19 အဲလိုလဲ ပေတရုနဲ့ ယောဟန်လို့ဟ “ဘုရားသခင်ရဲ့ စကားဟို နားထောင်တာထက် နင်လို့ရဲ့ စကားဟို နားထောင်ခြင်းဟ ဘုရားသခင်ဆေ့မှာ မန်အယ် မမန်ဝူးဆိုတာဟို နင်လို့ ဆုံးဖြတ်ကြလော့။
သူလို့ဟ “ဧကရာဇ်ရဲ့ရုပ်ပုံ၊ ဧကရာဇ်ဘုရင် ကမ္ပည်းစာ ဖြစ်ပါအယ်” ဟု ပြန်ဆှောက်ကြအယ်။ အဲလိုမို့ ယေရှုဟ သူလို့အား “ဧကရာဇ်ပိုင်လဲ့ အရာဟို ဧကရာဇ်အား ဆက်ကြလော့။ ဘုရားသခင် ပိုင်လဲ့အရာဟို ဘုရားသခင်အား ဆက်ကြလော့” ဟု မိန့်အယ်။
ယေရှုဟ ပေတရုနဲ့ ယောဟန်လို့ဟို “ငါလို့စားဖို့ ပသခါပွဲ ညစာဟို သွားယွေ့ ပြင်ဆင်ကြလော့” ဟု ညွှန်ကြားချက် ပေးပင်း စေလွှတ်လိုက်အယ်။
အပြင်လက္ခဏာဟို ထောက်ယွေ့ မစီရင်ကြနဲ့၊ အမန်တရားအတိုင်း စီရင်ကြလော့” ဟု ဖြေအယ်။
ပေတရုနဲ့ ယောဟန်လို့ဟ ပညာမတတ်သူ၊ သာမန် လူများသာဖြစ်လျက်နဲ့ စလောက် ရဲရင့်ကြတာဟို တရားလွှတ်တော်အဖွဲ့ဝင်လို့ မျော်ကြသောအခါ ရမ်းဆာ့အံ့ဩကြအယ်။ အေးသူနေဦးလို့ဟ ယေရှုရဲ့ အပေါင်းအဖော်များ ဖြစ်ခဲ့ကြတာဟိုလည်း သတိပြုမိကြအယ်။
သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။
ပေတရုနဲ့ တခြား တမန်တော်လို့ဟ “ငါလို့သည် လူအမိန့်ထက် ဘုရားသခင် အမိန့်တော်ဟို နားထောင်ရမယ်။
နင်လို့အား ပညာဆိကဲ့သို့ မှတ်ယွေ့ ငါပြောခြင်း ဖြစ်အယ်။ ငါ့စကားဟို ဆင်ခြင်ကြလော့။
ငါလို့ဟ လျှို့ဝှက်ယွေ့ ဆှက်ဖွယ်ကောင်းသော အကျင့်ဟို ပယ်ဆှားယွေ့၊ လှည့်ဖြားခြင်း မပြု၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို အတုအယောင်မပြု။ အမန်တရားရဲ့ အလင်းတွင် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် နေထိန်ပင်း လူတိုင်းရဲ့ ကောင်းမြတ်သော ဩတ္တပ္ပစိတ်တွင် မိမိတတ်တိုင်း ချီးမွန်းရန် ကြိုးစားကြအယ်။
လူပဲ့သငယ်လို့၊ သခင်ဘုရားနှိုက် မိဘစကားကို နားထောင်ကြလော့၊ အကျောန်းမှာ အေးအရာဟို ပြုလုပ်ခြင်းဟ မန်ကန်သော အရာဖြစ်အယ်။
အဲလိုပြုခြင်းဟ ကောင်းမြတ်ယွေ့ ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်ဆေ့နှိုက် နှစ်သက်လက်ခံဖွယ် ဖြစ်အယ်။
မောရှေဟို ဖွားမျော်ပင်းနောက် သူရဲ့ မိဘလို့ဟ ယုံကြည်ခြင်းအားဖြင့် သူ့အား သုံးလတိုင်တိုင် အောင်းထားကြအယ်၊ ပစာကို့ သူဟ ချစ်မွေးဆိလဲ့ လူပဲ့ငယ်ဖြစ်သဖြင့် သူလို့ဟ ဆှင်ဘုရင်ရဲ့ အမိန့်ဟိုပင် လွန်ဆန်ရန် မကြောက်ကြ။
နင်လို့ဟ အချင်းချင်းကြားနှိုက် လူတန်းစား ခွဲခြားယွေ့ မကောင်းသော တွေးတောကြံစည်မှုလို့ဖြင့် တရားစီရင်သူများ ဖြစ်ကြပီ မဟုတ်လော။