Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 3:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။

Faic an caibideil Dèan lethbhreac




ဧဖက် 3:16
28 Iomraidhean Croise  

အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။


အတွင်းသဘောအားဖြင့် ယုဒလူမျိုးဖြစ်သောသူသာလျှင် ယုဒလူမျိုး အစစ်အမန်ဖြစ်ပင်း အက္ခရာတင်ထားသော တရားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် ဖြစ်သော စိတ်နေလုံးရဲ့ အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်း အစစ်အမန် ဖြစ်အယ်။ အေးလို့သော သူဟ လူလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရအယ်။


ငါရဲ့ အတွင်းစိတ်ဟ ဘုရားသခင်ရဲ့ ပညတ်တရားနှိုက် မွေ့လျော်ပါအယ်။


အေးအပြင် ကိုယ်တော်ဟ ကရုဏာထားသော ငါလို့အား သွန်းလောင်းယွေ့ မိမိရဲ့ ဘုန်းအသရေဟို ဖူးမျော်စေရန်လည်း အလိုတော် ဆိအယ်။ ကိုယ်တော် ပြင်ဆင်ထားသူများ ဖြစ်ကြသော ငါလို့အား အေးကြွယ်ဝသော ဘုန်းအသရေဟို ခံစားစေအယ်။


နင်လို့ဟ သတိနဲ့ စောင့်နေကြလော့။ ယုံကြည်ခြင်းနှိုက် တည်ကြလော့။ အစွမ်းသတ္တိနဲ့တကွ ခွန်အားစုံလင်လျက် နေကြလော့။


အားပေမဲ့ ကိုယ်တော်ဟ “ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်” ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။


ဟေအကျောန်းကျောန့် ငါလို့ဟ ပစာခါမျှ စိတ်ပျက် အားမလျော့ကြ။ ငါလို့ရဲ့ ကိုယ်ခန္ဓာဟ တဖြည်းဖြည်း ယိုယွင်းပျက်စီးလျက် ဆိသော်လည်း ငါလို့ရဲ့ ဝိညာဉ်မူ တနေ့ထက်တနေ့ အသစ်ပြုပြင်ခြင်းဟို ခံရအယ်။


သူ့အလင်းဟို မျော်ဖို့ နင့်ရဲ့စိတ်နေလုံး မျက်စေ့ဟို ပွင့်စေယွေ့ ခေါ်သောသူနဲ့ဆိုင်သော မျော်လင့်ခြင်းဟ ပစာဆိုလဲဆိုတာဟို လည်းကောင်း၊ သူရဲ့သန့်ဆှင်းသော လူများဟို ကတိပေးသော အံ့ဩဖွယ်ကောင်းချီးများ စလောက် ကြွယ်ဝတာဟို လည်းကောင်း၊


အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။


အဲလိုမို့ ခရစ်တော် ယေရှုနှိုက် ငါလို့အား မေတ္တာပြရာနှိုက် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ သာမန်ထက်လွန်ကဲတာဟို နောင်ကာလအစဉ်အဆက် လူလို့ သိမျော်နိန်ကြစေရန်ပင် ဖြစ်အယ်။


အဖ ခမည်းတော်ဆေမှာ ဒူးထောက်လျက် ဆုတောင်းအယ်။


ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း


နောက်ဆုံးမှာ၊ သခင်ဘုရားနှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ဆိုင်သော တန်ခိုးအရှိန်အဝါနှိုက် လည်းကောင်း ခွန်အားနဲ့ ပြေ့စုံကြလော့။


ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုလို့ဟို ငါတတ်စွမ်းနိန်အယ်။


ငါရဲ့ ဘုရားသခင်ဟလည်း ဘုန်းအသရေတော်နှိုက် ဆိသော မိမိရဲ့ ကြွယ်ဝမှုနဲ့အညီ နင်လို့ရဲ့ လိုအပ်ချက် ဆိသမျှဟို ခရစ်တော် ယေရှုအားဖြင့် ပြေ့စုံစေလိမ့်မယ်။


နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။


ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။


ဟေသို့ ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာ နင်လို့အပေါင်းဟ ခွန်အားပေးလျက် အချင်းချင်းတယောက်ဟို တယောက် ချစ်ခင်လာစေရန် ဖြစ်အယ်၊ ဟေသို့ဖြစ်ခြင်းကျောန့် နင်လို့ဟ ပီးပြေ့စုံသော သိဆိ နားလည်ခြင်းနဲ့ စိတ်ချမှုဟို ရဆိကြလိမ့်မယ်။ ဟေနည်းအားဖြင့် နင်လို့ဟ ခရစ်တော် တည်းဟူသော ဘုရားသခင်ရဲ့ နက်နဲသောအရာဟို သိဆိကြလိမ့်မယ်။


အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။


မီးအရှိန်ဟို ငြိမ်းစေခြင်း၊ ထားဘေးမှ လွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲနှိုက် ခွန်အားနဲ့ ပြေ့စုံလာယွေ့ တပါးအမျိုးသားလို့ရဲ့ စခန်းများဟို ဖြိုခွင်းခြင်း စလဲ့အမှုများဟို ပြုခဲ့ကြအယ်။


နူးညံ့သိမ်မွေ့ယွေ့ တည်ငြိမ်လဲ့ စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနဲ့ ကင်းလဲ့ စိတ်နေလုံးနဲ့ဆိုင်လဲ့ အတွင်းဝိညာဉ်လူရဲ့ တန်ဆာဆင်ခြင်း ဖြစ်စေကြလော့။ ဟေစာဟ ဘုရားသခင်ဆေ့နှိုက် ရမ်းဆာ့ အဖိုးထိုက်သောအရာ ဖြစ်အယ်။


Lean sinn:

Sanasan


Sanasan