Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 1:11 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

11 အရာခပ်သိမ်းဟ ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ ဆုံးဖြတ်ချက်အတိုင်း ပီးမြောက်ပင်း ဘုရားသခင်ဟ ငါလို့အား သူရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်ကျောန့် ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် ငါလို့ဟို ရွေးချယ်ခဲ့အယ်။ အစကတည်းဟ သူဆုံးဖြတ်ခဲ့တာကို အခြေခံတယ်။

Faic an caibideil Dèan lethbhreac




ဧဖက် 1:11
40 Iomraidhean Croise  

လူမျိုးခြားလို့ဟ အဲစကားဟို ကြားသောအခါ ရွှင်လန်းဝမ်းမြောက်ပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ချီးမွန်း ပြောဆိုကြအယ်။ ထာဝရ အသက်ရဆိရန် ရွေးကောက်ခြင်း ခံရသူလို့ဟ ယုံကြည်သူများ ဖြစ်လာကြအယ်။


ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။


အကျောန်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို နင်လို့အား အကုန်အစင် ပြောပြခြင်းအမှုဟို ငါဟ မဆှောင်မလွဲဘဲ ပြုခဲ့အယ်။


“အခု နင်လို့အား ဘုရားသခင်နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်နဲ့ဆိုင်သော နှုတ်ကပတ်တော်နှိုက် လည်းကောင်း ငါ အပ်နှံအယ်။ နှုတ်ကပတ်တော်ဟ နင်လို့ဟို တည်ဆောက်မြှင့်တင်လျက် သန့်ဆှင်းစေခြင်း ခံရသောသူ အပေါင်းလို့နဲ့အတူ အမွေဟို ရဆိစေနိန်စွမ်း ဆိအယ်။


နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။


ကိုယ်တော်ရဲ့ တန်ခိုးတော်နဲ့ အလိုတော်လို့အားဖြင့် ဖြစ်ပျက်လာရန် ကြိုတင် သတ်မှတ် ထားသမျှသောအရာလို့ဟို ပြုခဲ့ကြပီ။


ကျမ်းစာဟောတာဟ၊ “စသူဟ ဘုရားသခင်ရဲ့ စိတ်ဟို သိနိန်လုန်း။ စသူဟ ကိုယ်တော်အား အကြံဉာဏ်ပေးနိန်လုန်း။


အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။


ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။


ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။


အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။


အဲလိုလဲ အမွှာမမွေးခင် အဲဟာမဟုတ်ရင် အကောင်းအဆိုး တခုခုဟို မပြုလုပ်ခင် ရွေးကောက်ခြင်းဆိုင်ရာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် တည်မြဲစေရန်ဖြစ်အယ်။


အကျောန်းမှာ ဘုရားသခင်ရဲ့ ဆုကျေးဇူးဟ ပညတ်တရားပေါ်မှာ မူတည်တာဆိုရင် ကတိတော်ပေါ်တွင် မူတည်တော့မယ် မဟုတ်ပါ။ စလိုဖြစ်ဖြစ် ဘုရားသခင်ဟ အာဗြဟံအား အေးလက်ဆောင်ဟို ပေးခဲ့သော ကတိတော်ကျောန့် ဖြစ်အယ်။


ဝိညာဉ်တော်ဟ မိမိလူလို့ဟို ဘုရားသခင် ကတိပြုထားလဲ့အတိုင်း ငါလို့ ခံစားရမယ် ဖြစ်ပင်း ဘုရားသခင်ဟ မိမိပိုင်သောသူလို့အား လုံးလုံးလျားလျား လွတ်မြောက်ခြင်း ခွင့်ပေးမယ် ဖြစ်ကျောန်း ငါလို့အား အာမခံအယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ငါလို့ ချီးမွန်းကြပါစို့။


