နှိုက် ဘုရားသခင်ထားဆိသော ချစ်ခြင်းမေတ္တာဟို သိယွေ့ ယုံကြည်ကြအယ်။ ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် တည်သောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။
လူပဲ့သငယ်လို့၊ နင်လို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြယွေ့ မိစ္ဆာပရောဖက်လို့ဟို အောန်နိန်ကြပီ၊ ပစာကို့ နင်လို့ဘက်နှိုက် ဆိသောသူဟ လောကဘက်နှိုက် ဆိသောသူထက် ကြီးမြတ်အယ်။
နားထောင်လော့။ ငါဟ ထင်ခါးဆေ့တွင် ရပ်ယွေ့ ခေါက်လျက် နေအယ်။ ငါရဲ့ အသံဟို ကြားယွေ့ ထင်ခါးဟို ဖွင့်သောသူရဲ့ အိုင်ဟို ငါဝင်ပင်း သူနဲ့အတူ စားသောက်မယ်။ သူဟလည်း ငါနဲ့အတူ စားသောက်ရလိမ့်မယ်။