2 “အဂြိပ္ပဘုရင်၊ ငါအား ယုဒလူများလို့ စွပ်စွဲချက်များနဲ့ ပတ်သက်ပင်း အဆှင်ရဲ့ ဆေ့တွင် ခုနေ့ ချေပရတာဟ ငါအဖို့ ထူးမြတ်လဲ့ အခွင့်အရေးပင် ဖြစ်တာဟု ယူဆပါအယ်။
နင်လို့ဟို သူလို့လက်ဟို အပ်ခံရသောအခါ၊ စလိုပြောဆိုရမယ် အဲဟာမဟုတ်ရင် ပစာစကားဟို ပြောရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့၊ နင်လို့ ပြောဆိုရမဲ့စကားများဟို အဲအချိန်နှိုက်ပင် နင်လို့ရဆိကြလိမ့်မယ်။
“သူလို့ဟ နင်လို့ဟို တရားဇရပ်များ၊ အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဆေ့ဟို ခေါ်ဆောင်သွားကြသောအခါ ကိုယ့်တတ်တိုင်းဟို စလို ချေပပြောရမယ်ဆိုတာဟို မစိုးရိမ်ကြနဲ့။
အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။
အဲလိုလဲ ဧကရာဇ်မင်းဆေ သူ့အကျောန်းရေးသားရန် တိကျသော အကျောန်းပြချက် တစုံတခုမှ ငါနှိုက် မဆိပါ။ အေးလိုမို့ ဟေစစ်ဆေးမေးမြန်းမှု ပီးဆုံးသောအခါ ငါ ရေးသားရန် အကျောန်းပြချက် တစုံတခုရဆိနိန်မဲ့အကျောန်း သူ့ဟို အဆှင်လို့ အဆေ့နှိုက်၊ အထူးသဖြင့် အဂြိပ္ပဘုရင် အဆှင့်အဆေ့နှိုက် ငါ ထုတ်ဆောင်ခဲ့အယ်။
အဂြိပ္ပဘုရင်ဟ ပေါလုအား “နင့်အကျောန်း နင်တတ်တိုင်း ဆှောက်ထားနိန်အယ်” ဟု ဆိုသော် ပေါလုဟ လက်ဟို ဆန့်ယွေ့ သူ့တတ်တိုင်း ခုခံကာကွယ်သော စကားဟို ဟေလို့ ပြောအယ်။
“အေးကျောန့် အဂြိပ္ပဘုရင်ဟ၊ ငါ ခေါန်းခင်မှ ရဆိလဲ့ ရူပါရုံဟို မနာခံခဲ့ပါ။
ဘုရင်အဂြိပ္ပ၊ အေးအရာများ အကျောန်းဟို နင်သိသောကျောန့် ငါဟ နင့်ဆေ့မှာ ရဲဝံ့စွာပြောဆိုခြင်း ဖြစ်အယ်။ အေးအမှုအရာများဟ ချောင်ကြိုချောင်ကြားတွင် ဖြစ်ပျက်ခဲ့တာ မဟုတ်ပါ။ အကျောန်းမှာ ၎င်းလို့အထဲမှ မင်းကြီး မသိသောအရာ တစုံတခုမှဆိမယ် မဟုတ်ဟု ငါ ထင်မြင်အယ်။
အထူးသဖြင့် ယုဒအမျိုးသားလို့ရဲ့ စလေ့များနဲ့ အငြင်းပွားတတ်လဲ့ ပြဿနာများဟို သိကျွမ်းသူဖြစ်သောကျောန့် ဖြစ်ပါအယ်။ အေးလို့ ဖြစ်ယွေ့ ငါ့ဆှောက်ထားချက်ဟို စိတ်ဆှည်လျက် နားထောင်ပါရန် ငါ တောင်းပန်ပါအယ်။
ငါလို့ရဲ့ မျိုးနွယ်စု တဆယ့်နေပါးလို့ဟ နေ့ညမပြတ် ဘုရားသခင်ဟို ကိုးကွယ်လျက် အေးကတိတော်ဟို ခံစားရရန် မျော်လင့်နေကြအယ်။ အဆှင်မင်းကြီး ဟေလို့ မျော်လင့်ခြင်းကျောန့် ငါအား ယုဒအမျိုးသားလို့ စွပ်စွဲပြောဆိုကြခြင်း ဖြစ်ပါအယ်။