21 အုပ်စိုးမှု၊ အခွင့်အာဏာ၊ တန်ခိုးနဲ့ အစိုးရခြင်း၊ အခုကာလနှိုက် သာမက နောင်လာမဲ့ ကာလနှိုက် ခေါ်ဆိုအပ်သော နာမအားလုံးလို့ထက် သာလွန်အယ်။
လူသားဟို ပစ်မားပြောဆိုသူဟ အပစ်ဖြေလွှတ်နိန်ပေမဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပစ်မားပြောဆိုသောသူဟ အခုဖဝါ့ နောင်ဖဝါ့တွင် အပစ်ဖြေလွှတ်လိမ့်မယ် မဟုတ်။
ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။
အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။
အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။
နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
အဲလက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်ဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အာဏာဆိသူလို့ရဲ့ တန်ခိုးဟို ပယ်ဆှားပင်းနောက် အဲသူလို့ဟို သုံ့ပန်းများအဖြစ် ပွဲဆန်လှည့်ရာတွင် နောက်မှ လိုက်စေကာ လူအပေါင်းလို့အား ပြအယ်။
သားတော်အား ဘုရားသခင် ပေးအပ်သော ဘွဲ့နာမဟ ခေါန်းခင်တမန်လို့ရဲ့ ဘွဲ့နာမထက် ကြီးမြတ်လဲ့နည်းတူ သားတော်ဟ ခေါန်းခင်တမန်များထက် သာလွန်ကြီးမြတ်အယ်။
အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ ပြောဆိုနေသော နောင်လာမဲ့ ကမ္ဘာအား အုပ်စိုးရခွင့်ဟို ခေါန်းခင်တမန်လို့အား ပေးအပ်မှာ မဟုတ်။
အဲကျောန့် ခေါန်းခင်လို့ဟို ဖြတ်ယွေ့ ကြွလာလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း တည်းဟူသော ဘုရားသခင်ရဲ့ သားတော် ယေရှုဟ ငါလို့နှိုက် ဆိတာဖြစ်ယွေ့ ငါလို့ ယုံကြည်ဝန်ခံသောအရာဟို စွဲကိုင်ထားကြလော့။
အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။