10 နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။
ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေ့စုံကြွယ်ဝတာနဲ့အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု ချပေးအယ်။
အဲပင်းရင် ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။ အဲအခါ ခရစ်တော်ဟ ဆိဆိသမျှသော ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးများ၊ အာဏာပိုင်များနဲ့ အုပ်ချုပ်သူများဟို နှိမ်နင်းယွေ့ နိုင်ငံတော်ဟို ခမည်းတော် ဘုရားသခင်ရဲ့ လက်တော်သို့ ပေးအပ်လိမ့်မယ်။
အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
အသိပညာထက် ထူးကဲသော ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ဟို သိဆိယွေ့ ဘုရားသခင်ရဲ့ ပြေ့စုံခြင်းအားလုံးလို့ဖြင့် ပြေ့စုံခြင်းဟို ရောက်ကြမဲ့အကျောန်း ငါ ဆုတောင်းအယ်။
အဲလက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်ဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အာဏာဆိသူလို့ရဲ့ တန်ခိုးဟို ပယ်ဆှားပင်းနောက် အဲသူလို့ဟို သုံ့ပန်းများအဖြစ် ပွဲဆန်လှည့်ရာတွင် နောက်မှ လိုက်စေကာ လူအပေါင်းလို့အား ပြအယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့
အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။