Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ကောလောသဲ 3:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။

Faic an caibideil Dèan lethbhreac




ကောလောသဲ 3:16
62 Iomraidhean Croise  

အေးနောက် သူလို့ဟ ချီးမွန်း သီချင်းဆိုပင်းနောက် သံလွင်တောင်ဟို ထွက်သွားကြအယ်။


အဲပင်း ယေရှုဟ မိဖလို့နဲ့အတူ ပြန်သွားယွေ့ နာဇရက်မြို့ဟို ရောက်သောအခါ သူလို့ စကားဟို နားထောင်ပင်း နေအယ်။ သူ့ရဲ့ မေ့ဟ အေးအဖြစ်အပျက် အကုန်လုံးဟို သူမရဲ့ စိတ်နေလုံးထဲမှာ မှတ်ထားအယ်။


နင်လို့ဟ ငါနှိုက် တည်ယွေ့ ငါ့စကားဟ နင်လို့နှိုက် တည်ရင်၊ နင်လို့ လိုချင်သမျှဟို တောင်းကြလော့၊ နင်လို့ လိုချင်သောအရာလို့အတွက် တောင်းယွေ့ နင်လို့ဟ အဲအရာလို့ဟို ရကြလိမ့်မယ်။


အဲလိုမို့ ယုံကြည်ခြင်းဟ နှုတ်ကပတ်တော်ဟို ကြားနာခြင်းအားဖြင့် လာအယ်။ ယုံကြည်ခြင်းဟ ခရစ်တော်အကျောန်း ဟောပြောခြင်းမှ လာအယ်။


ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။


အဲလိုမို့ စလို ငါ ပြုရမလုန်း။ ငါဟ စိတ်ဝိညာဉ်အားဖြင့် ဆုတောင်းရမယ်၊ အသိဉာဏ်အားဖြင့်နဲ့လည်း ဆုတောင်းရမယ်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆိုရမယ်။ အသိစိတ်အားဖြင့်လည်း သီဆိုရမယ်။


ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့ ဖြစ်အယ်။ ဝတ်ပြုကိုးကွယ်ရန် နင်လို့ စုဝေးကြသောအခါ တယောက်သောသူဟ သီချင်းအော်ခြင်း၊ နောက်တယောက်ဟ သွန်သင်ခြင်း၊ နောက်တယောက်ဟ ဗျာဒိတ်တော်ဟို ပြန်ကြားခြင်း၊ နောက်တယောက်ဟ အခြားသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ နောက်တယောက်ဟ အနက်ဖော်ပြခြင်းလို့ဟို ဆောင်ရွက်ကြလော့။ နင်လို့ ဆောင်ရွက်သမျှသော အမှုလို့ဟ အသင်းဝင်သူအပေါင်းအား အကျိုးပြုရမယ်။


ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ဘုရားသခင်တည်းဟူသော ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ခမည်းတော်ဟ မိမိဟို သိဆိစေရန် ဉာဏ်ပညာနဲ့ ဗျာဒိတ်တော်ဆိုင်ရာ ဝိညာဉ်တော်ဟို နင်လို့အား ပေးမဲ့အကျောန်းနဲ့


အေးကျောန့် မရူးမိုက်ပဲ သခင်ဘုရားရဲ့အလိုတော်ဟ စလိုအရာဖြစ်တာဟို နားလည်ကြလော့။


ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်းများဟို အချင်းချင်းသီဆိုလျက် သခင်ဘုရားဆေဟို နင်လို့ရဲ့ စိတ်နေလုံးထဲမှ သီဆိုကျူးဧကြလော့။


နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊


အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။


အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။


နင်လို့ပြောသောစကားဟ နားဝင်ချိုယွေ့ စိတ်ဝင်စားဖွယ် ဖြစ်စေကြလော့၊ မေးမြန်းသူတိုင်းအား စလို လျောက်ပတ်စွာ ပြန်လည် ဖြေကြားရမယ်ဟို နင်လို့ လေ့လာထားကြလော့။


ပစာကို့ သခင်ဘုရားရဲ့ နှုတ်ကပတ်တရားဟ နင်လို့ဆေမှ မာကေဒေါနိပြေနဲ့ အခါယပြေဟို ပဲ့တင်ထပ်သွားခဲ့တာမက ဘုရားသခင် အပေါ်နှိုက်ဆိသော နင်လို့ယုံကြည်ခြင်း အကျောန်းဟလည်း နေရာအနှံ့ဟို ပျံ့နှံ့လေပီ ဖြစ်သောကျောန့် ငါလို့နှိုက် ပြောစရာတစုံတခုမှ မဆိ။


အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။


အဲလိုလဲ သူ့ဟို ရန်သူလိုမျိုး မမှတ်ယူဘဲ ညီအကိုချင်း အလိုဆိသလိုမျိုး သူလို့ဟို သတိပေးကြလော့။


ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။


ခရစ်တော် ယေရှုဟို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဟို ရောက်စေလဲ့ ဉာဏ်ပညာဟို နင့်အား ပေးနိန်သော သန့်ဆှင်းသော သမ္မာကျမ်းစာနဲ့ နင်ဟ လပဲ့အရွယ်ဟပင် ရင်းနှီးကျွမ်းဝင်ခဲ့တာဟို လည်းကောင်း နင်သိအယ်။


ဘုရားသခင်ဟ အေးဝိညာဉ်တော်ဟို ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှု ခရစ်တော်အားဖြင့် ငါလို့အပေါ် ကြွယ်ဝစွာ သွန်းလောင်းအယ်။


နင်လို့ထဲတွင် ဉာဏ်ပညာ လိုအပ်သောသူဆိရင် ကဲ့ရဲ့ပစ်တင်ခြင်းဟို မပြုဘဲ ခပ်သိမ်းသောသူလို့အား ရက်ရောစွာ ပေးသော ဘုရားသခင်ဆေ တောင်းဆှောက်စေ၊ အဲလိုတောင်းရင် ရလိမ့်မယ်။


အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။


နင်လို့တွင် ဆင်းရဲဒုက္ခခံရသူဆိရင် သူဟ ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူဆိရင် ချီးမွန်းသီချင်းဟို သီဆိုစေ။


လူပဲ့သငယ်လို့၊ နင်လို့ဟ ခမည်းတော်ဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ အဖလို့၊ နင်လို့ဟ အစဦးဟပင် ဆိသောသူဟို သိကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။ လူပဲ့လို့၊ နင်လို့ဟို ခွန်အားနဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ နင်လို့နှိုက် တည်သဖြင့် မကောင်းသောအရာဟို နင်လို့ အောန်နိန်ခဲ့ကြသောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။


အဲလိုမို့ နင်လို့ဟ အစဟ ကြားနာခဲ့ကြလဲ့ တရားတော်ဟို မိမိလို့ရဲ့ စိတ်နေလုံးတွင် စောင့်ထိန်းကြလော့။ အဲလိုပြုရင် နင်လို့ဟ သားတော်နဲ့ လည်းကောင်း၊ ခမည်းတော်နဲ့ လည်းကောင်း ထာဝစဉ် တလုံးတဝတည်း တည်ဆိကြလိမ့်မယ်။


နင်လို့မှာမူ ခရစ်တော်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို နင်လို့အပေါ်ဟို သွန်းလောင်းပီ။ ဝိညာဉ်တော်ဟ နင်လို့ စိတ်နေလုံးတွင် ကိန်းအောင်းလျက် နေသမျှကာလပတ်လုံး နင်လို့အား အခြားပစာအရာမျှ သွန်သင်ပေးစရာ မလို။ ပစာကို့ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအမှုအရာလို့ဟို သွန်သင်သောကျောန့် ဖြစ်အယ်။ ဝိညာဉ်တော် သွန်သင်ပေးသောအရာလို့ဟ မန်ကန်ယွေ့ အမားမဆိ။ အဲကျောန့် နင်လို့ဟ ဝိညာဉ်တော် သွန်သင်လဲ့အတိုင်း လိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နဲ့ တလုံးတဝတည်း တည်ကြလော့။


ပစာကို့ သမ္မာတရားဟ ငါလို့တွင် တည်နေလျက် ငါလို့နဲ့အတူ အစဉ်မပြတ်ဆိမယ် ဖြစ်အယ်။


ပလ္လင်တော်ဆေ့နှိုက် လည်းကောင်း၊ သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ ဆေ့နှိုက် လည်းကောင်း၊ သူလို့ဟ အသစ်သော သီချင်းဟို ဆိုကြအယ်။ မြေကြီးမှ ရွေးနုတ်သောသူ ၁၄၄,၀၀၀ မှတပါး စသူမှ အဲသီချင်းဟို သင်ယွေ့ မရနိန်။


သူလို့ဟ ဘုရားသခင်ရဲ့ အစေခံ မောရှေရဲ့ သီချင်းနဲ့ သိုးသငယ်တော်ရဲ့ သီချင်းများဟို သီဆိုကာ “အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်၊ ကိုယ်တော်ပြုသောအမှုလို့ဟ ကြီးမြတ်ယွေ့ အံ့ဩဖွယ်ကောင်းလပါအယ်။ လူမျိုးတကာလို့ရဲ့ ဘုရင်၊ ကိုယ်တော်ရဲ့ နည်းလမ်းလို့ဟ ဖြောင့်မတ်ယွေ့ မန်ကန်အယ်။


အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။ အကျောန်းမှာ ယေရှုနဲ့ ဆိုင်လဲ့ သက်သေခံချက်ဟ ပရောဖက်ပြု ဟောပြောခြင်းရဲ့ ဝိညာဉ် ဖြစ်အယ်။


အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။


Lean sinn:

Sanasan


Sanasan