17 ကိုယ်တော်ဟ ကြွလာယွေ့ အဝေးနှိုက် ဆိသော နင်လို့ဟို လည်းကောင်း၊ အနီးနှိုက် ဆိသော သူလို့ဟို လည်းကောင်း သင့်မြတ် ငြိမ်းချမ်းခြင်းနဲ့ဆိုင်သော ကောင်းမြတ်သော သတင်းဟို ဟောပြောအယ်။
အေးနေအိုင်ဟ ထိုက်တန်ရင် နင်လို့ရဲ့ ငြိမ်သက်ခြင်းဟ အဲသူလို့အပေါ် သက်ရောက်မန့်စေ မထိုက်တန်ရင် နင်လို့ရဲ့ ငြိမ်သက်ခြင်းဟ နင်လို့ဆေဟို ပြန်လာပါစေ။
“အဲဟာမဟုတ်ရင် အမျိုးသမီးတဦးနှိုက် ငွေဒင်္ဂါးဆယ်ပြားဆိပင်း တပြားပျောက်သွားအယ်။ သူမဟ မီးဖူးထွန်းယွေ့ နေအိုင်ဟို တံမျက်စဲလှည်းကာ အေးဟာဟို မတွေ့မချင်း သေချာစွာ ဆှာမယ် မဟုတ်လော။
“ခေါန်းခင်ဘဝဂ်ဝယ် ဘုရားသခင်ဟ ဘုန်းကြီးပါစေ၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ဆိစေယွေ့ လူလို့အား မေတ္တာကရုဏာ ဆိစေသတည်း” ဟု မြွက်ဆိုကြအယ်။
ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။
အကျောန်းမှာ ဟေကတိတော်ဟ နင်နဲ့ နင်လို့ရဲ့ လူပဲ့များမှ စယွေ့ အဝေးနှိုက်ဆိသော သူအားလုံးဖြစ်ကြသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရား ခေါ်သော သူလို့အတွက် ဖြစ်အယ်” ဟု ဆိုလေအယ်။
အဲလိုလဲ သူလို့ဟ မယုံကြည်ခဲ့ရင် သူလို့ဟို ဖယ်လို ဆုတောင်းနိန်မလုန်း။ သတင်းစကားဟို သူလို့ မကြားခဲ့ရင် သူလို့ ဖယ်လို ယုံကြည်နိန်မလဲ။ သတင်းစကား ဟောမဲ့သူ မဆိရင် သူလို့ ဖယ်လို ကြားနိန်မလုန်း။
အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောန့် ငါလို့သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းမှုဟို ရကြအယ်။
အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။
သမ္မာတရားဟ ယေရှုနှိုက် ဆိတာနဲ့အညီ နင်လို့ဟ ခရစ်တော်အကျောန်းဟို ကြားနာလျက် ကိုယ်တော်နှိုက် သင်ကြားခြင်းဟို ခံယူခဲ့တာ မန်ရင် ခရစ်တော်နှိုက် အေးလို့နည်းခံခဲ့ကြတာ မဟုတ်။