Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 3:19 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

19 အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊

Faic an caibideil Dèan lethbhreac




တမန်တော် 3:19
73 Iomraidhean Croise  

ပစာကို့ ဟေလူစုရဲ့ စိတ်နေလုံးဟ ထိုင်းမှိုင်းလျက်၊ သူလို့ရဲ့ နားများဟ လေးလျက် မျက်စေ့များဟ ပိတ်လျက် ဆိအယ်။ အကယ်ယွေ့သာ သူလို့ရဲ့ မျက်စေ့များဟ မျော်နိန်ယွေ့ နားများဟ ကြားနိန်လျက် စိတ်နေလုံးဟလည်း သိနားလည်နိန်မယ်ဆိုမန့်မူ၊ သူလို့ဟ ငါ့ဟို ခိုလှုံကိုးစားလာကြမယ် ဖြစ်ယွေ့၊ ငါဟလည်း သူလို့ဟို ကျန်းမာစေမယ်’ ဟု ဖြစ်အယ်။


ကိုယ်တော်ဟ “နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့သည် ပြောင်းလဲယွေ့ လူပဲ့သငယ်လူမျိုး မဖြစ်ရင် ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။


ရမ်းဆာ့များသော ဣသရေလအမျိုးသားလို့ဟို မိမိလို့ရဲ့ ဘုရားသခင် သခင်ဘုရား ဆေသို့ ပြန်လည် ပို့ဆောင်ပေးလိမ့်မယ်။


အဲလိုလဲ ပေတရုဟ “အချင်း မိန်းမ၊ အေးသူဟို ငါသိဝူး” ဟု ခံငြင်းလေအယ်။


အဲပင်းရင် တမန်တော်လို့ဟ ယေရှုနဲ့ တွေ့ရန် စုဝေးလာကြသောအခါ သူလို့ဟ “အဆှင်၊ ဟေအချိန်ဟ ဣသရေလ အမျိုးသားလို့အတွက် နိုင်ငံဟို ပြန်လည်ထူထောင် ပေးမယ်လော” ဟု မေးဆှောက်ကြအယ်။


အဲစကားဟို ကြားသောအခါ အေးသူလို့ဟ ပစ်တင် ဝေဖန်မှုဟို မပြုကြတော့ဘဲ “ဘုရားသခင်ဟ လူမျိုးခြားလို့အားလည်း နောင်တရယွေ့ အသက်ဆှင်ခွင့်ဟို ပေးလေအယ်” ဟု ဆိုယွေ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။


ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ သူလို့နဲ့အတူ ဆိသဖြင့် လူအမြောက်အများပင် ယုံကြည်ယွေ့ သခင်ဘုရားဆေ ပြောင်းလဲလာကြအယ်။


သူလို့ဟ အသင်းတော်ရဲ့ ပို့ဆောင်ခြင်းအားဖြင့် ဖိနိတ်ပြေနဲ့ ရှမာရိပြေလို့ဟို ဖြတ်သွားစဉ် လူမျိုးခြားလို့ ဘုရားသခင်ဆေ ပြောင်းလဲလာပုံဟို ပြောပြကြသဖြင့် ယုံကြည်သူပေါင်းလို့ဟ ရမ်းဆာ့ ဝမ်းမြောက်ကြအယ်။


ကိုယ်တော်ဟ လူတဦးတည်းမှ လူမျိုးအားလုံးဟို ဖန်ဆင်းယွေ့ ကမ္ဘာမြေပြင်အနှံ့တွင် နေထိန်စေကာ အချိန်ကာလများနဲ့ သူလို့နေထိန်ရာ နယ်နိမိတ်များဟို ကြိုတင်ချမတ် ပေးအယ်။


ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။


ပစာကို့ အေးလူများရဲ့ စိတ်နေလုံးဟ ထိုင်းမှိုင်းလျက်၊ သူလို့ရဲ့ နားများဟ လေးလျက် သူလို့ရဲ့ မျက်စေ့များဟ ပိတ်လျက်ဆိသောကျောန့် ဖြစ်အယ်။ တကယ်လို့ သူလို့ရဲ့ မျက်စေ့များဟ မျော်နိန်လျက်၊ နားများဟ ကြားနိန်လျက်၊ စိတ်နေလုံးများဟ သိနားလည်ပါလျက်၊ ဘုရားသခင် ပြောတာဟ သူလို့ ငါဆေဟို လှည့်လာကြမယ်၊ ငါဟလည်း သူလို့ဟို ကျန်းမာစေမယ်’ ” လို့ ဖြစ်အယ်။


ထာဝရဘုရား ဆေမှ ဝိညာဉ်ခွန်အား သက်ရောက်ရာ အချိန်ကာလ ရောက်လာလျက် နင်လို့အဖို့ ရွေးချယ်ခန့်ထားသော မေဆှိယ အဆှင်တည်းဟူသော ယေရှုဟို စေလွှတ်လိမ့်မယ်။


မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။


ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိဆိသောသူဟု မထင်မှတ်ကြစေရန် ဟေလျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ဣသရေလလူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆိခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း


အေးနေ့နှိုက် ကိုယ်တော်ဟ မိမိရဲ့ သန့်ဆှင်းသူလို့အားဖြင့် ဘုန်းတော် ထင်ဆှားစေခြင်းဟို ခံရပင်း ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ ယုံကြည်ကြတာ ဖြစ်ယွေ့ ယုံကြည်သူအားလုံးလို့ရဲ့ အံ့ဩချီးမွန်းခြင်းဟို ခံရလိမ့်မယ်။


ဆင်းရဲဒုက္ခခံရသော နင်လို့အားလည်း ငါလို့လိုမျိုး သက်သာရာရစေမယ်။ သခင် ယေရှုဟ တန်ခိုးကြီးသော ခေါန်းခင်တမန်များနဲ့ ခေါန်းခင်ဘုံမှ ပေါ်ထွန်းလာသောအခါ သူဟ အေးအရာများဟို ပြုလုပ်လိမ့်မယ်၊


မိမိအား ဆန့်ကျင်ဘက်ပြုသောသူလို့ဟို နူးညံ့သိမ်မွေ့စွာ ဆုံးမတတ်သူ ဖြစ်ရမယ်၊ သူလို့ဟ နောင်တရယွေ့ သမ္မာတရားအား သိဆိလာနိန်ခွင့်ဟို ဘုရားသခင်ဟ သူလို့အား ပေးကောင်းပေးလိမ့်မယ်။


အဲကျောန့် ဘုရားသခင်ရဲ့ ငြိမ်ဝပ်ရာ ချမ်းသာထဲဟို ဝင်ရမဲ့ ကတိတော် ဆိနေသေးလျက်နဲ့ နင်လို့ထဲမှ မဝင်လိုက်ရဘဲ နေမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။


နင်လို့ဟလည်း လမ်းလွဲသော သိုးလို့လိုမျိုး ဖြစ်ကြပေမဲ့ အခုဟ သိုးထိန်းဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို ကြီးကြပ်သူဖြစ်သော အဆှင်စေဟို ပြန်ရောက်ကြပီ။


အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။


ကိုယ်တော်ဟ သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်။ သေခြင်းဟ ဆိတော့မှာ မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ် ငိုကခြင်းနဲ့ နာကျင်ခြင်း ဝေဒနာလို့ဟလည်း ဆိတော့မှာ မဟုတ်၊ အကျောန်းမှာ မခင် ဖြစ်ခဲ့လဲ့အရာလို့ဟ ပျောက်ကွယ်သွားကြပီ” ဟု ဆိုတာဟို ငါ ကြားရအယ်။


Lean sinn:

Sanasan


Sanasan