Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 2:13 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

13 အဲလိုလဲ အခုမှာ မခင်ဟ ဝေးကွာသော နင်လို့ဟ ခရစ်တော် ယေရှုနှိုက် ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် အနီးသို့ ရောက်ရကြပီ။

Faic an caibideil Dèan lethbhreac




ဧဖက် 2:13
41 Iomraidhean Croise  

ဟေသိုးခြံထဲဟ မဟုတ်သော အခြားသိုးလို့ဟိုလည်း ငါပိုင်သေးအယ်။ အေးသိုးလို့ဟိုလည်း ငါဆောင်ခဲ့ရမယ်၊ ငါ့ရဲ့ အသံဟို နားထောင်ပင်း သိုးအုပ်တအုပ်တည်းနဲ့ သိုးထိန်းတယောက်တည်း သူလို့ဟ ဖြစ်လာကြလိမ့်မယ်။


ဘုရားသခင်ဟ မိမိနာမတော်အတွက် လူမျိုးခြားလို့ထဲမှ လူမျိုးဟို ရယူရန် သူလို့ဆေ ဦးစွာ အကျေ့အရှု ကြွလာကျောန်း ရှိမုန် ဆှင်းပြခဲ့ပီ။


အကျောန်းမှာ ဟေကတိတော်ဟ နင်နဲ့ နင်လို့ရဲ့ လူပဲ့များမှ စယွေ့ အဝေးနှိုက်ဆိသော သူအားလုံးဖြစ်ကြသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရား ခေါ်သော သူလို့အတွက် ဖြစ်အယ်” ဟု ဆိုလေအယ်။


အဆှင်ဟ ‘သွားလော့၊ ရပ်ဝေးဆိ လူမျိုးခြားလို့ဆေ နင့်ဟို ငါ စေလွှတ်လိမ့်မယ်’ ဟု ငါ့ဟို ပြောခဲ့အယ်။”


နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။


အေးကျောန့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလို့ဟ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။


ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။


အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။


နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။


အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။


အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။


ပေါလုဟ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော် ဖြစ်အယ်။ ခရစ်တော် ယေရှုနှိုက် သစ္စာဆိယွေ့ ဧဖက်မြို့နှိုက်ဆိသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော လူလို့အား စာရေးလိုက်ပါအယ်။


အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။


ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။


အေးအချိန်တွင် နင်ဟ ခရစ်တော်နဲ့ ကွဲကွာနေခဲ့ကြအယ်။ ဣသရေလနိုင်ငံသား ဖြစ်ခွင့်မှ ဖယ်ထုတ်ထားသော ကတိတော်ရဲ့ ပဋိညာဉ်များတွင် နိုင်ငံခြားသားများနဲ့ မသက်ဆိုင်၊ ဟေလောကနှိုက် မျှော်လင့်ခြင်း မဆိ၊ ဘုရားမဲ့လျက် နေခဲ့ကြအယ်။


အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။


အဲပင်းရင် ခရစ်တော် ယေရှုနှိုက် ငါလို့ဟို ကိုယ်တော်နဲ့အတူ ထမြောက်စေယွေ့ အထက်ခေါန်းခင် အရပ်နှိုက် ကိုယ်တော်နဲ့အတူ ထိန်စေအယ်။


အဲပထမ ပဋိညာဉ်ပင် အသွေးဖြင့် အတည် ဖြစ်အယ်။


အကျောန်းမှာ ခရစ်တော်ဟ နင့်အား အပစ်များအတွက် တခါတည်း အသေခံခဲ့အယ်။ နင်လို့ဟို ဘုရားသခင်ဆေဟို ပို့ဆောင်မဲ့အကျောန်း ဖြောင့်မတ်သောသူဟ မဖြောင့်မတ်သောသူလို့ ကိုယ်စား ဒုက္ခဝေဒနာဟို ခံစားစေအယ်။ ကိုယ်တော်ဟ ကိုယ်ကာယနှိုက် အမန်အသေခံသော်လည်း ဝိညာဉ်တော်နှိုက် အသက်ဆှင်အယ်။


အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။


Lean sinn:

Sanasan


Sanasan