4 ကျဲပြေးသွားလဲ့ ယုံကြည်သူလို့ဟ အရပ်ရပ်ဟို သွားယွေ့ သတင်းကောင်းဟို ဟောပြောကြအယ်။
သူလို့ဟ နင်လို့ဟို မြို့တမြို့တွင် ညှဉ်းဆဲနှိပ်စက်သောအခါ အခြားတမြို့ဟို ထွက်ပြေးကြလော့။ အမန်အကန် နင်လို့အား ငါပြောတာဟ နင်လို့သည် ဣသရေလမြို့ဆိသမျှဟို သွားလာယွေ့ မပင်းခင် လူသားဟ ကြွလာလိမ့်မယ်။
အဲအကျောန်းအရာများဟို မျက်မြင်သက်သေများ ဖြစ်ယွေ့ ယေရှုအကျောန်းဟို ဟောပြောသူလို့ရဲ့ ဟောကြားချက်အရ ကျမ်းပြုပုဂ္ဂိုလ်လို့ဟ ရေးသားပြုစုခဲ့ကြအယ်။
သတေဖန် အသတ်ခံရမှုနဲ့ ဆက်စပ်ယွေ့ ဖြစ်ပေါ်လာသော ညှဉ်းဆဲမှုကျောန့် အရပ်ရပ်သို့ ကွဲလွင့်သွားကြသော ယုံကြည်သူအချို့လို့ဟ ဖိနိတ်ပြေ၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့ တိုင်အောန် သွားကြအယ်။ သူလို့ဟ နှုတ်ကပတ်တရားတော်ဟို ယုဒအမျိုးသားလို့ဟိုသာ ပြောကြအယ်။
ပေါလုနဲ့ ဗာနဗလို့ဟ အန္တိအုတ်မြို့တွင် ဆက်လက် နေထိန်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အခြားသူများနဲ့အတူ ဟောပြော သွန်သင်ကြအယ်။
ရှောလုဟ သတေဖန်ရဲ့ လူသတ်မှုဟို သက်သေပြုခဲ့အယ်။ အဲနေ့မှ စပင်း ယေရုရှလင်မြို့ဆိ အသင်းတော်အပေါ် ပြင်းထန်သော ညှဉ်းဆဲခြင်းဟို ခံရအယ်။ တမန်တော်လို့မှ လွဲယွေ့ ယုံကြည်သူများ အားလုံးဟ ယုဒပြေနဲ့ ရှမာရိပြေများ တဆှောက် ကျဲပြေးကြကုန်အယ်။
အဲလိုလဲ ဖိလိပ္ပုဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ယေရှု ခရစ်တော်ရဲ့ နာမတော်အကျောန်း သတင်းကောင်းဟို ဟောပြောသောအခါ သူလို့ ယုံကြည်လာကြသဖြင့် ယောက်ျား မိန်းမလို့ဟ နှစ်ခြင်းဟို ခံယူကြအယ်။
နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။