သူ့အလင်းဟို မျော်ဖို့ နင့်ရဲ့စိတ်နေလုံး မျက်စေ့ဟို ပွင့်စေယွေ့ ခေါ်သောသူနဲ့ဆိုင်သော မျော်လင့်ခြင်းဟ ပစာဆိုလဲဆိုတာဟို လည်းကောင်း၊ သူရဲ့သန့်ဆှင်းသော လူများဟို ကတိပေးသော အံ့ဩဖွယ်ကောင်းချီးများ စလောက် ကြွယ်ဝတာဟို လည်းကောင်း၊


ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ငါလို့ဟို သူရဲ့ လူပဲ့သငယ်များ ဖြစ်စေရန် ဆုံးဖြတ်ထားပင်း၊ အေးစာဟ သူရဲ့အလိုတော်နဲ့ ရည်ရွယ်ချက် ဖြစ်အယ်။


ဟေမျှလောက်ကြီးသော ပမာဏကို ငါလို့အား ပေးအယ်။ သူရဲ့ ဉာဏ်ပညာနဲ့ ထိုးထွင်း သိမြင်သမျှအားဖြင့်၊


ဘုရားသခင်ဟ သူရည်ရွယ်ထားလဲ့အတိုင်း လုပ်ဆောင်ခဲ့ပင်း ခရစ်တော်အားဖြင့် ပီးမြောက်ရန် သူဆုံးဖြတ်ထားပီးသော လျှို့ဝှက်အစီအစဉ်ဟို ငါလို့အား အသိပေးခဲ့အယ်။


ဘုရားသခင်ဟ သူရဲ့ထာရ ရည်ရွယ်ချက်အရ ဟေအရာဟို ပြုခဲ့အယ်။ ငါလို့ အဆှင် ခရစ်တော် ယေရှုအားဖြင့် အောင်မြင်အယ်။


နင်လို့ဟ သခင် ခရစ်တော်ဟို အစေခံကြတာ ဖြစ်ယွေ့ ဆုလာဘ်ဟို သခင်ဘုရားဆေမှ ရမယ်ဖြစ်ကျောန်း သိမှတ်ကြလော့။ ခရစ်တော်သာ နင်လို့ရဲ့ သခင် အစစ်မန် ဖြစ်အယ်။


ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။


အေးလို့မို့ ငါလို့ဟ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်တာ ဟု အသိအမှတ်ပြုခြင်းခံရလျက် ငါလို့ မျော်လင့်လဲ့ ထာဝရအသက်ဟို အမွေခံဖြစ်လာကြမဲ့ အကျောန်းဖြစ်အယ်။


ဘုရားသခင်ဟ မိမိအကြံအစည်တော်ဟို ပြောင်းလဲမယ် မဟုတ်ကျောန်းဟို ကတိတော်ဆိုင်ရာ ဆုကျေးဇူးများ ခံယူရမဲ့ သူလို့အား ရမ်းဆာ့ ဆှင်းလင်းစွာ ဖော်ပြလိုအယ်၊ အဲလိုမို့ ကိုယ်တော်ဟ တိုင်တည်ကျိန်ဆိုခြင်း အားဖြင့် ကတိပြုခြင်း ဖြစ်အယ်။


ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။


ဘုရားသခင်ဟ မိမိလူမျိုးအတွက် စောင့်ဆှောက်ပေးသော ကြွယ်ဝသော ကောင်းချီးများကို ပိုင်ဆိုင်ရန် ငါလို့ မျှော်လင့်ပါအယ်။ နင်လို့အတွက် ခေါန်းခင်ဘုံနှိုက် သိမ်းထားလဲ့ ယိုယွင်းပျက်စီးခြင်း၊ စုတ်ပဲ့ခြင်းနဲ့ မှေးမိန်ခြင်းလို့ မဆိသော အမွေတော်ထဲဟိုလည်းကောင်း အသစ်တခါ မွေးဖွားစေအယ်။


နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။


Lean sinn:

Sanasan


Sanasan