ကောလောသဲ 1:23 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား23 အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။ Faic an caibideil |
လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။
ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။
နင်လို့မှာမူ ခရစ်တော်ဟ မိမိရဲ့ ဝိညာဉ်တော်ဟို နင်လို့အပေါ်ဟို သွန်းလောင်းပီ။ ဝိညာဉ်တော်ဟ နင်လို့ စိတ်နေလုံးတွင် ကိန်းအောင်းလျက် နေသမျှကာလပတ်လုံး နင်လို့အား အခြားပစာအရာမျှ သွန်သင်ပေးစရာ မလို။ ပစာကို့ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအမှုအရာလို့ဟို သွန်သင်သောကျောန့် ဖြစ်အယ်။ ဝိညာဉ်တော် သွန်သင်ပေးသောအရာလို့ဟ မန်ကန်ယွေ့ အမားမဆိ။ အဲကျောန့် နင်လို့ဟ ဝိညာဉ်တော် သွန်သင်လဲ့အတိုင်း လိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နဲ့ တလုံးတဝတည်း တည်ကြလော့။