2 ဘုရားတရား ကြည်ညိုသူ အချို့လို့ဟ သတေဖန်ဟို သင်္ဂြိုဟ်ယွေ့ သူ့အတွက် ရင်ဖတ်တီးပင်း ရမ်းဆာ့ ငိုကကြအယ်။
အဲဒါဟို ကြားတာနဲ့၊ ယောဟန်ရဲ့ တဘဲ့လို့ဟ လာယွေ့ သူရဲ့ အလောင်းဟို ယူယွေ့ လုတ်တိုင်းတွင်းနှိုက် ထားကြအယ်။
အေးအချိန်နှိုက် ယေရုရှလင်မြို့တွင် ရှုမောင် နာမယ်ဆိသော လူတယောက် ဆိအယ်။ သူဟ ဘုရားသခင်ဟို ကြည်ညိုယွေ့ ဖြောင့်မတ်သောသူ ဖြစ်ပင်း၊ ဣသရေလလူမျိုးလို့ သက်သာခြင်း ရရန် စောင့်မျော်နေသူ ဖြစ်အယ်၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူအပေါ်နှိုက် တည်ယွေ့
သူနဲ့တကွ သူရဲ့ အိုင်သူအိုင်သား အားလုံးလို့ဟ ဘုရားတရား ကြည်ညိုယွေ့ ဘုရားသခင်ဟို ကိုးကွယ်သူများ ဖြစ်အယ်။ သူဟ ဆင်းရဲသော ယုဒအမျိုးသားလို့အား ရက်ရောစွာ လှူဒါန်းပင်း ဘုရားသခင်ဆေ အချိန်မန်မန် ဆုတောင်းလေ့ ဆိအယ်။
အဲကာလနှိုက် ခေါန်းခင်အောက်တွင် ဆိသမျှ တိုင်းပြေအသီးသီးမှ လာရောက်ကြသော ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုဒလူမျိုးလို့ဟ ယေရုရှလင်မြို့တွင် တည်းခိုကြအယ်။
ရှောလုဟ သတေဖန်ရဲ့ လူသတ်မှုဟို သက်သေပြုခဲ့အယ်။ အဲနေ့မှ စပင်း ယေရုရှလင်မြို့ဆိ အသင်းတော်အပေါ် ပြင်းထန်သော ညှဉ်းဆဲခြင်းဟို ခံရအယ်။ တမန်တော်လို့မှ လွဲယွေ့ ယုံကြည်သူများ အားလုံးဟ ယုဒပြေနဲ့ ရှမာရိပြေများ တဆှောက် ကျဲပြေးကြကုန်အယ်။
အဲလိုလဲ ရှောလုဟ အသင်းတော်ဟို ဖျက်ဆီးရန် ကြိုးစားလျက် နေပင်း၊ သူဟ နေအိုင်တအိုင်ပင်း တအိုင်ဝင်ယွေ့ ယုံကြည်သူ ယောက်ျား မိန်းမလို့ဟို ဆွဲထုတ်ကာ အကျဉ်းထောင်တွင် ထည့်ထားလေအယ်။