Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 20:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 ပေါလုဟ အာရှမှာ အချိန်မကုန်စေလိုသဖြင့် ဧဖက်မြို့ အနီးမှ ဖြတ်ပင်း ရွက်လွင့်ရန် ဆုံးဖြတ်ထားအယ်။ သူဟ ဖြစ်နိန်ရင် ပင်တေကုတ္တေပွဲတော်အမှီ ယေရုရှလင်မြို့ဟို ရောက်ဖို့ အမြန် ခရီးသွားလျက် ဆိအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 20:16
17 Iomraidhean Croise  

ပေတရုဟ အပြင်ဘက်ဟနေ ထင်ခါးဟို ခေါက်ရာ၊ ရောဒေ နာမယ်ဆိသူ အစေခံမိန်းမငယ် တယောက်ဟ မေးရန် လာအယ်။


သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။


သူလို့ဟ ဧဖက်မြို့ဟို ရောက်သောအခါ ပေါလုဟ ပြစ်ကိလနဲ့ အာကုလလို့ဟို မြို့ထဲတွင် ချန်ခဲ့အယ်။ သူဟ တရားဇရပ်ဟို ဝင်ပင်း ယုဒလူများနဲ့ ဆွေးနွေးကြအယ်။


အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။


အာပေါလုဟ ကောရိန့်မြို့ဟို ရောက်နေစဉ်၊ ပေါလုဟ အထက် ဒေသတဆှောက်ဟို ဖြတ်သွားပင်းမှ ဧဖက်မြို့ဟို ရောက်အယ်။ တဘဲ့တော် တချို့လို့ဟို အေးမှာ တွေ့သဖြင့်၊


အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။


ပင်တေကုတ္တေ ပွဲတော်နေ့ ကျရောက်သောအခါ ယုံကြည်သူများ အားလုံးလို့ဟ တနေရာတည်းတွင် စုဆုံလျက် ဆိနေကြအယ်။


ငါလို့ဟ သင်္ဘောဆေဟို အမြန်သွားယွေ့ အဿုမြို့ဟို အရင်သွားကြအယ်။ အေးဟို ငါလို့သွားရခြင်းမှာ ပေါလုဟို သင်္ဘောစီးစေရန် ဖြစ်အယ်။ အေးလိုမျိုး စီစဉ်ခြင်းမှာ သူဟ အေးမြို့ဟို ကုန်းကျောန်း ဖြစ်သွားရန် စီစဉ်ထားယွေ့ အေးလို့မှာကြားခဲ့အယ်။


သူလို့ ရောက်သောအခါ ပေါလုဟ သူလို့အား “ငါဟ အာရှနယ်ဟို ရောက်လဲ့နေ့မှစပင်း နင်လို့နဲ့အတူ ဆိနေခဲ့လဲ့ အချိန်ကာလ တဆှောက်လုံးတွင် စလို အသက်ဆှင်ခဲ့တာဟို နင်လို့ သိအယ်” ဟု ပြောအယ်။


အခုမှာ ငါဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အမိန့်ဟို နားထောင်ပင်း ယေရုရှလင်မြို့ဟို သွားရမယ်။ အေးမှာ ပစာဖြစ်လိမ့်မယ်ဆိုတာဟို ငါ မသိ။


ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။


ငါလို့ဟ တဆေးမဲ့မုန့်ပွဲ ပီးသောအခါ ဖိလိပ္ပိမြို့မှ ရွက်လွင့်ယွေ့ လာရာ ငါးရက်ကြာပင်းနောက် သူလို့ဆိရာ တရောမြို့ဟို ရောက်ယွေ့ အေးမြို့တွင် ခုနေရက်လောက် နေကြအယ်။


အေးမှာ တဘဲ့တော်အချို့လို့နဲ့ တွေ့ပင်း သူလို့နဲ့အတူ တပတ်လောက် နေကြအယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် သူလို့ဟ ပေါလုဟို ယေရုရှလင်မြို့ဟို မသွားရန် ပြောကြအယ်။


“ငါဟ ယေရုရှလင်မြို့မှ ထွက်သွားယွေ့ နှစ်အတန်ကြာပင်းနောက် ငါ့ရဲ့ လူများအတွက် အလှူငွေတချို့ဟို ပေးကမ်းရန်နဲ့ ဘုရားသခင်ဟို ပူဇော်သကာဆက်သရန်အတွက် ငါ ပြန်ရောက်ဆိလာပါအယ်။


ပင်တေကုတ္တေ ပွဲနေ့တိုင်အောန် ဧဖက်မြို့နှိုက် ငါနေရမယ်။


Lean sinn:

Sanasan


Sanasan