Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 6:9 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

9 အဲပင်းရင် လွတ်လပ်သောသူများ လို့ခေါ်လဲ့ တရားဇရပ်မှ လူအချို့လို့ဖြစ်ကြသော ကုရေနေမြို့သားနဲ့ အာလေဇန္ဒြူယမြို့သားမှ စယွေ့ ကိလိကိပြေနဲ့ အာရှပြေမှ လာသောသူလို့ဟ ထယွေ့ သတေဖန်နဲ့ စတင် ငြင်းကြအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 6:9
27 Iomraidhean Croise  

သတိထားကြလော့၊ သူလို့ဟ နင်လို့အား ဖမ်းဆီးယွေ့ တရားရုံးဟို ပို့ဆောင်ကြပင်း သူလို့ဟ နင်လို့ဟို တရားဇရပ်များတွင် ဖိုင်ကြလိမ့်မယ်။


အဲလိုမို့ နင်လို့အား ငါပြောတာဟ၊ နင်လို့ ဆေသို့ ပရောဖက်များ၊ ပညာဆိများ၊ ကျမ်းတတ်ဆရာများဟို ငါစေလွတ်ပင်း နင်လို့ဟ အေးသူ အချို့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ဖြတ်ကြလိမ့်မယ်။ အချို့ဟိုမူ တရားဇရပ်များတွင် ကြိမ်ဒဏ်ပေးယွေ့ အချို့ဟိုမူ တမြို့ပင်းတမြို့လိုက်လံ ဖမ်းဆီးကြလိမ့်မယ်။


သူလို့ဟ ထွက်လာကြသောအခါ ရှိမုန် နာမယ်ဆိသူ ကုရေနေပြေသား တယောက်ဟို မျော်သဖြင့် အေးသူအား အတင်းအကြပ် ခေါ်ယွေ့ ယေရှုရဲ့လက်ဝါးကပ်တိုင်ဟို ထမ်းစေကြအယ်။


“နင်လို့တတ်တိုင်းဟလည်း သတိထားရမယ်။ နင့်ဟို ဖမ်းပင်း တရားရုံးသို့ ခေါ်သွားကြလိမ့်မယ်။ တရားဇရပ်များနှိုက် နင်အရိုက်ခံရလိမ့်မယ်၊ နင်လို့ဟာ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဆှင်ဘုရင်များရဲ့ ဆေ့နှိုက်ရပ်ယွေ့ သတင်းကောင်းဟို ပြောရကြလိမ့်မယ်။


အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။


အဲလိုလဲ သူလို့တွင် ကုပရုပြေနဲ့ ကုရေနေပြေမှ လူအချို့ပါယွေ့ သူလို့ဟ အန္တိအုတ်မြို့သို့ သွားပင်း လူမျိုးခြားလို့အားလည်း သခင် ယေရှုရဲ့ အကျောန်း သတင်းကောင်းဟို ဟောပြောကြအယ်။


အန္တိအုတ်မြို့ အသင်းတော်တွင် ဗာနဗ၊ နိဂါ ခေါ်သော ရှုမောင်၊ ကုရေနေ ပြေမှ လုကိ၊ စော်ဘွားဟေရုဒ်နဲ့ သူငယ်ချင်းဖြစ်သူ မာနင်နဲ့ ရှောလု စသော ပရောဖက်များနဲ့ ဆရာများ ဆိကြအယ်။


အဲလိုလဲ ယုဒအမျိုးသားလို့ဟ လူအုပ်ဟို မျော်သောအခါ၊ မနာလိုစိတ်နဲ့ ပြေ့သဖြင့် ပေါလု ပြောသောစကားများဟို ငြင်းခုံပင်း စော်ကားကြအယ်။


အဲသူလို့မှတဆင့် ပေးလိုက်သော စာဟ၊ “နင်လို့ရဲ့ ညီအကိုများ၊ တမန်တော်များနဲ့ အသင်းတော် လူကြီးများ၊ ရှုရိပြေ၊ ကိလိကိပြေနဲ့ အန္တိအုတ်မြို့တွင် ဆိသော လူမျိုးခြားထဲမှ ညီအကိုလို့အား နှုတ်ခွန်းဆက်သလိုက်အယ်။


သူဟ ရှုရိပြေနဲ့ ကိလိကိပြေဟို သွားရောက်ယွေ့ အသင်းတော်ဟို ခိုင်ခံ့စေအယ်။


သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။


အေးအချိန်နှိုက် အာလေဇန္ဒြိမြို့မှာ မွေးဖွားသော အာပေါလု နာမယ်ဆိသော ယုဒ လူတယောက်ဟ ဧဖက်မြို့ဟို လာအယ်။ သူဟ အဟောပြောကောင်းလဲ့ ဟောပြောသူ တဦးဖြစ်ယွေ့ ကျမ်းစာဟိုလည်း ကောင်းစွာ သိကျွမ်းသူဖြစ်အယ်။


