16 အားပင်း ယေရုရှလင်မြို့ ပတ်ဝန်းကျင်ဆိ မြို့များမှ လူပရိသတ်လို့ဟ ဖျားနာသူများ အဲဟာမဟုတ်ရင် နတ်ဝင်ပူးနေသူများဟို ခေါ်လာကြယွေ့၊ အဲလူနာအပေါင်းလို့ဟ ရောဂါပျောက်ကင်း သွားကြအယ်။
အဲအခါ ဟေရုဒ်မင်းကြီးဟ မာဂုပညာဆိလို့ လှည့်စားတာဟို သိရင်၊ သူဟ ရမ်ဆာ့အူထော့ယွေ့ မာဂုပညာဆိဆေမှ သေချာစွာလေ့လာ စီစစ်ထားလဲ့ အချိန်ကာလအရ၊ ဗက်လင်မြို့နဲ့ ၎င်းအရပ်ဒေသတဝိုက်ဆိသော အသက်နေနှစ်အရွယ်နဲ့ အေးအောင်နီငယ်အားလုံးဟို သတ်ရန် အမိန့်ပေးလေအယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
ညနေအချိန်ရောက်သောအခါ လူလို့ဟ နတ်ဆိုးစွဲသောသူ အများလို့ဟို အထံတော်ဟို ဆောင်ခဲ့ကြပင်း၊ ယေရှုဟ အဲနတ်ဆိုးလို့ဟို နှုတ်တော်ထွက်စကား တခွန်းအားဖြင့် မောင်းထုတ်အယ်၊ အားပင်း နေမကောင်းသောသူ အပေါင်းလို့ဟိုလည်း ကျန်းမာစေအယ်။
တနေ့မှာ ယေရှုဟ သွန်သင်နေစဉ် ယေရုရှလင်မြို့မှ စပင်း ယုဒပြေ၊ ဂါလိလဲပြေ မြို့များမှ လာကြသော ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာများဟ ထိန်နေကြအယ်။ အနာရောဂါများ ပျောက်ကင်းစေဖို့ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ ယေရှုနဲ့အတူ ဆိအယ်။
သူလို့ဟ ကိုယ်တော်ရဲ့ တရားကြားနာရန်နဲ့ မိမိလို့ရဲ့ အနာရောဂါများ ပျောက်ကင်းစေရန် လာရောက်ကြအယ်။ ညစ်ညူးသောနတ်ကျောန့် ဒုက္ခရောက်သူများလည်း လာယွေ့ ကျန်းမာခြင်းဟို ရကြအယ်။
လူအုပ်ကြီးဟ အေးအကျောန်းဟို ကြားလျှင် သူလို့ဟ ယေရှုနောက်ဟို လိုက်ကြအယ်။ ကိုယ်တော်ဟ သူလို့ဟို ကြိုဆိုပင်းရင် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ပြောကြားယွေ့၊ ကျန်းမာခြင်း လိုအပ်သူများဟိုလည်း ကျန်းမာစေအယ်။
နင်လို့အား ငါ အမန် ဆိုအယ်၊ ငါ့ဟို ယုံကြည်သောသူဟ ငါပြုသောအမှုလို့ဟို ပြုလိမ့်မယ်၊ အဲအမှုလို့ထက်သာယွေ့ ကြီးသောအမှုလို့ဟိုလည်း ပြုလိမ့်မယ်၊ ပစာကို့ ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်အယ်။
တချိန်တည်းမှာပင် အနာရောဂါများဟို ငြိမ်းစေရန် ကိုယ်တော်ရဲ့ လက်တော်ဟို ဆန့်တန်းယွေ့ ကိုယ်တော်ရဲ့ သန့်ဆှင်းသော အစေခံ ယေရှု နာမအားဖြင့် နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများဟို ပြုခွင့်ပေးပါ” ဟု ဆုတောင်းကြအယ်။
လူလို့ဟ လူနာများဟို လမ်းမပေါ်ဟို သယ်လာပင်း ခုတင်များနဲ့ အိပ်ယာများပေါ်တွင် ထားကြကာ ပေတရု လာသောအခါ သူ့ရဲ့အရိပ်ဟိုပင် အေးလူနာအချို့လို့အပေါ်ဟို ကျရောက်စေရန် ကြိုးစားကြအယ်။
အဲအခါ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ နောက်လိုက်များဖြစ်သော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များဟ တမန်တော်လို့ဟို ရမ်းဆာ့ မနာလိုစိတ် ဆိလာကြသဖြင့် သူလို့ဟို အရေးယူရန် ဆုံးဖြတ်ကြအယ်။
အေးဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည်ခြင်းဟို ပေးအယ်။ အေးဝိညာဉ်တော်အားဖြင့် အခြားတယောက်အား အနာရောဂါဟို ငြိမ်းစေနိန်သော အခွင့်ဟို ပေးအယ်။
အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။