9 “ငါတတ်တိုင်းဟလည်း နာဇရက်မြို့သား ယေရှုရဲ့ နာမနဲ့ ဆန့်ကျင်လဲ့အရာများဟို ပြုသင့်တာဟု တွေးခဲ့ပင်း၊
အဲလိုလဲ သူလို့ဟ ငါ့ဟို စေလွှတ်သောသူဟို မသိကြသဖြင့် ငါရဲ့နာမကျောန့် နင်လို့အား အဲအမှုဆိသမျှလို့ဟို ပြုကြလိမ့်မယ်။
အဲလိုလဲ ပေါလုဟ “ပစာကျောန့် ဟေလို့ ငိုကကာ စိတ်နေလုံး ကြေကွဲနေကြလုန်း၊ ငါဟ သခင် ယေရှုနာမအားဖြင့် ယေရုရှလင်မြို့တွင် တုတ်ချေခံရန် သာမက အေးမှာ အသေခံရန်ပင် အသင့်ဆိပါအယ်” လို့ ပြန်ဖြေအယ်။
“ငါဟ ကိလိကိပြေ၊ တာရှုမြို့တွင် မွေးဖွားခဲ့သော ယုဒလူ ဖြစ်ပါအယ်။ အဲလိုလဲ ဟေမြို့တွင် ကြီးပြင်းလာယွေ့ ဂါမလျေလရဲ့ နည်းခံယွေ့ ဖိုးဖေးလို့မှ ဆက်ခံသော ပညတ်တရားနဲ့အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းဟို ခံယူပင်း ခုနေ့ နင်လို့အားလုံးဟ ဘုရားသခင်အတွက် စိတ်အားထက်သန်သလိုမျိုး ငါဟလည်း စိတ်အားထက်သန်ခဲ့အယ်။
ငါဟ သူရဲ့ လမ်းစဉ်ဟို လိုက်ဆှောက်သော သူများအား အသေသတ်လဲ့အထိ ငြင်းဆဲခဲ့ပါအယ်။ ငါဟ ယောက်ျားနဲ့ မိန်းမလို့ဟို ဖမ်းဆီးယွေ့ ထောင်ချခဲ့ပါအယ်။
‘အဆှင်၊ ကိုယ်တော်ဟ စသူလုန်း’ လို့ မေးသော် ကိုယ်တော်ဟ ‘ငါဟ နင်ငြင်းဆဲသော နာဇရက်မြို့သား ယေရှုပင် ဖြစ်အယ်’ ဟု ငါ့ဟို ပြန်ပြောလေအယ်။
ပြဿနာဟိုသာ လုပ်လေ့ဆိသော ဟေသူဟ ကမ္ဘာအရပ်ရပ်နှိုက် ယုဒလူမျိုးအပေါင်းလို့နှိုက် ဆူပူအုံကြွမှုများ ဖြစ်ပေါ်အောန် လှုံ့ဆော်နေသူဖြစ်ပင်း နာဇရက်ဂိုဏ်းခွဲရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ကျောန်း တွေ့ဆိရပါအယ်။
“အဲလိုမို့ အခု ငါ့ မိတ်ဆွေလို့၊ နင်လို့ဟ မိမိလို့ ခေါင်းဆောင်များလိုမျိုး မိမိလို့ပြုသော အမှုဟို မသိသက်ဘဲ အေးလို့ ပြုကြကျောန်းဟို ငါ သိအယ်။
အဲလိုလဲ ပေတရုဟ သူ့အား “ငါ့မှာ ဆွေ အဲဟာမဟုတ်ရင် ပိတ်ဆန် မဆိ၊ အဲလိုလဲ ဆိလဲ့အရာဟို နင်အား ငါ ပေးမယ်၊ နာဇရက်မြို့သား ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် ထယွေ့ လှမ်းသွားလော့” ဟု ဆိုအယ်။
ဟေအတောတွင်း ရှောလုဟ သခင်ဘုရားရဲ့ တဘဲ့တော်လို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက် နေအယ်။ သူဟ ယဇ်ပုရောဟိတ်မင်းဆေ သွားပင်း၊
အကျောန်းမှာ ငါရဲ့ နာမတော် အတွက် စလောက် ဒုက္ခဆင်းရဲခံရမယ်ဟို သူ့အား ငါတတ်တိုင်း ဖော်ပြမယ်” ဟု မိန့်အယ်။
အေးလူလို့ဟ ဘုရားသခင်အတွက် ထက်သန်သောစိတ် ဆိကျောန်း ငါ သက်သေခံအယ်၊ အဲလိုလဲ သူလို့ရဲ့ အေးထက်သန်သောစိတ်ဟ စစ်မန်သော အသိပညာအားဖြင့် မဟုတ်။
စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။