7 တပတ်ရဲ့ ပထမ စနေနေ့ညနေမှာ မိတ်သဟာယ စားပွဲအတွက် ငါလို့အတူတကွ စုရုံးခဲ့အယ်။ ပေါလုဟ နောက်တနေ့ မထွက်သွားခင် အချိန်ထိ သူဟ လူများနဲ့ ညသခေါင်အချိန်တိုင်အောန် စကားပြောလျက် နေလေအယ်။
တနင်္ဂနွေနေ့ နက်စာအစောတွင် ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက်၊ ကိုယ်တော်ဟ သူ့ဆေမှ နတ်ဆိုး ခုနစ်ဦးဟို မောင်းထုတ်ပေးခဲ့သော မာဂဒလမြို့သူ မာရိဆေ ဦးရင်ဆုံး ကိုယ်ထင်ပြအယ်။
အဲပင်းရင် ကိုယ်တော်ဟ မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် မုန့်ဟို ဖဲ့ယွေ့၊ သူလို့အား ပေးအယ်၊ “ဟေမုန့်ဟ နင်လို့ဖို့ စွန့်သော ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်။ ငါ့ဟို အောက်မေ့သတိရရန် ဟေသို့ပြုကြလော့” ဟု ပြောလေအယ်။
အဲပင်းရင် သူလို့နေယောက်ဟ လမ်းတွင် ဖြစ်ပျက်ခဲ့လဲ့ အကျောန်းအရာဟို လည်းကောင်း၊ မုန့်ဟို ဖဲ့စဉ်တွင် ကိုယ်တော်မှန်း သိဆိလာကျောန်းဟို သူလို့အား ဆှင်းပြကြအယ်။
တနင်္ဂနွေနေ့ မိုးမလင်းခင် မိုက်နေသေးခါနှိုက် မာဂဒလမြို့သူ မာရိဟ လုတ်တိုင်းသို့ သွားယွေ့ တွင်းဝမှာပိတ်သော ကျောက်တုံးဟ ဖယ်လောထားတာဟို မျော်လေအယ်။
တဘဲ့တော်လို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်လန့်သောကျောန့် တနင်္ဂနွေ ညခင်းချိန်နှိုက် ထင်ခါးများဟို ပိတ်ပင်း စုဝေးနေကြအယ်။ အဲပင်းရင် ယေရှုဟ ကြွလာယွေ့ အေးသူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်” ဟု မိန့်အယ်။
ဆစ်ရက်ကြာပင်းနောက် တဘဲ့တော်လို့ဟ တဖန် အိုင်အတွင်းနှိုက် ဆိကြပင်း သောမလည်း သူလို့နဲ့အတူ ဆိအယ်။ ထင်ခါးများဟို ပိတ်ထားသော်လည်း ယေရှုဟ ကြွလာယွေ့ သူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်းစေမန့်” ဟု မိန့်အယ်။
ဟေလို့ ရူပါရုံဟို ပေါလု မျော်ပင်းနောက် ခုတင်ချင်း ငါလို့ဟ မာကေဒေါနိပြေသို့ သွားရန် ပြင်ဆင်ကြပင်း သူလို့အား သတင်းကောင်းဟို ဟောပြောရန် ငါလို့အား ဘုရားသခင် စေခိုင်းတာဟု ကောက်ချက်ချခြင်းကျောန့် ဖြစ်အယ်။
အဲသူလို့ဟ တမန်တော်လို့ရဲ့ ဆုံးမဩဝါဒဟို ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ စုပေါင်းနေထိန် စားသောက်ခြင်း၊ ပွဲတော်မင်္ဂလာဝင်ခြင်း၊ အတူတကွ ဆုတောင်းခြင်းလို့ဖြင့် အချိန်ဟို ကုန်လွန်စေကြအယ်။
သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။
အေးနောက် သူဟ အပေါ်ထပ်ဟို ပြန်တက်သွားကာ မုန့်ဟို ဖဲ့ပင်း စားကြအယ်။ သူလို့နဲ့ အရုဏ်တက်ချိန်တိုင်အောန် အချိန်အကြာကြီး စကားပြောပင်းနောက် ပေါလု ထွက်သွားလေအယ်။
သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။
အေးသူလို့ဟ အရင်သွားနဲ့ကြပင်း တရောမြို့နှိုက် ငါလို့အား စောင့်နေကြအယ်။
ဥတု နာမယ်ဆိသော လူပဲ့ငယ်တယောက်ဟ ပြတင်းပေါက်နားမှာ ထိန်နေအယ်။ ပေါလုဟ ဆက်ယွေ့ စကားပြောနေချိန်၊ ဥတုဟ ငိန်းကျာ့လာပင်း အိပ်မွေသွားခဲ့အယ်။ နောက်ဆုံးနှိုက် အိပ်မွေသွားပင်း နေအိုင်ရဲ့ တတိယအထပ်မှ မြေပေါ်ဟို လှိမ့်ကျလေအယ်။ သူလို့ဟ သူ့ဟို မချီလိုက်သောအခါ သူဟ သေပင်း ဖြစ်အယ်။
အေးနောက် သူလို့ဟ ပေါလုနဲ့ ရက်ချိန်းပင်းမှ ရမ်းဆာ့သောသူလို့နဲ့တကွ သူတည်းခိုလဲ့နေရာဟို ရောက်လာကြအယ်။ ပေါလုဟ မနက်မှ ညနေခင်းတိုင်အောန် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဆှင်းပြပင်း၊ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများမှ ကိုးကားပင်း ယေရှုအကျောန်းဟို သူလို့အား ပြောပြယွေ့ စည်းရုံးလေအယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ပွဲတော် မုတ်မှ စပျစ်ယေဟို သောက်ကြသောအခါ ခရစ်တော်ရဲ့ အသွေးတော်ဟို ဆက်ဆံသုံးဆောင်ကြအယ် မဟုတ်လော။ မုန့်ဟို စားသောအခါ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို ဆက်ဆံသုံးဆောင်ကြတာ မဟုတ်လော။
အားပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ငါ ဖြစ်လဲ့အတိုင်း ငါ ဖြစ်အယ်။ ငါခံရသော ကျေးဇူးတော်ဟိုလည်း အကျိုးမဲ့ခံရတာ မဟုတ်။ အခြားသော တမန်တော်အပေါင်းလို့ထက် ငါဟ သာယွေ့ ကြိုးစားခြင်းဟို ပြုအယ်။ ဟေသို့ ဆိုသော်လည်း ငါ ကြိုးစားတာ မဟုတ်၊ ငါနဲ့အတူ ဆိသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ဖြစ်အယ်။
ငါရောက်လာသောအခါ အလှူငွေ ကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်း နင်လို့ တဦးစီဟ မိမိရဲ့ ဝင်ငွေနည်းများလိုက် လှူဒါန်းရန် စုဆောင်းကြလော့။
နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။
သခင်ဘုရားရဲ့ နေ့တွင် ငါဟ ဝိညာဉ်တော်နှိုက် ဆိစဉ် တံပိုးခရာသံလိုမျိုး ကျယ်လောင်သော အသံဟို ငါ့နောက်နှိုက် ကြားရအယ်။