2 မြေကြီးပေါ်နှိုက် ဆိသောအရာများဟို စိတ်မစွဲလမ်းဘဲ အထက်အရပ်နှိုက် ဆိသောအရာလို့ဟို စိတ်စွဲလမ်းကြလော့။
ယေရှုဟ လှည့်ယွေ့ ပေတရုအား “အချင်းစာတန်၊ ငါ့နောက်ဟို ဆုတ်လော့။ နင်ဟ ငါမှောက်မားလမ်းလွဲစေသူ ဖြစ်အယ်။ နင်ဟ ဘုရားသခင်ရဲ့ ရှုထောင့်ဟ မတွေးဘဲ လူရဲ့ ရှုထောင့်ဟသာ တွေးအယ်” ဟု မိန့်အယ်။
“သံချေးနဲ့ ပိုးရွ ဖျက်ဆီးယွေ့ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာဟို နင်လို့အတွက် မဆည်းပူးကြနဲ့။
အေးသူဟ သူလို့အားလုံးဟို “လောဘအမျိုးမျိုးဟို သတိနဲ့ဆောင်ကြလော့၊ ပစာကို့ စလောက်ပဲ ချမ်းသာပါစေ၊ နင့်ရဲ့ စစ်မန်လဲ့ ဖဝါ့ဟာ နင်ပိုင်ဆိုင်ထားလဲ့ အရာတွေအပေါ်မှာ မတည်” ဟု မိန့်အယ်။
အဲလိုမို့ နင်လို့မှာ ဟေလောကစည်းစိမ်နဲ့ ပတ်သက်ပင်း သစ္စာမဆိရင်၊ နင်လို့အား စစ်မန်လဲ့ချမ်းသာမှုဟို စလို ပေးအပ်နိန်မာလဲ။
ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။
နင်လို့ဟ ခရစ်တော်နဲ့အတူ သေခြင်းမှ ဆှင်ပြန်ထမြောက်ကြပီ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ခရစ်တော် ထိန်လျက်နေရာ ခေါန်းခင်ဘုံနှိုက် ဆိသောအရာလို့ဟို နင်လို့ စိတ်နေလုံးနှိုက် တောင့်တကြလော့။
အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။