16 အခု ပစာကျောန့် အချိန်အကြာရီး စောင့်နေလုန်း။ ထပင်း နှစ်ခြင်းဟို ခံလော့။ နင့်ရဲ့ အပစ်များဟို လွှတ်ဖို့ ကိုယ်တော်ရဲ့ နာမဟို ခေါ်ပင်း ဆုတောင်းလော့’ ဟု ဆိုလေအယ်။
ပေတရုဟလည်း “မဟုတ်ဝူး၊ ကိုယ်တော်ဟ ငါ့ရဲ့ ခြေဟို ပစာခါမှ မဆေးရ” ဟု ပြောအယ်။ ယေရှုဟ “နင့်ခြေဟို ငါ မဆေးရရင် နင်ဟ ငါ့တဘဲ့ ဖြစ်မှာ မဟုတ်တော့ဝူး” ဟု ပြန်ဖြေအယ်။
အေးနောက်၊ အဆှင်ဟို ခေါ်သောလူ စသူမဆို ကယ်တင်ခြင်းဟို ခံရကြလိမ့်မယ်’ ဟု ဟောပြောခဲ့အယ်။
ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
သူ့အား ကျောက်ခဲနဲ့ ပေါက်နေကြခါ သတေဖန်ဟ အဆှင့်ဟို ခေါ်ပင်း “သခင် ယေရှု၊ ငါ့ရဲ့ ဝိညာဉ်ဟို သိမ်းယူပါ” ဟု ဆုတောင်းအယ်။
အဲအပြင် ကိုယ်တော်ရဲ့ နာမယ်ဟို ခေါ်သောသူ မန်သမျှဟိုလည်း ဖမ်းဆီးရန် ယဇ်ပုရောဟိတ်ကြီးလို့ဆေမှ အခွင့်အာဏာ ရဆိထားသူ ဖြစ်ပါအယ်” ဟု ဆှောက်အယ်။
ခုတုံးပင် ရှောလုရဲ့ မျက်စေ့မှ ငါးကြေးကွာကျ သလိုမျိုးဖြစ်ပင်း မျက်စေ့အလင်းဟို ပြန်လည်ရဆိအယ်။ သူဟ ထယွေ့ နှစ်ခြင်းဟို ခံလေအယ်။
ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။
အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။
နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။
နင်ဟ ခရစ်တော်နဲ့ တလုံးတဝတည်း နှစ်ခြင်းမင်္ဂလာဟို ခံခဲ့ပင်း အခုတွင် နင်ဟ ခရစ်တော်ဟို အဝတ်တန်ဆာလိုမျိုး ဝတ်ဆင်ကြအယ်။
နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊
ကိုယ်တော်ဟ ငါလို့ပြုခဲ့လဲ့ ဖြောင့်မတ်သော အကျင့်အားဖြင့် မဟုတ်ဘဲ မိမိရဲ့ ကရုဏာတော်နဲ့အညီ အသစ်မွေးဖွားခြင်းနဲ့ဆိုင်သော ဆေးကြောခြင်းနဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အသစ်ပြုပြင်ခြင်းလို့အားဖြင့် ငါလို့ဟို ကယ်တင်အယ်။
ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။
အေးအရာဟ အခု နင်လို့ဟို ကယ်တင်သော နှစ်ခြင်းဟို ပုံဆောင်အယ်။ နှစ်ခြင်းဟ ကိုယ်ကာယရဲ့ အညစ်အကြေးဟို ချွတ်ပယ်ခြင်း မဟုတ်ဘဲ ယေရှု ခရစ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းသော အသိစိတ်ဟို ဘုရားသခင်ဆေ တောင်းဆှောက်ခြင်း ဖြစ်အယ်။