4 အဲနက်နဲသောအရာဟို ဟောပြောသင့်လဲ့အတိုင်း ဆှင်းလင်းစွာ ငါဟောပြောနိန်ရန်လည်း ဆုတောင်းပေးကြလော့။
ထာဝရဘုရား၊ အခု အေးသူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို ရှုမှတ်ပင်း ကိုယ်တော်ရဲ့ အစေခံလို့အား တရားတော်ဟို ရဲရင့်စွာ ဟောပြောနိန်ခွင့်ဟို ပေးသနားပါ။
ပေတရုနဲ့ တခြား တမန်တော်လို့ဟ “ငါလို့သည် လူအမိန့်ထက် ဘုရားသခင် အမိန့်တော်ဟို နားထောင်ရမယ်။
ငါလို့ဟ ဟေသို့သော မျော်လင့်ခြင်း ဆိသောကျောန့်၊ ရမ်းဆာ့ ရဲရင့်ကြအယ်။
ငါဟ ဟေကောင်းမြတ်သော သတင်းအတွက် သံကြိုးနဲ့ တုတ်ချေထားခြင်း ခံရသော သံတမန်ဖြစ်အယ်။ ဟေလို့ တုတ်ချေခံရသော်လည်း ငါဟ ဟောပြောသင့်လဲ့အတိုင်း ရဲရင့်စွာ ဟောပြောနိန်ရန် ဆုတောင်းပေးကြလော့။
နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။
နင်လို့ပြောသောစကားဟ နားဝင်ချိုယွေ့ စိတ်ဝင်စားဖွယ် ဖြစ်စေကြလော့၊ မေးမြန်းသူတိုင်းအား စလို လျောက်ပတ်စွာ ပြန်လည် ဖြေကြားရမယ်ဟို နင်လို့ လေ့လာထားကြလော့။