6 အဲအမှုများကျောန့် ဘုရားသခင်ရဲ့ အမျက်တော်ဟ နာခံမှု မဆိသော သူလို့အပေါ်သို့ သက်ရောက်လာလိမ့်မယ်။
ဘုရားသခင်ရဲ့ အမျက်တော်ဟ ခေါန်းခင်မှ ထင်ဆှားလျက် သမ္မာတရားဟို မတရားမှုဖြင့် တားဆီးပိတ်ပင်သော လူလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ မတရားမှု အလုံးစုံလို့ အပေါ်သို့ သက်ရောက်အယ်။
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။
သူလို့ရဲ့ မျက်စေ့ဟ ဖောက်ပြန်လိုသော ဆန္ဒနဲ့ ပြေ့ယွေ့ အပစ်လုပ်ရာမှ တော်ခြင်း မဆိကြ။ သူလို့ဟ စိတ်မတည်ကြည်သော သူလို့ဟို လှည့်စားဆွဲဆောင်လျက် လောဘလွန်ကျုးခြင်းနှိုက် ကျင့်သားရသော စိတ်နေလုံး ဆိယွေ့ ကျိန်ဆဲခြင်းရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။