အေးလို့ နေနှစ်တိုင်တိုင် အေးလို့ပြုကြရာ အာရှပြေတွင် နေထိန်သော ယုဒလူမျိုးများနဲ့ လူမျိုးခြားများ အပေါင်းလို့ဟ ဘုရားသခင်ရဲ့ စကားတော်ဟို ကြားနာရကြအယ်။


အခုတွင် ပေါလုဆိုသူဟ ဧဖက်မြို့တွင် သာမက အာရှပြေတခုလုံးလိုလိုနှိုက်ပင် လူ့လက်ဖြင့် ပြုလုပ်လဲ့ ဘုရားများဟ ဘုရားလုံးဝ မဟုတ်ဟု ဆိုယွေ့ လူအပေါင်းလို့ဟို ဖြားယောင်းသွေးဆောင်တာဟို နင်လို့ မျော်လျက် ကြားလျက် ဆိကြအယ်။


ခုနေရက်စေ့ခါနီးသောအခါ အာရှပြေမှ လာသော ယုဒလူအချို့လို့ဟ ပေါလုဟို ဗိမာန်တော်တွင် မျော်ကြအယ်။ သူလို့ဟ လူအုပ်လို့အား ရုန်းရင်းဆန်ခတ် ဖြစ်စေပင်း ပေါလုဟို ဖမ်းဆီးကြအယ်။


ပေါလုဟ “ငါဟ ယုဒလူ ဖြစ်အယ်၊ ကိလိကိပြေရဲ့ မြို့တော်ဖြစ်သော တာရှုမြို့နှိုက် မွေးဖွားခဲ့သူ ဖြစ်အယ်။ ကျေးဇူးပြုပင်း ငါ့လူများနဲ့ စကားပြောခွင့်ပေးပါ” ဟု ဆိုအယ်။


ငါဟ ‘အဆှင်၊ တရားဇရပ်လို့ဟို သွားယွေ့ ကိုယ်တော်ဟို ယုံကြည်ကြသော သူလို့အား ဖိုင်ယွေ့ ဖမ်းဆီးခဲ့သူမှာ ငါဖြစ်ကျောန်းဟို သူလို့ ကောင်းစွာ သိကြပါအယ်။


“ငါဟ ကိလိကိပြေ၊ တာရှုမြို့တွင် မွေးဖွားခဲ့သော ယုဒလူ ဖြစ်ပါအယ်။ အဲလိုလဲ ဟေမြို့တွင် ကြီးပြင်းလာယွေ့ ဂါမလျေလရဲ့ နည်းခံယွေ့ ဖိုးဖေးလို့မှ ဆက်ခံသော ပညတ်တရားနဲ့အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းဟို ခံယူပင်း ခုနေ့ နင်လို့အားလုံးဟ ဘုရားသခင်အတွက် စိတ်အားထက်သန်သလိုမျိုး ငါဟလည်း စိတ်အားထက်သန်ခဲ့အယ်။


ဘုရင်ခံမင်းဟ အေးစာဟို ဖတ်ပင်းနောက် ပေါလုအား ပစာပြေသား ဖြစ်သလောလို့ မေးအယ်။ သူဟ ကိလိကိပြေသားဖြစ်ကျောန်းဟို သိသောအခါ၊


ဗိမာန်တော်ထဲတွင် သန့်ဆှင်းခြင်းဟို ခံယူပင်းနောက် ပူဇော်သကာဆက်သနေချိန်နှိုက် အေးသူလို့ဟ ငါဟို မျော်ကြပါအယ်။ အေးမှာ လူအုပ်ကြီးလည်း မဆိ၊ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ခဲ့ပါ။


တရားဇရပ်တိုင်းတွင်လည်း သူလို့ဟို မကြာခဏ ပစ်ဒဏ်ပေးလျက် ဘုရားသခင်ဟို စော်ကားပြောဆိုကြရန် အတင်းအကျပ် စေခိုင်းခဲ့ပါအယ်။ အေးလောက်မက သူလို့အပေါ် ရမ်းဆာ့ အူထော့ယွေ့ တိုင်းတပါးမြို့များထိတိုင်အောန် သူလို့ဟို လိုက်ပင်း ညှဉ်းဆဲခဲ့ပါအယ်။


အဲလိုလဲ သတေဖန်ဟ ဝိညာဉ်တော်ပေးလဲ့ အသိပညာနဲ့ ပြောဆိုသဖြင့် အဲသူလို့ဟ ချေပနိန်စွမ်း မဆိကြ။


ပညာဆိဟ ပစာမှာ ဆိလုန်း။ ကျမ်းပြုဆရာဟ ပစာမှာ ဆိလုန်း။ ဟေလောကဆိ ဝေဖန်ရေးသူများဟ ပစာမှာ ဆိလုန်း။ ဘုရားသခင်ဟ လောကီဉာဏ်ပညာဟို မိုက်မဲစေတာ မဟုတ်လော။


အေးနောက် ရှုရိပြေနဲ့ ကိလိကိပြေမှာဆိလဲ့ နေရာများဟို သွားခဲ့အယ်။


Lean sinn:

Sanasan


Sanasan