Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 1:8 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

8 ဟေမျှလောက်ကြီးသော ပမာဏကို ငါလို့အား ပေးအယ်။ သူရဲ့ ဉာဏ်ပညာနဲ့ ထိုးထွင်း သိမြင်သမျှအားဖြင့်၊

Faic an caibideil Dèan lethbhreac




ဧဖက် 1:8
17 Iomraidhean Croise  

လူသားဟ လာသောအခါနှိုက် သူဟ စားလျက်သောက်လျက်နေသော် ‘အေးသူဟို ကျေ့လော့၊ သူဟ စားကြူးသောက်ကြူးသူ ဖြစ်အယ်၊ အခွန်ခံသူလို့နဲ့ အခြားဆိုးသွမ်းသောသူလို့ရဲ့ မိတ်ဆွေ ဖြစ်အယ်’ ဟု ဆိုကြအယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ဟ မန်ကန်ကျောန်းဟို မိမိရဲ့ လုပ်ဆောင်မှုများဟ ဖော်ပြကြအယ်” ဟု မိန့်အယ်။


ဘုရားသခင်ရဲ့ အသိပညာနဲ့ ဉာဏ်ပညာ၊ ချမ်းသာကြွယ်ဝမှုဟ ရမ်းဆာ့ နက်နဲလှပါလား။ ကိုယ်တော်ရဲ့ စီရင်ဆုံးဖြတ်များဟို ဆှင်းပြနိန်သူ မဆိပါလား။ ကိုယ်တော်ရဲ့ နည်းလမ်းများဟို နားလည်နိန်သောသူ မဆိပါလား။


အဲလိုလဲ သူလို့ နေဦးလုံးဟ မတူကြဝူး။ ပစာကို့ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ဟ အာဒံရဲ့ အပစ်ကျူးလွန်ပုံနဲ့ မတူဝူး။ အပစ်ဆိလဲ့ လူတယောက်ကျောန့် ရမ်းဆာ့လူများဟ သေကြတာ မန်အယ်။ အဲလိုလဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပိုပင်း ကြီးမားအယ်။ တခြားတဦးဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ရမ်းဆာ့သော လူများရဆိလဲ့ အလကားကား ဆုကျေးဇူးဟလည်း ပိုပင်းကြွယ်ဝအယ်။


ငါဟ ဘုရားသခင်ရဲ့ နက်နဲသော ပညာအကျောန်းဟို ဟောပြောအယ်၊ အဲဉာဏ်ပညာဟ လူလို့ဆေမှ ဘုရားသခင် လျှို့ဝှက်ထားသောအရာ ဖြစ်အယ်၊ အားပေမဲ့ ငါလို့ ဘုန်းအသရေ ခံစားရစေရန် လောကဟို ဖန်ဆင်းတော်မမူမီပင် ဘုရားသခင်ရဲ့ ဉာဏ်ပညာ ဖြစ်အယ်။


အရာခပ်သိမ်းဟ ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ ဆုံးဖြတ်ချက်အတိုင်း ပီးမြောက်ပင်း ဘုရားသခင်ဟ ငါလို့အား သူရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်ကျောန့် ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် ငါလို့ဟို ရွေးချယ်ခဲ့အယ်။ အစကတည်းဟ သူဆုံးဖြတ်ခဲ့တာကို အခြေခံတယ်။


အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။


ဘုရားသခင်ဟ သူရည်ရွယ်ထားလဲ့အတိုင်း လုပ်ဆောင်ခဲ့ပင်း ခရစ်တော်အားဖြင့် ပီးမြောက်ရန် သူဆုံးဖြတ်ထားပီးသော လျှို့ဝှက်အစီအစဉ်ဟို ငါလို့အား အသိပေးခဲ့အယ်။


အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။


အဲသူဟ အောင်းထားသော ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အသိပညာ ဘဏ္ဍာလို့ဟို ဖွင့်ပြလဲ့ သော့ ဖြစ်အယ်။


ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။


သူလို့ဟ ကျယ်လောင်သော အသံဖြင့်၊ “အသေသတ်ခြင်း ခံရသော သိုးသငယ်ဟ တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေနဲ့ ကောင်းချီးမင်္ဂလာလို့ဟို ခံယူထိုက်သောသူ ဖြစ်အယ်” ဟု ကြွေးကြော်အယ်။


Lean sinn:

Sanasan


Sanasan