Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ကောလောသဲ 2:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 ဟေသို့ ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာ နင်လို့အပေါင်းဟ ခွန်အားပေးလျက် အချင်းချင်းတယောက်ဟို တယောက် ချစ်ခင်လာစေရန် ဖြစ်အယ်၊ ဟေသို့ဖြစ်ခြင်းကျောန့် နင်လို့ဟ ပီးပြေ့စုံသော သိဆိ နားလည်ခြင်းနဲ့ စိတ်ချမှုဟို ရဆိကြလိမ့်မယ်။ ဟေနည်းအားဖြင့် နင်လို့ဟ ခရစ်တော် တည်းဟူသော ဘုရားသခင်ရဲ့ နက်နဲသောအရာဟို သိဆိကြလိမ့်မယ်။

Faic an caibideil Dèan lethbhreac




ကောလောသဲ 2:2
58 Iomraidhean Croise  

အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။


“ငါ့ခမည်းတော်ဟ ခပ်သိမ်းသောအရာလို့ဟို ငါ့အား ပေးအပ်ထားလေပီ။ ခမည်းတော်မှတပါး အခြားစသူမျှ သားတော်ဟို မသိ။ ခမည်းတော်ဟိုလည်း သားတော်နဲ့ သားတော်ဖွင့်ပြလိုသူများမှတပါး အခြားစသူမျှ မသိ။


ယေရှုဟ “နင်လို့သည် ခေါန်းခင်နိုင်ငံတော်နဲ့ဆိုင်သော နက်နဲလဲ့ အကျောန်းအရာများဟို သိရသောခွင့် ပေးထားကြပေမဲ့ သူလို့ဟ အဲအခွင့်ဟို မရကြ။


ချစ်လှစွာသော သော်ဖိလု၊ လူများစွာဟ ငါလို့ကြားတွင် ဖြစ်ပျက်လာရမဲ့ အဖြစ်အပျက်များဟို မှတ်တမ်းတခုရေးရန် အစွမ်းကုန် ကြိုးစားခဲ့ကြအယ်။


ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်” ဟု မိန့်အယ်။


အဲလိုလဲ ငါဟ သူ့ရဲ့ အမှုတော်ဟို ဆောင်ရွက်ရင် ငါ့ဟို မယုံသော်လည်း အေးအမှုများဟို ယုံကြလော့၊ အေးလို ယုံကြည်ရင် ခမည်းတော်ဟ ငါနှိုက်ဆိလျက် ငါဟ ခမည်းတော်နှိုက် ဆိကျောန်းဟို နင်လို့ သိယွေ့ နားလည်ကြလိမ့်မယ်” ဟု မိန့်လေအယ်။


ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟ ငါနဲ့ စပ်ဆိုင်သောအရာ ဖြစ်အယ်၊ အဲကျောန်းကျောန့် ဝိညာဉ်တော်ဟ ငါ့ဆေမှ ရသောအရာလို့ဟို ယူယွေ့ နင်လို့အား ပြောကြားမယ်ဟု ငါဆိုအယ်။


ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။


ယေရှုဟလည်း “ငါ့ခမည်းတော်ဟ အခုတိုင်အောန် အလုပ်လုပ်တာ ဖြစ်ယွေ့ ငါလည်း အလုပ်လုပ်အယ်” ဟု သူလို့အား ပြန်ပြောလေအယ်။


အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။


ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာသော သန့်ဆှင်းသောသူဖြစ်ကျောန်းဟိုလည်း ငါလို့ ယုံကြည်ပင်း သိကြအယ်” ဟု ဆှောက်အယ်။


ယုံကြည်သောသူအားလုံးဟ စိတ်နေလုံး တညီတညွတ်တည်း ဖြစ်ကြသဖြင့် စသူမျှ မိမိရဲ့ ဥစ္စာပစ္စည်းများဟို မိမိပိုင်တာဟု မဆိုဘဲ၊ ဆိသမျှသောအရာလို့ဟို ဘုံစုအဖြစ် ထားကြအယ်။


နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။


ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။


အဲဟာမဟုတ်ရင် သူရဲ့ ကြီးမားလဲ့ ကြင်နာမှု၊ စိတ်ဆှည်ခြင်းနဲ့ သည်းခံစိတ် ဆိခြင်းလို့ဟို မထီမဲ့မြင်ပြုသလော။ ဘုရားသခင်ဟ နင့်ဟို နောင်တရဖို့ရန် လမ်းပြပို့ဆောင်လျက် ဆိသောကျောန့် ကိုယ်တော်ဟ ကြင်နာကျောန်းဟို နင် အမန်သိအယ်။


အကျောန်းမှာ ပရိသတ်အပေါင်းလို့ဟ သင်ယူခြင်းအား တက်လာကြစေရန် နင်လို့အားလုံးဟ အလှည့်ကျ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ဟောပြောရသော အခွင့် ဆိကြအယ်။


ငါလို့ဟ လောကီဝိညာဉ်ဟို မခံရကြ၊ ဘုရားသခင် ပေးသောအရာလို့ဟို သိစေရန် ဘုရားသခင်ဆေ ကြွလာသော ဝိညာဉ်ဟို ခံရကြပီ။


အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။


အကျောန်းမှာ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ငါလို့ဟ လွတ်မြောက်ခြင်းသို့ ရောက်ကြပီ။ ဆိုလိုတာဟ ငါလို့ရဲ့ အပစ်များဟို ခွင့်လွတ်ခြင်း ခံရအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ စလောက်ကြီးမားသလဲ။


ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။


ဘုရားသခင်ဟ သူရဲ့လျှို့ဝှက်အကြံအစည်ကို ဖော်ပြပင်း ငါ့အား သိစေခဲ့အယ်။ ငါ ဟေအကျောန်းဟို အတိုချုံး ရေးပီးပါပီ။


အေးကျောန့် သူ့ဟို နင်လို့ဆေဟို ငါစေလွှတ်ခြင်းမှာ ငါလို့နဲ့ပတ်သက်သော အရာများဟို နင်လို့သိဆိနိန်ရန် သူဟ နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးနိန်ရန် ဖြစ်အယ်။


ခရစ်တော်နှိုက်ဆိသော နင်ရဲ့ အသက်တာဟ နင့်အား ခိုင်ခံ့စေအယ်။ သူရဲ့ ချစ်ခြင်းမေတ္တာဟ နင့်ဟို နှစ်သိမ့်စေအယ်။ နင်လို့ဟ ဝိညာဉ်တော်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟို ရဆိကြအယ်၊ နင်လို့ဟ အချင်းချင်း သနားကြင်နာစိတ် ဆိကြအယ်။


အဲမျှမက ငါရဲ့ သခင် ခရစ်တော် ယေရှုဟို သိသောဉာဏ်ရဲ့ ထူးမြတ်သော အကျိုးကျေးဇူးကျောန့် အရာခပ်သိမ်းဟို အရှုံးဟူယွေ့ ငါမှတ်ယူအယ်။ ငါဟ ကိုယ်တော်အတွက် အရာခပ်သိမ်းလို့ဟို စွန့်ပယ်ခဲ့အယ်။ ခရစ်တော်ဟို အမြတ်ရနိန်ရန် လည်းကောင်း၊ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်နိန်ရန် လည်းကောင်း၊ အဲအရာများဟို အမှိုက်လို ငါမှတ်ယူအယ်။


ကိုယ်တော်ဟ နက်နဲရာဟို ကမ္ဘာမြေပေါ်ဆိ လူသားအပေါင်းလို့အား ဆေ့ကာလများမှ စယွေ့ ခေတ်ကာလများတွင် သိခွင့် မပေးခဲ့သော်လည်း အခုအခါ မိမိရဲ့ လူလို့အား ဖော်ပြလေပီ။


ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။


အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။


သူလို့ဟ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းတည်းဟူသော ခရစ်တော်ဟို မှီခိုအားကိုးမှု မဆိကြပေ။ ခရစ်တော်ရဲ့ ထိန်းချုပ်မှုအောက်တွင် အဆစ်များနဲ့ အရိုးချင်းဆက်ပေးလဲ့ အရွတ်များဖြင့် ကိုယ်ခန္ဓာ တခုလုံးဟို အားဖြည့်ကာ ဘုရားသခင်ရဲ့ အလိုတော်ဆိလဲ့အတိုင်း ကြီးပွားတတ်အယ်။


ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။


ဘုရားသခင်ဟ နှုတ်ကပတ်တရားအတွက် ထင်ခါးဟို ဖွင့်ပေးသဖြင့် ခရစ်တော်ရဲ့ နက်နဲသောအရာဟို ငါလို့ဟောပြောနိန်ရန် ငါလို့အတွက်လည်း ဆုတောင်းပေးကြလော့၊ အဲတရားကျောန့် ငါဟ အခု ထောင်ကျလျက် ဆိအယ်။


သူ့ဟို နင်လို့ဆေဟို ငါစေလွှတ်ခြင်းမှာ ငါလို့အကျောန်းဟို နင်လို့ သိဆိနိန်ရန်နဲ့ သူဟ နင်လို့ရဲ့ စိတ်နေလုံးဟို နှစ်သိမ့်ပေးနိန်ရန် ဖြစ်အယ်။


အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။


ခရစ်တော်နဲ့ ဆိုင်သော သတင်းကောင်းဟို ဟောပြောခြင်းငှာ ဘုရားသခင်အတွက် ငါလို့နဲ့အတူ လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါလို့ညီ တိမောသေဟို စေလွှတ်စဉ်တွင်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟို ခိုင်ခံ့စေဖို့ ခွန်အားပေးရန်အတွက် သူ့ဟို ငါလို့ စေလွှတ်ခဲ့အယ်၊


အားပင်း ညီအကိုလို့ နင်လို့အား ငါလို့ တိုက်တွန်းနှိုးဆော်တာဟ စည်းမဆိ ကမ်းမဆိနေသော သူလို့ဟို သတိပေး ဆုံးမကြလော့။ စိတ်အားငယ်သော သူလို့ဟို နှစ်သိမ့်ကြလော့၊ အားနည်းသော သူလို့ဟို ကူညီကြလော့၊ လူအားလုံးလို့အပေါ် စိတ်ဆှည်သည်းခံကြလော့။


ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။


ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။


နင်လို့ဆိသမျှဟ နောက်ဆုံးနှိုက် မိမိလို့ရဲ့ မျော်လင့်ချက် ပြေ့စုံလာလဲ့တိုင်အောန် အခုအတိုင်း ဆက်လက်ယွေ့ စိတ်အားထက်သန်စေရန် ငါလို့ အလိုဆိကြအယ်။


အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။


ငါလို့ဟို ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးနဲ့ ကောင်းမြတ်ခြင်းထဲဟို ခေါ်ယူသော အဆှင်ဟို ငါလို့ သိခြင်းအားဖြင့် ကိုယ်တော်နှိုက် ဆိသော ဘုရားတန်ခိုးတော်ဟ အသက်ဆှင်ခြင်းနဲ့တကွ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းလို့နဲ့ ဆိုင်သော အရာခပ်သိမ်းလို့ဟို ငါလို့အား ပေးသနားပီ။


ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။


ဟေလိုဖြင့် ငါလို့ဟ သမ္မာတရားနဲ့ စပ်ဆိုင်သောသူဖြစ်ကျောန်းဟို သိကြယွေ့ ဘုရားသခင် ဆေ့နှိုက် ငါလို့ရဲ့ စိတ်နေလုံးဟို ငြိမ်သက်စွာ ဆိစေကြလိမ့်မယ်။


သက်သေသုံးပါး ဆိအယ်။


Lean sinn:

Sanasan


Sanasan