Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 2:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။

Faic an caibideil Dèan lethbhreac




ဧဖက် 2:2
64 Iomraidhean Croise  

လူသားဟ လာသောအခါနှိုက် သူဟ စားလျက်သောက်လျက်နေသော် ‘အေးသူဟို ကျေ့လော့၊ သူဟ စားကြူးသောက်ကြူးသူ ဖြစ်အယ်၊ အခွန်ခံသူလို့နဲ့ အခြားဆိုးသွမ်းသောသူလို့ရဲ့ မိတ်ဆွေ ဖြစ်အယ်’ ဟု ဆိုကြအယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ဟ မန်ကန်ကျောန်းဟို မိမိရဲ့ လုပ်ဆောင်မှုများဟ ဖော်ပြကြအယ်” ဟု မိန့်အယ်။


ဆူးပင်တွင် ကြဲခြင်းခံရတာဟ တရားစကားဟို ကြားသော်လည်း ဟေဖဝါ့ စိုးရိမ်ကျောန့်ကြမှုများနဲ့ စည်းစိမ်ချမ်းသာ ခံစားလိုမှုများဟ တရားတော်မျိုးစေ့ဟို လွှမ်းမိုးသဖြင့် စလိုမျှ အသီးမသီးနိန်သောသူလို့ဟို ဆိုလိုအယ်။


လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။


အားပင်မဲ့ ဖဝါ့အတွက် စိုးရိမ်ကျောန့်ကြစရာများ၊ စည်းစိမ်ချမ်းသာ ခံစားလိုမှုများနဲ့ အခြား လိုအင်ဆန္ဒများ ပေါ်ပေါက်လာပင်းရင် အဲတရားစကားဟို လွှမ်းမိုးသဖြင့် တရားစကားဟ ပစာလိုမျှ အသီး မသီးနိန်။


အေးလို့ လိမ္မာပါးနပ်စွာ လုပ်တတ်သော မရိုးဖြောင့်သော ငွေကြေးဥစ္စာထိန်းသိမ်းလဲ့သူဟို သူဌေးဟ ချီးမွန်းယွေ့၊ ပစာကို့ လောကီသားလို့ဟ မိမိလို့ရဲ့အမှုဟို ဆောင်ရွက်ရာတွင် အလင်းဟို ရောက်သော သူလို့ထက် သာယွေ့ လိမ္မာကြအယ်။


“ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံစပါးဟို ဆန်ကာချသလို နင်လို့အားလုံးဟို စစ်ဆေးဖို့ စာတန်ဟ အခွင့်ရလေပီ။


အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။


ယေရှုနဲ့ သူ့တဘဲ့တော်လို့ဟ ညစာစားလျက် နေအယ်။ ကိုယ်တော်ဟို သစ္စာဖောက်မဲ့အကျောန်း မာရ်နတ်ဟ ရှိမုန် ရှကာရုတ်ရဲ့သား ယုဒ စိတ်နေလုံးနှိုက် အကြံပေးထားပင်း ဖြစ်အယ်။


အဲမုန့်ဟို ခံယူပင်းနောက် စာတန်ဟ သူရဲ့အထဲဟို ဝင်လေအယ်။ ယေရှုဟ ယုဒအား “နင်ပြုရမဲ့အမှုဟို အလျင်အမြန်ပြုလော့” ဟု မိန့်လေအယ်။


နင်လို့နဲ့ များစွာ ပြောတော့မှာ မဟုတ်၊ အဲအကျောန်းမှာ ဟေလောကဟို အုပ်ချုပ်သောသူဟ ရောက်ဆိလာတော့မယ်။ သူဟ ငါ့အပေါ်နှိုက် စလိုအခွင့်အာဏာမျှ မဆိ၊


နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင် လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြလိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်ဆိုင်ဝူး၊ အဲအကျောန်းကျောန့် လောကသားလို့ဟ နင်လို့ဟို မုန်းကြအယ်။


ဟေလောကဟို အစိုးရသောသူဟ တရားစီရင်ခြင်းဟို ခံရပီဖြစ်သောကျောန့် တရားစီရင်အကျောန်းဟို ဖော်ပြမယ်။


လောကီသားလို့ဟ နင်လို့ဟို မမုန်းနိန်၊ အဲလိုလဲ ငါ့ဟို မုန်းကြအယ်၊ ဟေလိုမုန်းကြခြင်းမှာ ငါဟ သူလို့ရဲ့ ဆိုးညစ်သောအကျင့်များဟို ပြောသောကျောန့် ဖြစ်အယ်။


