Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 22:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

5 ငါပြောတာဟ မန်ကျောန်းဟို ယဇ်ပုရောဟိတ်မင်းနဲ့တကွ တရားရုံးမှာဆိလဲ့သူ အပေါင်းလို့ဟ သက်သေခံကြပါအယ်။ ငါဟ အေးသူလို့ဆေမှ ဒမာသက်မြို့နေ ယုဒညီအကိုဆေ ရေးပေးလိုက်တဲ့ အမှာစာများဟို ရယူအယ်။ အေးကျောန့် အေးမှာဆိလဲ့ သူလို့အား အပစ်ဒဏ်စီရင်ခြင်းငှာ ဖမ်းဆီး တုတ်ချေလျက် ယေရုရှလင်မြို့ဟို ထွက်သွားပါအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 22:5
21 Iomraidhean Croise  

မိုးလင်းသောအခါ လူလို့တွင် အကြီးအကဲဖြစ်သောသူများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ စုဆုံကြပင်းရင်၊ ယေရှုအား တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြအယ်။


ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊


“အာဗြဟံရဲ့ သားမြေးဖြစ်သူ ငါ့ ဣသရေလအမျိုးသားလို့နဲ့ ဘုရားသခင်ဟို ကိုးကွယ်သော လူမျိုးခြားလို့ ဟေကယ်တင်ခြင်း သတင်းစကားဟ ငါလို့ဆေဟို ပေးပို့ခြင်း ခံရအယ်။


“ငါ့ မိတ်ဆွေလို့၊ ငါလို့ရဲ့ နာမယ်ကျော် အဖဖြစ်သော ဒါဝိဒ်မင်းရဲ့ အကျောန်းဟို ငါဟ နင်လို့အား ဆှင်းလင်းစွာ ဖော်ပြပါရစေ။ သူဟ သေလွန်ယွေ့ သင်္ဂြိုဟ်ခြင်းဟို ခံရပင်း သူ့ရဲ့ လုတ်တိုင်းဟ ခုနေ့တိုင်အောန် ငါလို့နှိုက်တွင် ဆိသေးအယ်။


“ညီအကိုများနဲ့ အဖလို့ အခု ငါ ပြန်ခုခံမဲ့ စကားဟို နားထောင်ကြပါ” ဟု ဆိုအယ်။


ပေါလုဟ တရားလွှတ်တော်အဖွဲ့ဟို တန်းတန်းကျေ့ပင်း “ငါ့ညီအကိုလို့ ငါဟ ခုနေ့တိုင်အောန် တသက်လုံး ဘုရားသခင် ဆေ့တော်တွင် ဩတ္တပ္ပစိတ် ကြည်လင်ပင်း ကောင်းစွာ နေထိန်ခဲ့ပါအယ်” ဟု ပြောအယ်။


ပေါလုဟ တရားရုံးထဲတွင် တဖွဲ့ဟ ဖာရိရှဲများ ဖြစ်ယွေ့ တခြားတဖွဲ့ဟ ဇဒ္ဒုကဲများ ဖြစ်ကျောန်းဟို သိမျော်သောအခါ “ငါ့ ညီအကိုလို့၊ ငါဟ ဖာရိရှဲ ဖြစ်ပင်း ဖာရိရှဲရဲ့ သားလည်း ဖြစ်အယ်။ သေသူလို့ဟ ဆှင်ပြန်ထမြောက်မယ်ဟို မျော်လင့်သူဖြစ်သဖြင့် အခု ငါဟလည်း စစ်ဆေးခံနေရခြင်း ဖြစ်အယ်” ဟု တရားရုံးဆေ့တွင် အော်ပင်းပြောဆိုအယ်။


ယေရုရှလင်မြို့မှာ အေးလို့ လုပ်ခဲ့ပါအယ်။ ယဇ်ပုရောဟိတ်ကြီးများဆေမှ အခွင့်အာဏာရဆိဖြင့် ဘုရားသခင်ရဲ့ လူများဟို ထောင်ထဲမှာ အကျဉ်းချထားလျက် သူလို့အား သေဒဏ်စီရင်ချိန်နှိုက်လည်း ငါသဘောတူ ထောက်ခံခဲ့ပါအယ်။


