13 အခြားသောသူလို့ဟ သူလို့နဲ့အတူ မပေါင်းရဲကြသော်လည်း လူလို့ဟ သူလို့ဟို ချီးမွန်းကြအယ်။
အဲလိုလဲ လူအပေါင်းလို့ဟ ကိုယ်တော်ရဲ့ တရားတော်ဟို စေ့စေ့နားထောင်သောကျောန့် စလိုမှ မလုပ်နိန်ကြ။
စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင် ယေရှုဟို ယုံကြည်လာကြအယ်၊ အဲလိုလဲ ဖာရိရှဲလို့ကျောန့် တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့ ယုံကြည်ကျောန်းဟို ထင်ဆှားစွာ ဝန်မခံကြ။
အဲသို့မိန့်ပင်းနောက် ယုဒအာဏာပိုင်လို့ဟို ကြောက်ရွံ့သဖြင့် မထင်မဆှား ယေရှုရဲ့ တဘဲ့ဖြစ်သော အရိမဿဲမြို့သား ယောသပ်ဟ ယေရှုရဲ့ အလောင်းတော်ဟို ယူခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆှောက်အယ်။ ပိလတ်မင်းဟလည်း ခွင့်ပြုသဖြင့် ယောသပ်ဟ လာယွေ့ အလောင်းဟို ယူသွားလေအယ်။
သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။
အေးအကျောန်းဟို ဧဖက်မြို့တွင် နေထိန်ကြသော ယုဒအမျိုးသားနဲ့ လူမျိုးခြားများလို့ဟ ကြားကြသောအခါ၊ သူလို့အားလုံးဟ ကြောက်ရွံ့ခြင်းနဲ့ ပြေ့ပင်း သခင် ယေရှုရဲ့ နာမတော်ဟို ချီးမွန်းကြကုန်အယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။
အဲလိုမို့ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ သူလို့ဟို ထပ်မံကျပ်တည်းစွာ သတိပေးပင်းနောက် ထွက်ခွာသွား စေကြအယ်။ လူအပေါင်းလို့ဟ ဖြစ်ပျက်ခဲ့လဲ့ အမှုအရာကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းလျက် နေကြသောကျောန့် သူလို့ဟ တမန်တော်လို့ဟို အပြစ်ဒဏ်ပေးနိန်မဲ့ နည်းလမ်းဟို ဆှာမတွေ့ကြ။
အဲအခါ အရာဆိလို့ဟ အစောင့်တပ်သားလို့နဲ့အတူ သွားရောက်ယွေ့ တမန်တော်လို့ဟို ခေါ်ဆောင်လာကြအယ်။ အဲလိုမို့ မိမိလို့အား လူလို့ဟ ခဲနဲ့ပေါက်မယ်ဟို စိုးရိမ်သဖြင့် တမန်တော်လို့အား အနိန်အထက် မပြုကြ။
အဲစကားဟို ကြားတာနဲ့ တပြိုင်နက် အာနနိဟ လဲကျသေဆုံးလေအယ်၊ အဲအကျောန်းဟို ကြားကြသူအပေါင်းလို့ဟ ရမ်းဆာ့ ကြောက်အားကြီးကြအယ်။
အဲလိုမို့ ငါလို့ဟ ဘုရားသခင် သတ်မှတ်ပေးလဲ့ လုပ်ငန်းအတွက်မှ လွဲယွေ့ သူတပါးလို့ရဲ့ လုပ်ဆောင်ချက်များအတွက် ဝါကြွားခြင်းမပြု၊ နင်လို့ရဲ့ ယုံကြည်ခြင်း တိုးပွားလာတာနဲ့အမျှ နင်လို့အတွက် ဘုရားသခင် သတ်မှတ်ပေးလဲ့ နယ်ပယ်အတွင်း နင်လို့ထံတွင် အမှုတော်လို့ဟို ပိုမိုကျယ်ပြန့်နိန်ရန် မျော်လင့်အယ်။