23 အသင်းတော်ဟ အလုံးစုံလို့ဟို ပြေ့ဝ စုံလင်စေသော ပြေ့ဝစုံလင်ခြင်းတည်းဟူသော ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်အယ်။
ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေ့စုံကြွယ်ဝတာနဲ့အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု ချပေးအယ်။
အကျောန်းမှာ အာဏာဆိသူ အပစ်ပေးမှာဟို ကြောက်သောကျောန့် သာမက မိမိအသိစိတ်အတွက်ကျောန့်လည်း အာဏာဟို နာခံရမယ်။
အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ဆိအယ်။ အားပေမဲ့ လူအသီးသီးနှိုက် ဆိသော စွမ်းရည်များဟို ပေးသော ဘုရားသခင်ဟ တပါးတည်း ဆိအယ်။
အားပေမဲ့ ခပ်သိမ်းသောအရာလို့ဟို သားတော်အား အုပ်စိုးစေသောအခါ မိမိခြေဖဝါးအောက်သို့ ခပ်သိမ်းသောအရာဟို ချထားသော ဘုရားသခင်ရဲ့ အုပ်စိုးခြင်းဟို သားတော်တတ်တိုင်းပင် ခံယူလိမ့်မယ်။ အဲအခါ ဘုရားသခင်ဟ ခပ်သိမ်းသောအရာလို့ဟို လုံးလုံး အုပ်စိုးလိမ့်မယ်။
အားပင်း လက်ဝါးကပ်တိုင်အားဖြင့် ရန်ငြိုးဟို သုတ်သင်ပင်း လက်ဝါးကပ်တိုင်အားဖြင့် ငါလို့နေမျိုးလုံးဟို ခန္ဓာကိုယ် တခုတည်းနှိုက် ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေရန် ဖြစ်အယ်။
အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
အသိပညာထက် ထူးကဲသော ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ဟို သိဆိယွေ့ ဘုရားသခင်ရဲ့ ပြေ့စုံခြင်းအားလုံးလို့ဖြင့် ပြေ့စုံခြင်းဟို ရောက်ကြမဲ့အကျောန်း ငါ ဆုတောင်းအယ်။
ဆင်းသက်သောသူဟ စကြဝဠာတခုလုံးကို ပြေ့စုံစေခြင်းငှာ ခေါန်းခင်တခွင်လုံးထက် မြင့်သောအရပ်ဟို တက်သောသူလည်း ဖြစ်အယ်။
အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။
အေးတာဟ ငါလို့အားလုံးဟ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ သားတော်ဟို သိခြင်းလို့နှိုက် တလုံးတဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်ရဲ့ ပြေ့စုံခြင်း အတိုင်းအတာ ပမာဏဟို ရောက်သည့်တိုင်အောန် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ဆှင်းသူလို့ဟို ပြင်ဆင်ထားရန်ဖြစ်အယ်။
နင်လို့ဟို ခေါ်စဉ်တွင် မျော်လင့်ခြင်းသို့ ခေါ်ဆောင်ခြင်းခံရသလိုမျိုး ကိုယ်ခန္ဓာတပါးတည်းနဲ့ ဝိညာဉ်တော်တပါးတည်း ဆိအယ်။
ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
သူလို့ဟ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းတည်းဟူသော ခရစ်တော်ဟို မှီခိုအားကိုးမှု မဆိကြပေ။ ခရစ်တော်ရဲ့ ထိန်းချုပ်မှုအောက်တွင် အဆစ်များနဲ့ အရိုးချင်းဆက်ပေးလဲ့ အရွတ်များဖြင့် ကိုယ်ခန္ဓာ တခုလုံးဟို အားဖြည့်ကာ ဘုရားသခင်ရဲ့ အလိုတော်ဆိလဲ့အတိုင်း ကြီးပွားတတ်အယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။