Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 28:6 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

6 အေးသူလို့ဟ ပေါလုသည် ရောင်လာလိမ့်မယ် အဲဟာမဟုတ်ရင် ခုတင်ချင်းတွင် လဲသေလိမ့်မယ်လို့ ဆိုလျက် စောင့်နေကြအယ်။ အဲလိုလဲ အချိန်ကြာအောန်ဆက်ယွေ့ စောင့်မျော်နေကြပင်းနောက် မကောင်းလဲ့လက္ခဏာ တစုံတခုမှ ပေါလုနှိုက် မဖြစ်တာဟို မျော်ကြသော်အခါ သူလို့ဟ စိတ်ပြောင်းလဲကာ “အေးသူဟ နတ်ဘုရား ဖြစ်အယ်” လို့ ဆိုကြအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 28:6
6 Iomraidhean Croise  

ကိုယ်တော်ရဲ့ဆေ့မှ သွားသော လူအုပ်ကြီးနဲ့ နောက်မှလိုက်သော လူအုပ်လို့ဟ “ဒါဝိဒ်ရဲ့ သားတော်အား ဟောရှဏ္ဏာ ဖြစ်စေသတည်း။ ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသော အဆှင်ဟ မင်္ဂလာဆိစေသတည်း။ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြစေသတည်း” ဟု ကြွေးကြော်ကြအယ်။


ပိလတ်မင်းဟ “သို့ဖြစ်ရင် မေဆှိယ ဟုခေါ်သော ယေရှုဟို စလို လုပ်ရမလုန်း” ဟု မေးအယ်။ အေးသူအပေါင်းလို့ဟ “သူအား လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ပါ” ဟု ဆိုကြအယ်။


အဲသူလို့ဟ “ဟေအသံဟ လူရဲ့ အသံ မဟုတ်၊ ဘုရားသခင်ရဲ့ အသံ ဖြစ်အယ်” ဟု ကြွေးကြော်ကြအယ်။


အေးနေရာ အနီးတွင် ပုဗလိဟု နာမယ်ဆိသော ကျွန်းထမုန်ရဲ့ မြေယာများဆိအယ်။ အေးသူဟ ငါလို့ဟို လက်ခံပင်း သုံးရက်တိုင်တိုင် ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံအယ်။


မြို့ထဲမှဆိလဲ့ အတန်းအစားအမျိုးမျိုးမှ လူအပေါင်းလို့ဟ သူ့ဟို အာရုံစိုက်ယွေ့ နားထောင်ကြအယ်။ သူလို့ဟ “ဟေလူဟ ကြီးမြတ်သော တန်ခိုးတော်ဟု ခေါ်သော ဘုရားရဲ့ တန်ခိုးတော်ပင် ဖြစ်အယ်” ဟု ဆိုကြအယ်။


Lean sinn:

Sanasan


Sanasan