Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ကောလောသဲ 1:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

5 သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။

Faic an caibideil Dèan lethbhreac




ကောလောသဲ 1:5
33 Iomraidhean Croise  

နင်လို့ ပိုင်ဆိုင်သမျှဟို ရောင်းချပင်း ဆင်းရဲသောသူလို့အား ပိတ်ဆန်ဟို ပေးကြလော့။ မဟောင်းနွမ်းနိန်သော ပိတ်ဆန်အိတ်လို့ဟို ကိုယ့်အဖို့ ပြင်ဆင်ကြလော့။ ပစာခါမှ မပျက်စီးနိန် မလျော့သွားတဲ့ ခေါန်းခင်နိုင်ငံမှာ နင်လို့ရဲ့ ဘဏ္ဍာဟို သိမ်းထားကြလော့။ ပစာကို့ အေးအရာများဟို သူခိုးလို့ဟ မရနိန်၊ အဲဒီအရာဟို ပိုးရွလို့ မဖျက်စီးနိန်သောကျောန့် ဖြစ်အယ်။


ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။


“အာဗြဟံရဲ့ သားမြေးဖြစ်သူ ငါ့ ဣသရေလအမျိုးသားလို့နဲ့ ဘုရားသခင်ဟို ကိုးကွယ်သော လူမျိုးခြားလို့ ဟေကယ်တင်ခြင်း သတင်းစကားဟ ငါလို့ဆေဟို ပေးပို့ခြင်း ခံရအယ်။


ပေါလုဟ တရားရုံးထဲတွင် တဖွဲ့ဟ ဖာရိရှဲများ ဖြစ်ယွေ့ တခြားတဖွဲ့ဟ ဇဒ္ဒုကဲများ ဖြစ်ကျောန်းဟို သိမျော်သောအခါ “ငါ့ ညီအကိုလို့၊ ငါဟ ဖာရိရှဲ ဖြစ်ပင်း ဖာရိရှဲရဲ့ သားလည်း ဖြစ်အယ်။ သေသူလို့ဟ ဆှင်ပြန်ထမြောက်မယ်ဟို မျော်လင့်သူဖြစ်သဖြင့် အခု ငါဟလည်း စစ်ဆေးခံနေရခြင်း ဖြစ်အယ်” ဟု တရားရုံးဆေ့တွင် အော်ပင်းပြောဆိုအယ်။


သူလို့တတ်တိုင်းလည်း မျော်လင့်သလိုမျိုး ဖြောင့်မတ်သောသူများ ဖြစ်စေ၊ မဖြောင့်မတ်သောသူများ ဖြစ်စေ နောင်တွင် ဆှင်ပြန်ထမြောက်ကြလိမ့်မယ်လို့ ဘုရားသခင်ဟို အမှီပြုယွေ့ မျှော်လင့်နေအယ်။


အဲလိုလဲ အဲစာဟ စလို ဟောထားလုန်း။ “တရားတော်ဟ နင့်နဲ့ အနီးတွင် ဆိအယ်။ နင်ရဲ့ စလောင်နှိုက် လည်းကောင်း၊ နင့်ရဲ့ စိတ်နေလုံးနှိုက် လည်းကောင်း ဆိအယ်” ဟု ဆိုအယ်။ ငါဟောပြော ကြေညာလဲ့ ယုံကြည်ခြင်းတရားဟို ဆိုလိုအယ်။


အခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်း ဟေသုံးပါးတည်လျက် ဆိအယ်။ အားပေမဲ့ ဟေသုံးပါးလို့တွင် ချစ်ခြင်း မေတ္တာဟ အမြတ်ဆုံး ဖြစ်အယ်။


ငါလို့ဟ ခရစ်တော်ဟို အမှီပြုယွေ့ အခု ဖဝါ့နှိုက်သာ မျှော်လင့်စရာ ဆိရင်၊ အခြားသောသူအပေါင်းလို့ထက် သာယွေ့ သနားစရာကောင်းသူများ ဖြစ်ကြအယ်။


ငါလို့ရဲ့ သတင်းစကားမှာ ဘုရားသခင်ဟ ခရစ်တော်အားဖြင့် လူသားအားလုံးဟို သူရဲ့ မိတ်ဆွေ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ လူသားလို့ရဲ့ အပစ်များဟို မှတ်မထားဘဲ၊ လူသားလို့အား မိတ်ဆွေဖွဲ့ပုံအကျောန်းဟို ပြောပြလဲ့ သတင်းစကားဟို ငါလို့အား ပေးသနားအယ်။


သမ္မာတရားဟို ဟောပြောခြင်းအားဖြင့်၊ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟို ဟောပြောခြင်းအားဖြင့်လည်း ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများအဖြစ် ငါလို့တတ်တိုင်း ပြသခဲ့အယ်။ ငါလို့တွင် ဖြောင့်မတ်ခြင်းတရားဟ ငါလို့ရဲ့ လက်နက်အဖြစ်၊ တိုက်ခိုက်ရန်နဲ့ မိမိတတ်တိုင်း ကာကွယ်ရန် ဖြစ်အယ်။


