16 အကျောန်းမှာ ငါရဲ့ နာမတော် အတွက် စလောက် ဒုက္ခဆင်းရဲခံရမယ်ဟို သူ့အား ငါတတ်တိုင်း ဖော်ပြမယ်” ဟု မိန့်အယ်။
“အေးနောက် လူတို့ဟ နင်လို့ဟို နှိပ်စက်ရန် အပ်နှံယွေ့ သတ်ဖြတ်ကြပင်း နင်လို့ဟ ငါရဲ့နာမကျောန့် လူမျိုးအပေါင်းလို့ဟ နင်လို့ဟို မုန်းကြလိမ့်မယ်။
“နင်လို့ဟ ငါ့နောက်ဟို လိုက်သောကျောန့် လူလို့ရဲ့ အမျိုးမျိုးမဟုတ်ကဟုတ်က ဝါခြင်းဟို ခံရပင်း၊ နှိပ်စက်ခံရခြင်းနဲ့ စော်ကားခံရသောအခါ နင်လို့ဟ မင်္ဂလာဆိ ကြအယ်။
‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။
တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
သူဟ ငါလို့ဆေဟို လာယွေ့ ပေါလုရဲ့ ခါးကြိုးဟို ယူပင်းရင် မိမိရဲ့ ခြေနဲ့လက်လို့ဟို တုတ်ချေပင်းနောက် “ဟေ ခါးကြိုးပိုင်ဆှင်အား ယုဒလူများလို့ဟ ယေရုရှလင်မြို့တွင် ဟေလို့ တုတ်ချေယွေ့ လူမျိုးခြားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်လို့ သန့်ဆှင်းသော ဝိညာဉ်တော် မိန့်အယ်” ဟု ပြောလေအယ်။
အဲလိုလဲ ပေါလုဟ “ပစာကျောန့် ဟေလို့ ငိုကကာ စိတ်နေလုံး ကြေကွဲနေကြလုန်း၊ ငါဟ သခင် ယေရှုနာမအားဖြင့် ယေရုရှလင်မြို့တွင် တုတ်ချေခံရန် သာမက အေးမှာ အသေခံရန်ပင် အသင့်ဆိပါအယ်” လို့ ပြန်ဖြေအယ်။
အေးမှာ တဘဲ့တော်အချို့လို့နဲ့ တွေ့ပင်း သူလို့နဲ့အတူ တပတ်လောက် နေကြအယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် သူလို့ဟ ပေါလုဟို ယေရုရှလင်မြို့ဟို မသွားရန် ပြောကြအယ်။
အဲအပြင် ကိုယ်တော်ရဲ့ နာမယ်ဟို ခေါ်သောသူ မန်သမျှဟိုလည်း ဖမ်းဆီးရန် ယဇ်ပုရောဟိတ်ကြီးလို့ဆေမှ အခွင့်အာဏာ ရဆိထားသူ ဖြစ်ပါအယ်” ဟု ဆှောက်အယ်။
“အဲလိုလဲ နင်ဟ ထယွေ့ မြို့ထဲဟို သွားလော့၊ အဲမှာ နင်ပြုရမယ့် အမှုဟို ငါ ပြောလိမ့်မယ်” ဟု မိန့်အယ်။
အဲအစား ဆင်းရဲဒုက္ခများ၊ ခဲယဉ်းကျပ်တည်းမှုများ၊ အခက်ခဲများဟို စိတ်ဆှည်စွာ သည်းခံလျက် ကိစ္စအဝဝတွင် ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများ ဖြစ်ကျောန်းဟို ပေါ်လွင်စေအယ်။
အေးကျောန့် နင်လို့တွင် စသူမျှ ဟေညှဉ်းဆဲခြင်းကျောန့် နောက်ဟို မလှည့်ရ။ အေးလို့ နှိပ်စက်ညှဉ်းပန်းမှုများဟ ငါလို့အတွက် ဘုရားသခင်ရဲ့အလိုတော် တစိတ်တပိုင်းဖြစ်ကျောန်း နင်တတ်တိုင်း သိအယ်။
အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။
အန္တိအုတ်မြို့၊ ဣကောနိမြို့နဲ့ လုတ္တရမြို့လို့တွင် ငါ့အပေါ် ကျရောက်လဲ့ ညှဉ်းဆဲခြင်းနဲ့ ဒုက္ခဝေဒနာလို့နှိုက် လည်းကောင်း၊ ထက်ကြပ်မကွာ ပါဆိခဲ့အယ်၊ အဲလိုမျိုး ညှဉ်းဆဲခြင်းများဟို ငါခံရသော်လည်း သခင်ဘုရားဟ အဲအရာအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်အယ်။
နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။
ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။