1 ငါဟ နင်လို့နဲ့ လောဒိကိမြို့တွင် ဆိလဲ့ သူလို့မှစယွေ့ ငါ့ဟို လူချင်းမမျော်ဖူးသော သူလို့အတွက် စလောက်ရုန်းကန် ကြိုးစားနေတာဟို နင်လို့အား သိစေလိုအယ်။
ကိုယ်တော်ဟ ပြင်းပြစွာ ဝေဒနာဟို ခံလျက်ပိုယွေ့ ကြိုးစား ဆုတောင်းလေအယ်၊ သူရဲ့ ချွေးထွက်နေပုံဟ သွေးစက်များသဖွယ် မြေပေါ်သို့ ကျလေအယ်။
“အခုဟ နိုင်ငံတော်အကျောန်းဟို နင်လို့အားလုံး အလယ်နှိုက် လှည့်လည်ဟောပြောခဲ့သော ငါ့ရဲ့မျက်နှာဟို နင်လို့ မျော်ရတော့မှာ မဟုတ်ကျောန်း ငါ သိအယ်။
ပေါလုဟ သူ့ဟို နောက်ဖယ်တော့မှ ပြန်တွေ့တော့မှာ ဟုတ်ဝူးလို့ ပြောခဲ့သောကျောန့် သူလို့ဟ အထူးသဖြင့် ဝမ်းနည်းကြအယ်၊ အေးပင်းနောက် သင်္ဘောဆေဟို သူနဲ့အတူ လိုက်ကြအယ်။
ငါ့ချစ်လှစွာသော လူပဲ့သငယ်များ၊ နောက်တခါ အောင်ငဲမွေးသော အမေ့လိုမျိုးပင်၊ ခရစ်တော်ရဲ့ အသွင်သဏ္ဌာန်ဟ နင့်အထဲနှိုက် ဖြစ်ပေါ်လာလဲ့ တိုင်အောန် နင့်အတွက် အဲတိုင်းတိုင်း နာကျင်မှုမျိုးကို ခံစားလျက်နေရအယ်။
အခု နင်လို့ဟ ငါနဲ့အတူ တိုက်ပွဲဟို ဝင်နိန်ကြလေပီ။ မခင်ဟ ငါသည် တိုက်ပွဲဝင်ခဲ့တာဟို နင်လို့ မျော်ခဲ့ကြအယ်။ နင်လို့ ကြားသိလဲ့အတိုင်း အခုလည်း ငါဟ တိုက်ပွဲဟို ဝင်လျက်နေသေးအယ်။
ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
ဟေအရာပီးမြောက်ရန် ငါဟ ခရစ်တော်ပေးသော တန်ခိုးနဲ့ ငါ့ရဲ့ အတွင်းနှိုက်ဆိသော အလုပ်ဖြစ်လဲ့ အားကြီးသော ခွန်အားဟို အသုံးပြုယွေ့ ကြိုးကြိုးစားစား ရုန်းကန်နေအယ်။
ငါဟ ကိုယ်ခန္ဓာအားဖြင့် နင်လို့နဲ့ ကွာယွေ့ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် နင်လို့နဲ့အတူ ဆိတာဖြစ်ယွေ့ နင်လို့ဟ လျောက်ပတ်စွာ ပြုပြင်တတ်တာဟို လည်းကောင်း၊ ခရစ်တော်နှိုက် ယုံကြည်ခြင်း ခိုင်မာတာဟို လည်းကောင်း မျော်ရင် ဝမ်းမြောက်ခြင်း ဆိအယ်။
နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။
ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။
နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။