Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 6:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 အေးနေ့ရက်များနှိုက် တဘဲ့တော်များ တိုးပွားလာသောအခါ၊ ဟေလသစကားဟို ပြောသော ယုဒလူလို့ဟ မိမိလို့ထဲမှ မုဆိုးမများဟ နေ့စဉ် ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရအယ်ဟု ဟေဗြဲစကားဟို ပြောသော ယုဒလူလို့ဟို အပစ်တင်ကြအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 6:1
38 Iomraidhean Croise  

“သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို လူလို့ဆေ့နှိုက် ထင်ခါး ပိတ်ထားယွေ့ နင်လို့ တတ်တိုင်းလည်း မဝင်၊ ဝင်ရန် ကြိုးစားသူများဟိုလည်း ဝင်ခွင့် မပြုကြ။


အဲလိုလဲ သူလို့တွင် ကုပရုပြေနဲ့ ကုရေနေပြေမှ လူအချို့ပါယွေ့ သူလို့ဟ အန္တိအုတ်မြို့သို့ သွားပင်း လူမျိုးခြားလို့အားလည်း သခင် ယေရှုရဲ့ အကျောန်း သတင်းကောင်းဟို ဟောပြောကြအယ်။


သူ့ဟို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ခဲ့အယ်။ အဲလို့မို့ ရှောလုနဲ့ ဗာနဗလို့ဟ တနှစ်ပတ်လုံး အသင်းတော်နဲ့ တွေ့ဆုံလျက် ရမ်းဆာ့သော လူလို့ဟို သွန်သင်ကြအယ်။ တဘဲ့တော်လို့ဟ အန္တိအုတ်မြို့ ခရစ်ယာန်ဟု ပထမဆုံးအကြိမ် ခေါ်ဝေါ်ခြင်းဟို ခံကြရအယ်။


တဘဲ့တော်လို့ဟ အသီးသီး တတ်နိန်လဲ့အတိုင်း ယုဒပြေတွင် နေထိန်ကြသော ညီအကိုများအား ကူညီ ထောက်ပံ့ပေးရန် ဆုံးဖြတ်ကြအယ်။


လူအမြောက်အများဟ သူရဲ့စကားဟို လက်ခံကြကာ နှစ်ခြင်းမင်္ဂလာဟို ခံယူကြသဖြင့် အဲနေ့တွင် လူပေါင်း ၃,၀၀၀ မျှ တိုးပွားလာအယ်။


မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို ရောင်းချယွေ့ လိုအပ်နေသော သူတယောက်စီတိုင်းဟို ပေးကြအယ်။


ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။


တမန်တော်လို့ရဲ့ ခြေရင်းတွင် ထားကြသဖြင့် တဦးချင်းစီနှိုက် လိုအပ်မှုဆိလဲ့အတိုင်း အသီးသီးလို့အား ဝေငှပေးကမ်းကြအယ်။


အဲလိုလဲ သတင်းစကားဟို ကြားသောသူများဟ ယုံကြည်လဲ့သူ ယောက်ျားအရေအတွက်မှာ ၅,၀၀၀ ခန့်မျှ တိုးပွားလာအယ်။


အဲလိုလဲ သခင်ဘုရားဟို ယုံကြည်သူ ယောက်ျားနဲ့ မိန်းမ အရေအတွက်ဟ ပိုယွေ့ များပြားလာအယ်။


သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။


အဲလိုမို့ တဆယ့်နေပါးသော တမန်တော်လို့ဟ တဘဲ့တော်အပေါင်းလို့ဟို ခေါ်ယွေ့ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော် ဟောပြောမှုဟို လျစ်လျူရှုပင်း ငွေရေးကြေးရေး စီမံဆောင်ရွက်ရန် မသင့်။


အဲလိုမို့ ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်ဟ ဆက်လက်ပင်း ပျံ့နှံ့သွားအယ်။ ယေရုရှလင်မြို့တွင် တဘဲ့တော်လို့ရဲ့ အရေအတွက်ဟ ရမ်းဆာ့ တိုးပွားပင်း၊ ယဇ်ပုရောဟိတ် အမြောက်အများပင် ယုံကြည်ခြင်းတရားဟို လက်ခံလာကြအယ်။


