41 လူအမြောက်အများဟ သူရဲ့စကားဟို လက်ခံကြကာ နှစ်ခြင်းမင်္ဂလာဟို ခံယူကြသဖြင့် အဲနေ့တွင် လူပေါင်း ၃,၀၀၀ မျှ တိုးပွားလာအယ်။
နင်လို့အား ငါ အမန် ဆိုအယ်၊ ငါ့ဟို ယုံကြည်သောသူဟ ငါပြုသောအမှုလို့ဟို ပြုလိမ့်မယ်၊ အဲအမှုလို့ထက်သာယွေ့ ကြီးသောအမှုလို့ဟိုလည်း ပြုလိမ့်မယ်၊ ပစာကို့ ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်အယ်။
ရှိမုန် ပေတရုဟ လှေပေါ်ဟို တက်ယွေ့ ငါးကြီး ၁၅၃ ကောင်နဲ့ ပြေ့လျက်ဆိသော ပိုက်ကွန်ဟို ကုန်းသို့ ဆွဲတင်လေအယ်၊ ဟေမျှလောက်များသော်လည်း ပိုက်ကွန်ဟ မစုတ်မပြဲ ဆိအယ်။
ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊
လူမျိုးခြားလို့ဟ အဲစကားဟို ကြားသောအခါ ရွှင်လန်းဝမ်းမြောက်ပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ချီးမွန်း ပြောဆိုကြအယ်။ ထာဝရ အသက်ရဆိရန် ရွေးကောက်ခြင်း ခံရသူလို့ဟ ယုံကြည်သူများ ဖြစ်လာကြအယ်။
လူလို့ဟ အဲစကားဟို ကြားသောအခါ သူလို့ဟ ရမ်းဆာ့ပင် စိတ်ပူပင်သောက ရောက်ကြလျက် ပေတရုနဲ့ အခြား တမန်တော်လို့အား “ညီအကိုလို့၊ ငါလို့ စလိုပြုရမလုန်း” ဟု မေးမြန်းကြအယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။
သင်္ဘောပေါ်တွင် လူစုစုပေါင်း ၂၇၆ ယောက် ဆိအယ်။
အဲပရောဖက်ရဲ့ စကားဟို နားမထောင်ဘဲနေသော သူတိုင်းဟ ဘုရားသခင်ရဲ့ လူမျိုးထဲမှ ဖယ်ဆှားပင်း ဖျက်ဆီးခြင်းဟို ခံရမယ်’ ဟု ပြောအယ်။
အဲလိုလဲ သတင်းစကားဟို ကြားသောသူများဟ ယုံကြည်လဲ့သူ ယောက်ျားအရေအတွက်မှာ ၅,၀၀၀ ခန့်မျှ တိုးပွားလာအယ်။
အဲအခါ ယောသပ်ဟ သူ့ရဲ့ အဖ ယာကုပ်နဲ့တကွ စုစုပေါင်း ခုနေဆယ့်ငါးယောက်သော ဆွေမျိုးသားချင်းလို့ဟို အဲဂုတ္တုပြေသို့ ခေါ်အယ်။
အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆိရင် မင်းအာဏာလည်း မတည်ဆိနိန်။ အမိန့်အာဏာ ဆိသမျှဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆိအယ်။
နင်လို့ဟလည်း ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ရဆိသော ဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ဟို လက်ခံယွေ့ ငါလို့နဲ့ သခင်ဘုရားဟို အတုယူသူများဖြစ်ကြအယ်။
အဲဝိညာဉ်များဟ တချိန်ဟ နောဧလက်ထက်နှိုက် သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်ဟ စိတ်ဆှည်စွာဖြင့် စောင့်ပေမဲ့လည်း နားထောင်ခြင်း မဆိခဲ့သော ဝိညာဉ်များ ဖြစ်ကြအယ်။ အေးသင်္ဘောထဲနှိုက် ဆှစ်ယောက်မျှဖြစ်သော လူကတစ်လို့သာ ယေမှတဆင့် ကယ်တင်ခြင်း ခံရကြအယ်။
ဒုတိယ ခေါန်းခင်တမန်ဟ သူရဲ့ ဖလားဟို ပင်လယ်ပေါ်ဟို သွန်းလောင်းသောအခါ ယေဟ သေသောသူရဲ့ အသွေးလို ဖြစ်ယွေ့ ပင်လယ်ထဲနှိုက် ဆိသော သက်ဆိသတ္တဝါအားလုံး သေကြအယ်။