1 အတိတ်ကာလနှိုက် နင်ဟ နင့်ရဲ့မနာခံမှုနဲ့ အပစ်များကျောန့် ဝိညာဉ်ရေးအရ သေဆုံးသွားခဲ့အယ်။
ယေရှုဟလည်း “ငါ့နောက်သို့ လိုက်လော့၊ လူသေလို့ဟ မိမိလူသေလို့ဟို သင်္ဂြိုဟ်မန့်လေစေ” ဟု မိန့်အယ်။
ငါ့သားဟ မခင်ဟ သေခဲ့ပေမဲ့လည်း အခု သူဟ ပြန်ဆှင်လာအယ်။ မခင်ဟ ပျောက်ဆုံးခဲ့ပေမဲ့လည်း အခု ပြန်ယွေ့ တွေ့ပီ’ ဟု ဆိုလေအယ်။ အဲပင်းရင် သူလို့ဟ ပျော်မွေ့ခြင်းဟို ပြုကြအယ်။
အဲလိုလဲ နင့်ညီဟ သေဆုံးခဲ့ပေမဲ့လည်း အသက်ဆှင်လာအယ်။ ပျောက်သွားခဲ့ပေမဲ့လည်း ပြန်တွေ့ရပီ။ အေးလို့မို့ ငါလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြအယ်’ ” ဆိုပင်း ပြန်ဖြေအယ်။
သူခိုးဟ ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းဖို့သာ လာတတ်အယ်၊ ငါဟတော့ သိုးလို့ဟို အသက်ရဆိစေဖို့ သာမက — အဲအသက်ဟို ပြေ့စုံစေဖို့ လာခြင်းဖြစ်အယ်။
ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။
နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။
ပစာကို့ ခရစ်တော် ယေရှုအားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်သော ဝိညာဉ်တော်ရဲ့ ပညတ်တရားဟ သေခြင်းနဲ့ အပစ်တရားလက်မှ ငါ့ဟို လွတ်မြောက်စေသောကျောန့် ဖြစ်အယ်။
ကျမ်းစာလာတာဟ “ပထမ လူအာဒံဟ အသက်ဆှင်သောသူ ဖြစ်လာအယ်” ဟု ဖော်ပြအယ်။ နောက်ဆုံးဖြစ်သော အာဒံဟလည်း အသက်ဟို ရဆိစေသော ဝိညာဉ် ဖြစ်အယ်။
တယောက်သောသူဟ လူအပေါင်းလို့အတွက် အသေခံသဖြင့် လူအပေါင်းလို့ဟ အဲသူနဲ့အတူ အသေခံကြကျောန်းဟို ငါလို့ အခုသိကြပီ ဖြစ်ယွေ့ ငါလို့ဟို ခရစ်တော်ရဲ့ မေတ္တာဟ လွှမ်းမိုးလျက် ဆိအယ်။
အေးသူလို့ဟ မိမိလို့ စိတ်နေလုံး မာကျောမှုနဲ့ သူလို့အထဲနှိုက်ဆိလဲ့ မသိနားမလည်မှုလို့ကျောန့် အသိဉာဏ် မိုက်ဖုံးယွေ့ ဘုရားသခင်ရဲ့ အသက်နဲ့ ကင်းကွာလျက် ဆိကြအယ်။
အကျောန်းမှာ ထင်ဆှားသော ပစာအရာမဆို ဆှင်းလင်းယွေ့ အလင်း ဖြစ်လာလိမ့်မယ်။ အဲလိုမို့ “အိပ်မွေနေသောသူ၊ ထလော့ အားပင်း သေခြင်းမှ ထမြောက်လော့၊ အားပင်း ခရစ်တော်ဟ နင့်အပေါ်နှိုက် ထွန်းလင်းလိမ့်မယ်” ဟု ဆိုအယ်။
နင်လို့ဟ အရင်အချိန်ဟ အပစ်ကျူးလွန်သူများ ဖြစ်ကြသောကျောန့် လည်းကောင်း၊ ပညတ်တရားဟို မခံယူသော လူမျိုးခြား ဖြစ်သောကျောန့် လည်းကောင်း ဝိညာဉ်ရေးအရ သေသောသူများ ဖြစ်ကြအယ်။ အဲလိုလဲ ဘုရားသခင်ဟ နင်လို့အား ခရစ်တော်နဲ့အတူ အသက်ဆှင်စေအယ်။ ဘုရားသခင်ဟ ငါလို့ရဲ့ အပစ်အလုံးစုံဟို ဖြေလွှတ်ယွေ့၊
အားပေမဲ့ အပျော်အပါးလိုက်စားသော မုဆိုးမဟ အသက်ဆှင်လျက်ပင် အသေ ဖြစ်အယ်။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
“သာဒိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဘုရားသခင်ရဲ့ ဝိညာဉ်ခုနေပါးနဲ့ ကြယ်ခုနေလုံးဆိသော သူဟ ဟေလို မိန့်အယ်။ နင်ရဲ့ လုပ်ဆောင်မှုများဟို ငါသိအယ်။ နင်ဟ အသက်ဆှင်နေတာဟု နာမယ် ခံထားသော်လည်း သေသောသူ ဖြစ်အယ်။