9 အဲမြို့နှိုက် ရှိမုန်ဆိုသူ လူတယောက် နေထိန်အယ်။ သူဟ မခင်ကတည်းဟ မှော်အတတ်ဟို သုံးယွေ့ ရှမာရိနယ်သား အားလုံးဟို အံဩစေအယ်။ မိမိကိုယ်ကို ကြီးမြတ်သောတဦး ဖြစ်အယ်ဟု ကြွေးကြော်အယ်၊
မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေဟို ဆှာတတ်အယ်၊ အဲလိုလဲ မိမိဟို စေလွှတ်သောသူရဲ့ ဘုန်းအသရေဟို ဆှာသောသူဟတော့ ဖြောင့်မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆိ။
သူလို့ဟ အဲကျွန်းဟို ဖြတ်ယွေ့ ပါဖုမြို့အထိ ဆှောက်သွားပင်း၊ အဲမြို့တွင် ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော ဗာယေရှု နာမယ်ဆိသော မှော်ဆရာတယောက်ဟို တွေ့ကြအယ်။
အဲလိုလဲ ဟေလသဘာသာအားဖြင့် ဧလုမဟု နာမယ်ဆိသော မှော်ဆရာဟ အုပ်ချုပ်ရေးမှူးအား ယုံကြည်ခြင်း လွှဲမားစေရန် ဗာနဗနဲ့ ရှောလုလို့ဟို ဟန့်တားလေအယ်။
လွန်ခဲ့သော နှစ်အနည်းငယ်ဟ သုဒဆိုသူဟ ပေါ်လာယွေ့ မိမိတတ်တိုင်း အရေးပါသူ ဖြစ်အယ်ဟု ဆိုကာ၊ ၄၀၀ ခန့်ဆိသောသူဟ သူရဲ့ နောက်လိုက်ခဲ့အယ်။ အဲလိုလဲ သူ အသတ်ခံရပင်း သူ့နောက်လိုက်သောသူ အားလုံးလို့ဟ ကွဲပြားဖြစ်လျက် စလိုမှအရာ မထင်ခဲ့ချေ။
သူလို့ဟ သူ့ဟို အာရုံစိုက်ကြခြင်းမှာ သူဟ အချိန်ကြာအောန် မှော်အတတ်နဲ့ သူလို့ဟို အံ့ဩငေးမောစေခဲ့သောကျောန့် ဖြစ်အယ်။
သူဟ ဘုရားဟု ခေါ်သောအရာနဲ့ ကိုးကွယ်လဲ့အရာတိုင်းကို ဆန့်ကျင်ပင်း အရာအားလုံးလို့ထက် သူ့ကိုယ်သူ ချီးမြှောက်မယ် ဖြစ်အယ်။ သူဟ ဘုရားရဲ့ ဗိမာန်တော်နှိုက်ပင် ဝင်ထိန်ပင်း သူ့ကိုယ်သူ ဘုရားသခင် ဖြစ်အယ်ဟု ကြွေးကြော်လိမ့်မယ်။
အကျောန်းမှာ လူလို့ဟ မိမိတတ်တိုင်း ချစ်သောသူ၊ ပိတ်ဆန်ဟို တပ်မက်စွဲလန်းသောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားဟို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူနဲ့ မသန့်ဆှင်းသောသူ၊
ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။
အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။
အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။