Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 26:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 အဲလိုလဲ ထယွေ့ မတ်တတ်ရပ်လော့။ နင့်အား ငါ့ရဲ့ အစေခံအဖြစ် ခန့်ထားရန် နင့်ဆေဟို ငါပေါ်လာခြင်း ဖြစ်အယ်။ ခုနေ့ နင်မျော်ရလဲ့ ငါ့ရဲ့အကျောန်းနဲ့ နောက်ခါ ငါဖော်ပြမဲ့ အကျောန်းအရာလို့ဟို နင်ဟ သူတပါးလို့အား သက်သေခံရလိမ့်မယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 26:16
34 Iomraidhean Croise  

အဲအကျောန်းအရာများဟို မျက်မြင်သက်သေများ ဖြစ်ယွေ့ ယေရှုအကျောန်းဟို ဟောပြောသူလို့ရဲ့ ဟောကြားချက်အရ ကျမ်းပြုပုဂ္ဂိုလ်လို့ဟ ရေးသားပြုစုခဲ့ကြအယ်။


ယုဒဟ ငါလို့ အဖွဲ့ထဲဟ အဖွဲ့ဝင်တယောက် ဖြစ်ပင်း ငါလို့ အလုပ်ထဲရဲ့ တထောင့်တနေရာမှာ ရွေးချယ်ခံရသော သူတယောက် ဖြစ်အယ်” ဟု ပြောအယ်။


ယုဒဟ မိမိနေရာဟို သွားရန် တမန်တော် အရိုက်အရာမှ ရွေ့လျော့ဖောက်ပြန်တာ ဖြစ်ယွေ့ ဟေအမှုတော်လုပ်ငန်းနဲ့ တမန်တော် အရိုက်အရာဟို ဆက်ခံရန် ဟေသူ နေယောက်အနက် စသူဟို ကိုယ်တော် ရွေးချယ်ထားတာဟို ငါလို့အား ဖော်ပြမန့်” ဟု ဆုတောင်းကြအယ်။


အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။


ပေါလုဟ သူလို့ဟို နှုတ်ဆက်ပင်း မိမိရဲ့အလုပ်အားဖြင့် လူမျိုးခြားလို့အား ဘုရားသခင် ပြုခဲ့သောအမှုအရာ အားလုံးလို့ဟို ပြေ့စုံစွာ တင်ပြလေအယ်။


ငါဟ ‘အဆှင်၊ ငါဟ ပစာ လုပ်ရမလုန်း’ ဟု မေးပင်း အဆှင်ဟ ‘ထပင်း ဒမာသက်မြို့ဟို သွားလော့။ နင်ဆောင်ရွက်ရန် ခွဲခန့်စီမံထားလဲ့ အမှုအရာအားလုံးဟို အေးမြို့တွင် နင့်အား ပြောမယ်’ ဟု ပြန်ပြောအယ်။


အေးညနှိုက် ဘုရားသခင်ဟ ပေါလုရဲ့ အနီးတွင် ရပ်လျက် “မကြောက်နဲ့၊ နင်ဟ ယေရုရှလင်မြို့တွင် ငါ့ရဲ့အကျောန်းဟို သက်သေခံခဲ့သလိုမျိုး ရောမမြို့တွင်လည်း သက်သေခံရ အုံးမယ်” ဟု မိန့်အယ်။


ငါဟ ‘အဆှင်၊ အဆှင်ဟ စသူလုန်း’ လို့မေးပင်း အဆှင်ဟ ‘ငါဟ နင်ညှဉ်းဆဲလဲ့ ယေရှု ဖြစ်အယ်လို့ ပြန်ဖြေအယ်။


ငါလို့တတ်တိုင်းဟ ဆုတောင်းခြင်းနဲ့ နှုတ်ကပတ်တော် ဟောပြောခြင်း အလုပ်အားဖြင့်သာ အချိန်ဟို ကုန်လွန်စေကြမယ်” ဟု ဆိုအယ်။


အေးသခင်ရဲ့ နာမတော်အတွက် လူမျိုးအပေါင်းလို့ထဲတွင် ယုံကြည်ခြင်းနဲ့ဆိုင်သော နာခံမှုဆိစေရန် ကျေးဇူးတော်ဟို လည်းကောင်း၊ တမန်တော်ဖြစ်ခြင်း အခွင့်ဟို လည်းကောင်း၊ ကိုယ်တော်အားဖြင့် ငါလို့ ရဆိကြအယ်။


လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။


အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။


ဟေအရာအားလုံးဟို ဘုရားသခင် ပြုအယ်၊ ဘုရားသခင်ဟ ငါလို့အား မိမိရဲ့ ရန်သူများအဖြစ်မှ မိတ်ဆွေများအဖြစ်ဟို ခရစ်တော်အားဖြင့် ပြောင်းလဲစေပင်း အခြားသောသူလို့ဟိုလည်း မိမိရဲ့ မိတ်ဆွေများ ဖြစ်လာစေရန် ဆောင်ရွက်လဲ့အလုပ်ဟို ငါလို့အား ပေးလေအယ်။


ငါဟ စလိုလူဆေမှ ငါလက်ခံရဆိတာမဟုတ်၊ စသူမှ ငါ့ဟို သင်ပေးခဲ့တာ မဟုတ်။ အေးအရာဟို ယေရှုခရစ်ရဲ့ ဗျာဒိတ်အားဖြင့်သာ ငါရဆိခဲ့အယ်။


သွားသင့်အယ်လို့ ဘုရားသခင်ဟ ဖော်ပြသောကျောန့် ငါသွားခဲ့အယ်။ ခေါင်းဆောင်များနဲ့ သီးသန့်တွေ့ဆုံမှုတွင် တပါးအမျိုးသားလို့အား ငါဟောပြောသော ဧဝံဂေလိတရား စကားဟို ဆှင်းပြခဲ့အယ်။ အတိတ် အဲဟာမဟုတ်ရင် ပစ္စုပ္ပန်မှာ ငါအလုပ်ဟ အလကားကား ဖြစ်စေချင်ဝူး။


ဘုရားသခင်ဟ သူရဲ့လျှို့ဝှက်အကြံအစည်ကို ဖော်ပြပင်း ငါ့အား သိစေခဲ့အယ်။ ငါ ဟေအကျောန်းဟို အတိုချုံး ရေးပီးပါပီ။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


နင်လို့ရဲ့ အကျိုးအတွက် ဘုရားသခင်ဟ ငါ့အား အသင်းတော်ရဲ့ အမှုတော်ဆောင်အဖြစ် ခန့်ထားအယ်၊ ငါ့အား ပေးသောတာဝန်မှာ နှုတ်ကပတ်တရားဟို အကုန်စင် ဟောပြောရန် ဖြစ်အယ်၊


ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို နင်လို့အား သင်ကြားပေးသူမှာ ငါလို့နဲ့အတူ ခရစ်တော်ရဲ့ အမှုဟိုဆောင်ရွက်နေသူ ငါလို့ချစ်သော ဧပဖြ ဖြစ်အယ်။ သူဟ ငါလို့ရဲ့ ကိုယ်စား သစ္စာဆိသော ခရစ်တော်ရဲ့ အမှုတော်ဟို ဆောင်သောသူဖြစ်အယ်။


ခရစ်တော်နဲ့ ဆိုင်သော သတင်းကောင်းဟို ဟောပြောခြင်းငှာ ဘုရားသခင်အတွက် ငါလို့နဲ့အတူ လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါလို့ညီ တိမောသေဟို စေလွှတ်စဉ်တွင်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟို ခိုင်ခံ့စေဖို့ ခွန်အားပေးရန်အတွက် သူ့ဟို ငါလို့ စေလွှတ်ခဲ့အယ်၊


ငါ့ဟို ခွန်အားနဲ့ ပြေ့စုံသော ငါလို့ သခင် ခရစ်တော် ယေရှုရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်၊ ပစာကို့ ကိုယ်တော်ဟ ငါ့ဟို အမှုတော် ဆောင်ရွက်ခြင်းအတွက် ခန့်ထားယွေ့ သစ္စာဆိသောသူအဖြစ် မှတ်ယူသောကျောန့် ဖြစ်အယ်။


ဟေအကျောန်းအရာများဟို ညီအကိုလို့အား ညွှန်ပြရင် နင်ဟ ယုံကြည်ခြင်းနဲ့ဆိုင်သော တရားစကားနဲ့ နင်လိုက်ဆှောက်လဲ့ ကောင်းသော သွန်သင်ချက်ရဲ့ တရားစကားလို့ဖြင့် ပြုစုပျိုးထောင်ခြင်းဟို ခံရလျက် ခရစ်တော် ယေရှုရဲ့ ကောင်းသော အစေခံ ဖြစ်လိမ့်မယ်။


အားပေမဲ့ နင်ဟ အရာရာနှိုက် သမ္မာသတိ ဆိလော့၊ ဆင်းရဲဒုက္ခဟို သည်းခံလော့၊ ကောင်းမြတ်သော သတင်း ဟောပြောသူ ပြုရမဲ့အမှုဟို ပြုလော့၊ ဘုရားသခင်ရဲ့ အစေခံအနေဖြင့် နင်ရဲ့ တာဝန်ဆိသမျှဟို ဆောင်ရွက်လော့။


Lean sinn:

Sanasan


Sanasan