သူလို့ဟ သတင်းကောင်းရဲ့ သမ္မာတရားနဲ့အညီ ဖြောင့်မတ်စွာ ဆှောက်လှမ်းခြင်း မဆိတာဟို ငါမျော်သောအခါ သူလို့ဆေ့မှာ ပေတရုအား “ယုဒလူမျိုးဖြစ်သော နင်ဟ ယုဒလူမျိုးလိုမျိုး မနေထိန်ဘဲ လူမျိုးခြားလိုမျိုး နေထိန်အယ်။ စလိုလဲ။ အဲပင်းရင် တပါးအမျိုးသားတွေဟို ယုဒလိုမျိုး နေထိန်ခိုင်းဖို့ ကြိုးစားနိန်မလော” ဟု ငါပြောအယ်။


အဲလိုလဲ သတင်းကောင်းဆိုင်ရာ သမ္မာတရားဟို နင်လို့အတွက် ဆက်ယွေ့ တည်နေ့မဲ့အကျောန်း ငါလို့ဟ သူလို့ဟို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။


အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။


မန်သောစကားဟို ကြားသောအခါ နင်လို့ဟ ဘုရားသခင်ရဲ့ လူများဖြစ်လာကြပင်း အဲသတင်းကောင်းဟ ကယ်တင်ခြင်းဟို ပို့ဆောင်ပေးအယ်။ နင်ဟ ခရစ်တော်ကို ယုံကြည်ယွေ့ ဘုရားသခင်ဟ ကတိပြုထားသော သန့်ဆှင်းသော ဝိညာဉ်တော်ဟို နင့်အား ပေးဆောင်ခြင်းဖြင့် သူရဲ့ ပိုင်ဆိုင်ခွင့် တံဆိပ်ခတ်ခြင်းဟို နင့်အပေါ် ထားခဲ့အယ်။


သမ္မာတရားဟ ယေရှုနှိုက် ဆိတာနဲ့အညီ နင်လို့ဟ ခရစ်တော်အကျောန်းဟို ကြားနာလျက် ကိုယ်တော်နှိုက် သင်ကြားခြင်းဟို ခံယူခဲ့တာ မန်ရင် ခရစ်တော်နှိုက် အေးလို့နည်းခံခဲ့ကြတာ မဟုတ်။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။


ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။


ဘုရားသခင်ကို ငါလို့ အမြဲကျေးဇူးတင်ရလဲ့ အခြားအကျောန်းရင်း တခုလည်း ဆိသေးအယ်။ ငါလို့ဟ ဘုရားသခင်ရဲ့ သတင်းစကားကို ယူဆောင်လာသောအခါ လူသားများဆေမှ သတင်းစကားအဖြစ် မဟုတ်ဘဲ၊ အမန်ပင်ဖြစ်လဲ့ ဘုရားသခင်ရဲ့ သတင်းစကားအဖြစ် နင်လို့ဟ ကြားပင်း လက်ခံကြအယ်။ အကျောန်းမှာ ယုံကြည်သော နင်လို့အထဲနှိုက် ဘုရားသခင်ဟ အမှုတော်ကို ဆောင်ရွက်အယ်။


ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊


ခရစ်တော် ယေရှုဟ အပစ်သားလို့ဟို ကယ်တင်ရန် ဟေလောကဟို ကြွလာအယ်ဟူသော စကားဟ သစ္စာစကားဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သောစကား ဖြစ်အယ်၊ အဲအပစ်သားများထဲတွင် ငါဟ အဆိုးဆုံး ဖြစ်အယ်။


အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။


ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊


မောရှေရဲ့ ပညတ်တရားဟ ပစာအရာဟိုမျှ ပြေ့စုံအောန် မပြုနိန်။ အခုအခါနှိုက် ငါလို့ဟ အဲပညတ်တရားထက် ပိုမိုကောင်းမြတ်လဲ့ မျော်လင့်ချက်ဟို ရဆိကြပီဖြစ်ရာ အဲမျော်လင့်ချက်အားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်ကြအယ်။


ဝိညာဉ်ရေးဆိုင်ရာ သန့်ဆှင်းသော နို့ရည်ဟို အမြဲတောင့်တသော မွေးကင်းစ လူပဲ့များလိုမျိုး ဖြစ်ကြလော့၊ အေးလို့မှသာ အဲနို့ဟို သောက်ခြင်းဖြင့် နင်လို့ဟ ကြီးပြင်းလာပင်း ကယ်တင်ခြင်းဟို ခံရမယ် ဖြစ်အယ်။


နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ဟို အဆှင်သခင် အဖြစ် ရိုသေကြလော့။ နင်လို့ နှိုက်ဆိလဲ့ မျှော်လင့်ခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား မေးသောသူ အားလုံးဟို ဖြေဆှင်း ပြောဆိုနိန်ရန် အမြဲတမ်း အဆင်သင့် ဆိကြလော့။


အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။


ကိုယ်တော်နှိုက် အေးလို မျော်လင့်ထားသောသူတိုင်းဟ ကိုယ်တော် သန့်ဆှင်းစင်ကြယ်လဲ့အတိုင်း မိမိတတ်တိုင်း သန့်ဆှင်းစင်ကြယ် စေတတ်အယ်။


Lean sinn:

Sanasan


Sanasan