21 မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။
မခင်ဟ သန့်ဆှင်းမြင့်မြတ်သူ ပရောဖက်များမှ တဆင့်
“ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်” ဟု ဆိုကြအယ်။
အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။
အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
ထာဝရဘုရား ဆေမှ ဝိညာဉ်ခွန်အား သက်ရောက်ရာ အချိန်ကာလ ရောက်လာလျက် နင်လို့အဖို့ ရွေးချယ်ခန့်ထားသော မေဆှိယ အဆှင်တည်းဟူသော ယေရှုဟို စေလွှတ်လိမ့်မယ်။
ဖန်ဆင်းခံ လောကတတ်တိုင်း ယိုယွင်းပျက်ဆီးခြင်းရဲ့ ကျွန်အဖြစ်မှ လွတ်မြောက်ပင်း ဘုရားသခင်ရဲ့ လူပဲ့သငယ်များရဲ့ ဘုန်းအသရေနဲ့ ပြေ့သော လွတ်လပ်ခြင်းဟို ဆောင်ယူခံရလိမ့်မယ်။
ဆေ့ကာလတွင် ဘုရားသခင်ဟ ပရောဖက်များအားဖြင့် ငါလို့ ဘိုးဘေးလို့အား ကာလအပိုင်းအခြား အမျိုးမျိုးလို့နှိုက် နည်းမျိုးစုံဖြင့် စကားပြောအယ်၊
အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။
သန့်ဆှင်းသော ပရောဖက်များ မိန့်သော စကားများနဲ့ နင်လို့ရဲ့ တမန်တော်များအားဖြင့် ငါလို့ သခင်နဲ့ ကယ်တင်ဆှင် ပေးသော အမိန့်တော်လို့ဟို သတိရစေလိုပါအယ်။
ခေါန်းခင်မှစယွေ့ သန့်ဆှင်းသူများ၊ တမန်တော်များနဲ့ ပရောဖက်များလို့ အဲမြို့ရဲ့ အဖြစ်ကျောန့် ပျော်ရွှင်ကြလော့။ အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ဘက်နှိုက် နေယွေ့ အဲမြို့အပေါ် ပစ်ဒဏ်စီရင်ခြင်းဟို သက်ရောက်စေပီ။
အဲပင်းရင် ခေါန်းခင်တမန်ဟ “ဟေစကားဟ သစ္စာစကား၊ မန်ကန်သော စကား ဖြစ်ကြအယ်။ ပရောဖက်လို့ရဲ့ ဝိညာဉ်များဟို ပိုင်သသော ထာဝရအဆှင် ဘုရားသခင်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိအစေခံလို့အား ပြသရန် မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်အယ်” ဟု မြွတ်ဆိုလေအယ်။