23 အဲပရောဖက်ရဲ့ စကားဟို နားမထောင်ဘဲနေသော သူတိုင်းဟ ဘုရားသခင်ရဲ့ လူမျိုးထဲမှ ဖယ်ဆှားပင်း ဖျက်ဆီးခြင်းဟို ခံရမယ်’ ဟု ပြောအယ်။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
ငါ့ဟို ပစ်ပယ်ယွေ့ ငါ့စကားဟို မနာခံသောသူအား စီရင်သောသူတယောက် ဆိသေးအယ်။ ငါ ဟောပြောသောစကားပင် အဲသူဟို နောက်ဆုံးသောနေ့နှိုက် တရားသူကြီးအဖြစ်နဲ့ တရားစီရင်လိမ့်မယ်။
အဲကျောန်းကျောန့် နင်လို့ဟ မိမိလို့အပစ်နှိုက် သေကြလိမ့်မယ် ဟု ငါဆိုအယ်။ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို နင်လို့ မယုံကြည်ရင် မိမိလို့အပစ်နှိုက် သေလိမ့်မယ်” ဟု မိန့်အယ်။
လူအမြောက်အများဟ သူရဲ့စကားဟို လက်ခံကြကာ နှစ်ခြင်းမင်္ဂလာဟို ခံယူကြသဖြင့် အဲနေ့တွင် လူပေါင်း ၃,၀၀၀ မျှ တိုးပွားလာအယ်။
အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။
ဟေမျှလောက်ကြီးမြတ်လဲ့ ကယ်တင်ခြင်းဟို လျစ်လျူရှုရင် ငါလို့ဟ အပစ်ဒဏ်မှ စလို လွတ်နိန်ကြမှာတုန်း၊ သခင်ဘုရားဟ ဦးရင် ဟောပြောသော ဟေကယ်တင်ခြင်းတရားဟ ကြားနာသော သူလို့မှတဆင့် ငါလို့ဆေနှိုက် အတည်ပြုခြင်း ခံရအယ်။
အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။
အသက်စာစောင်နှိုက် စာရင်းမဝင်သောသူ ဆိသမျှလို့ဟလည်း မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။