သူဟလည်း ဟေလနစ်စကားဟို ပြောသောသူ ယုဒအမျိုးသားများနဲ့ အခြေအတင် ဆွေးနွေးပေမဲ့ အဲသူလို့ဟ သူ့ဟို သတ်ရန် ကြံစည် အားထုတ်ကြအယ်။


အဲလိုမို့ ပေတရုဟ ထယွေ့ အဲသူလို့နဲ့အတူ လိုက်သွားလေအယ်။ သူ ရောက်သောအခါ၊ သူလို့ဟ သူ့အား အပေါ်ထပ်အခန်းသို့ ခေါ်သွားကြအယ်။ မုဆိုးမအားလုံးလို့ဟ ပေတရုရဲ့ အနီးတွင် ဝိုင်းအုံကာ ငိုကလျက် ဒေါ်ကာ သူလို့နဲ့အတူ ဆိစဉ်အခါဟ ချုပ်လုပ်ထားခဲ့သော အင်္ကျီနဲ့ ဝတ်လုံများဟို ပြကြအယ်။


ပေတရုဟ လက်ဟို ကမ်းပေးပင်း အဲအမျိုးသမီးဟို ဆွဲထူလိုက်အယ်။ အဲပင်းရင် အထူးသဖြင့် မုဆိုးမများ၊ သန့်ဆှင်းသူများဟို ခေါ်ယွေ့ အသက်ဆှင်လျက်ဆိသော သူ့ဟို ပေးအပ်အယ်။


အစေခံသောသူဖြစ်ရင် အစေခံခြင်းအမှုဟို လုပ်လော့၊ သင်ကြားပေးသောသူဖြစ်ရင် သင်ကြားခြင်းအမှုဟို လုပ်လော့။


နင်လို့ဟ အေးသူတချို့လို့ကဲ့သို့ အပစ်မတင်ကြနဲ့။ သူလို့ဟ သေမင်းတမန် လက်ချက်ဖြင့် ပျက်စီးရကြအယ်။


သူလို့ဟ ဟေဗြဲလူ ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။ သူလို့ဟ ဣသရေလလူမျိုး ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။ သူလို့ဟ အာဗြဟံအမျိုးအနွယ် ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။


ငါဟ ဆစ်ရက်မြောက်သောနေ့နှိုက် အရေဖျားလှီးခြင်းဟို ခံရသူ၊ ဣသရေလလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင် ဖြစ်အယ်။ ဟေဗြဲလူမျိုးမှ ဆင်းသက်သော ဟေဗြဲလူမျိုးစစ်စစ် ဖြစ်အယ်။ ပညတ်တရားအရဆိုရင် ဖာရိရှဲ ဖြစ်အယ်။


အကူညီ လိုအပ်နေလဲ့ မုဆိုးမများဟို ထောက်ပံ့ခြင်းဟို ပြုလော့။


မုဆိုးမတယောက်ဟ အသက် ခြောက်ဆယ်ကျော်မှသာ မုဆိုးမစာရင်းတွင် နာမယ်သွင်းမန့်။ သူမဟ တကြိမ်သာ ထိမ်းမြားလက်ထပ်ခဲ့သူ ဖြစ်ရမယ်၊


နင်လို့ဟ ခရစ်ယာန် ညီအကို မောင်နှမလို့ အနေဖြင့် တဦးဟို တဦး ချစ်ခြင်းမေတ္တာနှိုက် တည်ကြလော့။


ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။


အဲဟာမဟုတ်ရင် ကျမ်းစာဟ “ကိုယ်တော်သည် ငါလို့နှိုက် ကိန်းဝပ်စေသော ဝိညာဉ်တော်ဟို သဝန်တိုသော သဘောဖြင့် တောင့်တအယ်” ဟု အကျောန်းမဲ့ဆိုထားအယ်ဟု နင်လို့ ထင်ကြသလော။


ညီအကို မောင်နှမလို့၊ စစ်ကြောစီရင်ခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း အချင်းချင်း ငြင်းခုံပစ်တင်ခြင်းဟို မပြုကြနဲ့။ တရားစီရင်ပိုင်သောသူဟ ထင်ခါးနားမှာ ရပ်နေအယ်။


Lean sinn:

Sanasan


Sanasan