ယေရှုဟလည်း “နင်လို့ဟ အောက်အရပ်သားများ ဖြစ်ကြအယ်၊ အဲလိုလဲ ငါဟ အထက်ဘုံမှ လာအယ်။ နင်လို့ဟ ဟေလောကသားများ ဖြစ်ကြအယ်၊ အဲလိုလဲ ငါဟ ဟေလောကသား မဟုတ်။


နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။


နောက်ဆုံးနှိုက် မြို့စာရေးဟ လူအုပ်ကြီးလို့အား ငြိမ်သက်အောန် လုပ်နိန်ခဲ့အယ်။ “ဧဖက်မြို့သားလို့၊ ဧဖက်မြို့ဟ ကြီးမြတ်လဲ့ အာတေမိရဲ့ ဗိမာန်တော်နဲ့ ခေါန်းခင်ဘုံမှ ကျလာလဲ့ ရုပ်တုတည်ဆိရာ ဌာနဖြစ်ကျောန်းဟို အယောက်ဆီတိုင်း သိကြအယ်။


ပေတရုဟ သူ့အား “အာနနိ၊ နင်ဟ လယ်ရောင်းရလဲ့ ပိတ်ဆန် အချို့တဝက်ဟို မိမိအဖို့ ဖယ်ထားခြင်းအားဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ဝါပင်း စာတန်အား ပစာကျောန့် နင့်ရဲ့ စိတ်နေလုံးဟို စိုးမိုးခွင့်ပေးလုန်း။


နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။


အဲသို့ ရေးထားသော်လည်း မတရားသောမေထုန်နှိုက် မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိန်အထက် လုယူခြင်း၊ ရုပ်တုကိုးကွယ်ခြင်း အမှုဟို ပြုသော လောကီသားလို့နဲ့ အလျှင်းမပေါင်းဖော်ရဟု မဆိုလို။ အဲသို့ဆိုလျှင် နင်လို့ဟ လောကမှ ထွက်သွားရကြလိမ့်မယ်။


နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။


ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။


ငါလို့အား ဟေဆိုးသော အခုကာလမှ ကယ်နုတ်စေရန်အတွက်၊ ခရစ်တော်ဟ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ အလိုတော်ဟို နာခံပင်း ငါလို့ အပစ်များအတွက် မိမိကိုယ်ကို စွန့်အယ်၊


အုပ်စိုးမှု၊ အခွင့်အာဏာ၊ တန်ခိုးနဲ့ အစိုးရခြင်း၊ အခုကာလနှိုက် သာမက နောင်လာမဲ့ ကာလနှိုက် ခေါ်ဆိုအပ်သော နာမအားလုံးလို့ထက် သာလွန်အယ်။


အေးကျောန့် တချိန်ဟ နင်လို့ဟ ဇာတိအားဖြင့် လူမျိုးခြားများ ဖြစ်ကြပင်း ကိုယ်ကာယနှိုက် လက်ဖြင့် အရေဖျားလှီးထားသောသူလို့ဟ နင်လို့ဟို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြတာဟို သတိရကြလော။


အဲလိုလဲ အခုမှာ မခင်ဟ ဝေးကွာသော နင်လို့ဟ ခရစ်တော် ယေရှုနှိုက် ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် အနီးသို့ ရောက်ရကြပီ။


တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။


အေးကျောန့် ငါပြောတာဟ၊ နင်လို့သည် သူလို့ရဲ့ အကြံအစည် အလကားကားဖြစ်သော လူမျိုးခြားလို့ ပြုသလိုမျိုး နောက်ထပ် အသက်ဆှင်မရမယ့်အကျောန်း၊ သခင်ဘုရားနှိုက် တောင်းဆှောက်ကြလော့။


လှည့်စားတတ်သော တပ်မက်မှုများကျောန့် ဖောက်ပြန်ပျက်စီးနေသော အတ္တဟောင်းကို ပယ်ဆှားရန် နင်ရဲ့ မခင် ဖဝါ့လမ်းစဉ်ဟို စွန့်လွတ်ကြလော့။


အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။


နင်ဟ မိုက်နှိုက် ဆိဖူးသော်လည်း နင်ဟ သခင်ဘုရားရဲ့ လူဖြစ်သောကျောန့် နင်ဟ အလင်းနှိုက် ဆိအယ်။ အေးကျောန့် နင်လို့ဟ အလင်းဟို ပိုင်ဆိုင်သော သူများလိုမျိုး နေထိန်ကြလော့။


အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။


မခင်ဟ နင်လို့ရဲ့ ဆိုးညစ်သောအပြုအမူနဲ့ အတွေးခေါ်များဟို ပြုခြင်းအားဖြင့် ဘုရားသခင်နဲ့ ကင်းကွာလျက် ရန်သူ ဖြစ်ကြအယ်။


ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။


ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။


အေးလိုလူဟ စိတ်နေခွဆိသူ၊ ပြုလေသမျှလို့နှိုက် တည်ကြည်မှု မဆိသူဖြစ်သောကျောန့် ထာဝရဘုရား ဆေမှ တစုံတရာဟို ရဆိလိမ့်မယ်ဟု မထင်မှတ်စေနဲ့။


ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။


နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။


အကျောန်းမှာ လူမျိုးခြားလို့ရဲ့ ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယဇ်ခြင်း၊ အပျော်လွန်ကျုးခြင်း၊ သောက်စားခြင်းနဲ့ ပညတ်တရားဟ တားမြစ်ထားလဲ့ ရုပ်တုကိုးကွယ်ခြင်းလို့တွင် ကျင်လည်ခဲ့လဲ့ လွန်ခဲ့သောအချိန်ဟ နင်လို့အတွက် လောက်ပေအယ်။


သူလို့ရဲ့ မျက်စေ့ဟ ဖောက်ပြန်လိုသော ဆန္ဒနဲ့ ပြေ့ယွေ့ အပစ်လုပ်ရာမှ တော်ခြင်း မဆိကြ။ သူလို့ဟ စိတ်မတည်ကြည်သော သူလို့ဟို လှည့်စားဆွဲဆောင်လျက် လောဘလွန်ကျုးခြင်းနှိုက် ကျင့်သားရသော စိတ်နေလုံး ဆိယွေ့ ကျိန်ဆဲခြင်းရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။


ဟေနည်းအားဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များနဲ့ မာရ်နတ်ရဲ့ လူပဲ့သငယ် ကွာခြားပုံဟို သိရအယ်။ အမန်တရားဟို မကျင့်သုံးသူ၊ ညီအကိုဟို မချစ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ မဟုတ်။


အပစ်ဟို ပြုနေသောသူဟ မာရ်နတ်နဲ့ စပ်ဆိုင်သောသူ ဖြစ်အယ်။ အကျောန်းမှာ မာရ်နတ်ဟ ဆေ့ဦးဟပင် အပစ်ပြုလျက် ဆိအယ်။ ဘုရားသခင်ရဲ့ သားတော် ပေါ်ထွန်းခဲ့တာဟ မာရ်နတ်ရဲ့ လုပ်ဆောင်မှုလို့ဟို ပယ်လောရန်အတွက် ဖြစ်အယ်။


လူပဲ့သငယ်လို့၊ နင်လို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်သူများ ဖြစ်ကြယွေ့ မိစ္ဆာပရောဖက်လို့ဟို အောန်နိန်ကြပီ၊ ပစာကို့ နင်လို့ဘက်နှိုက် ဆိသောသူဟ လောကဘက်နှိုက် ဆိသောသူထက် ကြီးမြတ်အယ်။


ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်တာဟို လည်းကောင်း၊ လောကီသားအပေါင်းလို့ဟ မာရ်နတ်ရဲ့ လက်နှိုက် ဆိကြတာဟို လည်းကောင်း ငါလို့ သိကြအယ်။


ပစာကို့ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ လောကဟို အောန်နိန်သောကျောန့် ဖြစ်အယ်။ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် လောကဟို အောန်ခြင်း ဖြစ်အယ်။


အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။


သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


သတ္တမ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို လေထဲဟို သွန်းလောင်းသောအခါ ဗိမာန်တော်ထဲဆိ ပလ္လင်တော်မှ အသံအကျယ်ရီး ထွက်ပေါ်လာယွေ့ “အမှု ပီးပီ” ဟု ဆိုအယ်။


သူဟ မာရ်နတ် စာတန်ဖြစ်လဲ့ ဆေ့မြွေဟောင်း တည်းဟူသော နဂါးဟို ဖမ်းလျက် အနှစ်တထောင် တုပ်ချေထားအယ်။


Lean sinn:

Sanasan


Sanasan