Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 5:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 တမန်တော်လို့ဟလည်း လူများဆေ့တွင် ရမ်းဆာ့ အံ့ဩဖွယ်ရာ အမှုအရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြအယ်။ ယုံကြည်သူအပေါင်းလို့ဟ ရှောလမုန် မုခ်ဦးတွင် စုဝေးကြအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 5:12
22 Iomraidhean Croise  

တဘဲ့တော်လို့ဟ အရပ်ရပ်သို့ သွားယွေ့ တရားဟောသဖြင့်၊ သခင်ဘုရားဟ သူလို့နဲ့အတူ လုပ်ဆောင်ပင်း အံ့ဖွယ်သောအမှုများဖြင့် သူလို့ရဲ့ ဟောပြောခြင်း မန်ကန်ကျောန်း သက်သေပြခဲ့အယ်။] [


ယေရှုဟ ဗိမာန်တော်နှိုက်ဆိသော ရှောလမုန် မုခ်တွင် လမ်းဆှောက်လျက် နေအယ်။


ယေရှုဟလည်း “နင်လို့ဟ နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအမှုလို့ဟို မမျော်ရရင် ပစာအခါမှ ယုံကြည်ကြမယ် မဟုတ်” ဟု မိန့်အယ်။


သူလို့ဟ ယေရှုနဲ့ အမေ့ဖြစ်သူ မာရိ အပါအဝင် အမျိုးသမီးလို့နဲ့ လည်းကောင်း၊ ကိုယ်တော်ရဲ့ ညီတော်လို့နဲ့ လည်းကောင်း မကြာခဏ တွေ့ဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။


တမန်တော်လို့ဟ အဲအရပ်တွင် ကြာမြင့်စွာ နေထိန်လျက် ဘုရားသခင်ရဲ့ အကျောန်းဟို ရဲရင့်စွာ ဟောပြောကြအယ်။ ကိုယ်တော်ဟ အေးသူလို့ ဟောပြောလဲ့ ကျေးဇူးတော်ဆိုင်ရာ တရားမန်ကန်ကျောန်း သက်သေပြရန် သူလို့အား အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြနိန်သောတန်ခိုးဟို ပေးအယ်။


သူမဟ ရက်ပေါင်းများစွာ အေးလို့ လုပ်နေသဖြင့် ပေါလုဟ ရမ်းဆာ့ စိတ်ညစ်ရယွေ့ နောက်ဟို လှည့်ပင်း “ယေရှု ခရစ်ရဲ့ နာမဖြင့် အေးသူ့ဆေမှ ထွက်သွားရန် နင့်ဟို ငါ အမိန့်ပေးအယ်” လို့ နတ်ဆိုးအား ဆိုရင်၊ အေးခဏနှိုက် နတ်ဆိုးဟ သူမဆေမှ ထွက်သွားလေအယ်။


ဘုရားသခင်ဟ ပေါလုအားဖြင့် ထူးခြားသော နိမိတ်လက္ခဏာများ ပြုလုပ်ခဲ့အယ်။


သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။


အေးအရာများ ဖြစ်ပျက်ပင်းသောအခါ ကျွန်းပေါ်ဆိ အခြား မကျန်းမာသော သူအားလုံးလို့ဟ ပေါလုဆေဟို လာကြပင်း သူလို့ဟ ကျန်းမာခြင်းဟို ရဆိကြအယ်။


အဲသူဟ ပေတရုနဲ့ ယောဟန်လို့ဟို တွယ်ကပ်လျက်နေစဉ် လူအပေါင်းလို့ဟ ရမ်းဆာ့အံ့ဩလျက် သူလို့ဆိရာ ရှောလမုန်ဟု ခေါ်သော မုခ်ဦးဟို ပြေးယွေ့ လာကြအယ်။


တချိန်တည်းမှာပင် အနာရောဂါများဟို ငြိမ်းစေရန် ကိုယ်တော်ရဲ့ လက်တော်ဟို ဆန့်တန်းယွေ့ ကိုယ်တော်ရဲ့ သန့်ဆှင်းသော အစေခံ ယေရှု နာမအားဖြင့် နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများဟို ပြုခွင့်ပေးပါ” ဟု ဆုတောင်းကြအယ်။


အဲမြို့တွင် လေဖြတ်သဖြင့် ဆစ်နှစ်ပတ်လုံး အိပ်ယာပေါ်မှာ တုံးလုံးနေသူ အဲနေ နာမယ်ဆိသော လူတယောက်ဟို တွေ့အယ်။


ပေတရုဟ အဲသူအပေါင်းလို့ဟို အပြင်သို့ ထွက်စေပင်း ဒူးထောက်ယွေ့ ဆုတောင်းလေအယ်။ အဲပင်းရင် ရုပ်အလောင်းဖက်ဟို လှည့်ယွေ့ “တဗိသ၊ ထလော့” ဟု ဆိုအယ်။ သူဟ မျက်စေ့ဟို ဖွင့်ယွေ့ ပေတရုဟို မျော်သောအခါ ထယွေ့ ထိန်လေအယ်။


နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။


ငါဟ တမန်တော်ဖြစ်ကျောန်းဟို နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများအားဖြင့် နင်လို့အား သည်းခံခြင်းဖြင့် ငါသက်သေပြခဲ့အယ်။


ဘုရားသခင်ဟလည်း နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများအားဖြင့် လည်းကောင်း၊ မိမိအလိုတော်နဲ့အညီ သန့်ဆှင်းသော ဝိညာဉ်တော်ဟို မျှဝေပေးခြင်းအားဖြင့် လည်းကောင်း၊ သူလို့နဲ့အတူ သက်သေခံအယ်။


Lean sinn:

Sanasan


Sanasan