တရားဇရပ်တိုင်းတွင်လည်း သူလို့ဟို မကြာခဏ ပစ်ဒဏ်ပေးလျက် ဘုရားသခင်ဟို စော်ကားပြောဆိုကြရန် အတင်းအကျပ် စေခိုင်းခဲ့ပါအယ်။ အေးလောက်မက သူလို့အပေါ် ရမ်းဆာ့ အူထော့ယွေ့ တိုင်းတပါးမြို့များထိတိုင်အောန် သူလို့ဟို လိုက်ပင်း ညှဉ်းဆဲခဲ့ပါအယ်။


“အေးရည်ရွယ်ချက်ဖြင့် ငါဟ ယဇ်ပုရောဟိတ်ကြီးများဆေမှ အခွင့်အာဏာ ရယူယွေ့ ဒမာသက်မြို့ဟို သွားနေစဉ်၊


သုံးရက်ကြာပင်းနောက် ပေါလုဟ မြို့ပေါ်ဆိ ယုဒခေါင်းဆောင်များဟို ဖိတ်ခေါ်အယ်။ အေးသူလို့ လာရောက်စုဝေးလျက် ဆိသောအခါ ပေါလုဟ “ငါ့ ညီအကိုလို့ ငါဟ မိမိအမျိုးသားလို့အားလည်းကောင်း၊ ဖိုးဖေးလို့ရဲ့ ထုံးတမ်းစလေ့များဟိုလည်းကောင်း ဆန့်ကျင်လဲ့ အမှုတစုံတရာဟိုမျှ မပြုလုပ်ခဲ့သော်လည်း ယေရုရှလင်မြို့တွင် ငါ့ဟို အကျဉ်းသားအဖြစ် ရောမအမျိုးသားလို့ရဲ့ လက်ဟို အပ်ကြအယ်။


အေးသူလို့ဟ “ငါလို့သည် နင်ရဲ့အကျောန်း ယုဒပြေမှ စာတစောင်မှ မရခဲ့ကြပါ။ အေးပြေမှ ရောက်လာသော ညီအကိုလို့တွင်လည်း နင်နဲ့ပတ်သက်လဲ့ မကောင်းလဲ့အရာတစုံတခုဟို သတင်းပို့သောသူ အဲဟာမဟုတ်ရင် ပြောဆိုသောသူ တယောက်မှ မဆိပါ။


“အဲလိုမို့ အခု ငါ့ မိတ်ဆွေလို့၊ နင်လို့ဟ မိမိလို့ ခေါင်းဆောင်များလိုမျိုး မိမိလို့ပြုသော အမှုဟို မသိသက်ဘဲ အေးလို့ ပြုကြကျောန်းဟို ငါ သိအယ်။


နောက်တနေ့တွင် ယုဒခေါင်းဆောင်များ၊ အကြီးအကဲများနဲ့ ကျမ်းတတ်ဆရာများဟ ယေရုရှလင်မြို့နှိုက် စုဝေးကြအယ်။


တမန်တော်လို့ဟ နာခံယွေ့ အရုဏ်တက်ချိန်တွင် ဗိမာန်တော်ထဲဟို ဝင်ယွေ့ စတင် သွန်သင်အယ်။ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ အပေါင်းအဖော်လို့ဟ တရားလွှတ်တော် အစည်းအဝေးဟို ပြုလုပ်ရန် ဣသရေလလူလို့တွင် အသက်ကြီးသူအပေါင်းလို့ဟို တရားရုံးတွင် စုဝေးစေအယ်။ အဲပင်းရင် တမန်တော်လို့ဟို ခေါ်ဆောင်ခဲ့ရန် အမိန့်ပေးယွေ့ အစောင့်တပ်သားများဟို အကျဉ်းထောင်ဟို စေလွှတ်ကြအယ်။


အဲအပြင် ကိုယ်တော်ရဲ့ နာမယ်ဟို ခေါ်သောသူ မန်သမျှဟိုလည်း ဖမ်းဆီးရန် ယဇ်ပုရောဟိတ်ကြီးလို့ဆေမှ အခွင့်အာဏာ ရဆိထားသူ ဖြစ်ပါအယ်” ဟု ဆှောက်အယ်။


ယုဒဘာသာဟို ကိုးကွယ်တဲ့အခါ ငါစလို နေထိန်ခဲ့အယ်ဆိုတာ နင့်ဟို ပြောဖူးအယ်။ ငါဟ ဘုရားသခင်ရဲ့ အသင်းတော်ဟို သနားညှာတာမှု မဆိဘဲ စလို နှိပ်စက်ညှဉ်းဆဲပင်း ဖျက်ဆီးရန် အကောင်းဆုံး ကြိုးစားခဲ့အယ်။


စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။


အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။


Lean sinn:

Sanasan


Sanasan