ဧဖက် 1:19 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား19 ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ပြေ့စုံသော တန်ခိုးအရှိန်အဝါရဲ့ လုပ်ဆောင်မှုအားဖြင့် ယုံကြည်သော ငါလို့အပေါ်သက်ရောက်လဲ့ ကိုယ်တော်ရဲ့ တန်ခိုးဟ စလောက် ထူးကဲကြီးမားတာဟို လည်းကောင်း နင်လို့အား သိဆိစေမဲ့အကျောန်း တောင်းဆှောက်အယ်။ ငါလို့အထဲနှိုက် လုပ်ဆောင်လျက်ဆိသော တန်ခိုးတော်ဟ Faic an caibideil |
အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။
အေးကျောန့် ငါလို့ဟ နင်လို့အတွက် အမြဲဆုတောင်းပေးအယ်။ ငါလို့ရဲ့ ဘုရားသခင်ဟ နင်လို့အား အသက်ဆှင်ရန် ခေါ်လဲ့ အသက်နဲ့ ထိုက်တန်စေရန် ငါလို့ တောင်းဆိုအယ်။ ကိုယ်တော်ဟ နင်လို့ရဲ့ ကောင်းမြတ်သော အမှုဟို ပြုချင်သော စေတနာစိတ်ဆိသမျှနဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော လုပ်ဆောင်သော အမှုလို့ဟို တန်ခိုးတော်အားဖြင့် နင်လို့နှိုက် ပြေ့စုံပါစေသော။
ဟောပြောသောသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူဟ ဘုရားသခင် ပြင်ဆင်ပေးသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ အေးစာဟ ဘုရားသခင်သည် အရာအားလုံးနဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုန်းတော်ထင်ဆှားမဲ့အကျောန်း ဖြစ်အယ်။ အေးသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေနဲ့ တန်ခိုးအရှိန်အဝါ ဆိပါစေသော။ အာမင်။