Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 24:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 ဘုရင်ခံမင်းဟ လက်ရိပ်ပြယွေ့ ပေါလုဟို ပြောဆိုခွင့်ပေးသောအခါ ပေါလုဟ၊ “နင်ဟ ဟေလူမျိုးအပေါ်နှိုက် နှစ်ပေါင်းများစွာ တရားစီရင်ခဲ့သူဖြစ်ကျောန်း ငါ သိပါအယ်။ အေးကျောန့် နင်ရဲ့ဆေ့မှာ ငါကိုယ်ငါ ခုခံကာကွယ်ရလို့ ငါပျော်မိအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 24:10
12 Iomraidhean Croise  

“သူလို့ဟ နင်လို့ဟို တရားဇရပ်များ၊ အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဆေ့ဟို ခေါ်ဆောင်သွားကြသောအခါ ကိုယ့်တတ်တိုင်းဟို စလို ချေပပြောရမယ်ဆိုတာဟို မစိုးရိမ်ကြနဲ့။


ယေရှုဟ “အချင်းလူ၊ ဖယ်သူဟ ငါ့ဟို မန်ကန်တဲ့ တရားသူကြီးအဖြစ် လည်းကောင်း၊ နင်လို့ကြားမှာ ပစ္စည်းဥစ္စာများဟို ခွဲဝေပိုင်သောအခွင့်ဟို လည်းကောင်း၊ ငါ့အား အပ်ပေးလုန်း” ဟု သူ့အား ပြန်ပြောအယ်။


“မြို့တမြို့တွင် တရားသူကြီးတယောက်ဆိယွေ့ သူဟ ဘုရားသခင်ဟို မကြောက်၊ လူဟို အားမနာတတ်သူ ဖြစ်အယ်။


ပေတရုဟ သူလို့ဟို တိတ်တိတ်နေကြရန် လက်ရိပ်ပြပင်း၊ မိမိအား သခင်ဘုရားဟ စလိုထောင်ထဲမှ ထုတ်ဆောင်လာကျောန်းဟို ပြောပြလေအယ်။ အဲပင်းရင် “ဟေအကျောန်းဟို ယာကုပ်နဲ့ အခြား ညီအကိုလို့အား ပြောပြကြပါ” ဟု မှာကြားပင်း အခြားအရပ်ဟို ထွက်ခွာသွားအယ်။


ပေါလုဟ နေရာမှ ထယွေ့ လက်ရိပ်ပြလျက်၊ “ဣသရေလအမျိုးသားလို့နဲ့ ဘုရားသခင်အား ကိုးကွယ်သော လူမျိုးခြားလို့ ငါ့စကားဟို နားထောင်ကြလော့။


အဲလိုလဲ ၎င်းဟ စကားလုံးများ၊ နာမယ်များနဲ့ နင့်ရဲ့ ကိုယ်ပိုင်ဥပဒေနဲ့ ပတ်သက်ယွေ့ အငြင်းပွားဖွယ်ရာ ဖြစ်သောကျောန့် နင်လို့တတ်တိုင်း ဖြေဆှင်းရမယ်။ အေးအမှုမျိုးဟို ငါ တရားစီရင်ဝူး” ဟု ဆိုယွေ့၊


ယုဒအမျိုးသားလို့ဟ အာလေဇန္ဒြုဟို လူများဆေ့ဟို သွားစေသဖြင့် လူထုအထဲမှ လူအချို့လို့ဟ အေးသူဟ ဖြစ်ပေါ်လျက်ဆိသည့် အရေးအခင်းနဲ့ ပတ်သက်သူဖြစ်မယ်ဟု ယူဆကြအယ်။ အဲပင်းရင် အာလေဇန္ဒြုဟ လူများအား တိတ်ရန် လက်ရိပ်ပြအယ်၊ ချေပပြောဆိုရန် ကြိုးစားအယ်။


တပ်မှူးဟ သူ့ဟို အခွင့်ပေးသဖြင့် ပေါလုဟ လှေခါးထစ်ပေါ်တွင် ရပ်ယွေ့ လူလို့အား တိတ်ဆိတ်ရန် လက်ရိပ်ပြအယ်။ သူလို့ တိတ်ဆိတ်နေကြသောအခါ ပေါလုဟ ဟေဗြဲစကားနဲ့ ပြောလျက်၊


ပေါလုအတွက် မြင်းများဟို ပြင်ထားပင်း မောင်းနှင်ယွေ့ သူ့ဟို ဘုရင်ခံမင်း ဖေလဇ်ဆေဟို လုံခြုံစွာ ပို့ပေးကြလော့” လို့ အမိန့်ဆိအယ်။


အဂြိပ္ပဘုရင်ဟ ပေါလုအား “နင့်အကျောန်း နင်တတ်တိုင်း ဆှောက်ထားနိန်အယ်” ဟု ဆိုသော် ပေါလုဟ လက်ဟို ဆန့်ယွေ့ သူ့တတ်တိုင်း ခုခံကာကွယ်သော စကားဟို ဟေလို့ ပြောအယ်။


နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ဟို အဆှင်သခင် အဖြစ် ရိုသေကြလော့။ နင်လို့ နှိုက်ဆိလဲ့ မျှော်လင့်ခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား မေးသောသူ အားလုံးဟို ဖြေဆှင်း ပြောဆိုနိန်ရန် အမြဲတမ်း အဆင်သင့် ဆိကြလော့။


Lean sinn:

Sanasan


Sanasan