21 အေးနောက်၊ အဆှင်ဟို ခေါ်သောလူ စသူမဆို ကယ်တင်ခြင်းဟို ခံရကြလိမ့်မယ်’ ဟု ဟောပြောခဲ့အယ်။
အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။
အဆှင်ရဲ့ နေ့ထူးနေ့မြတ်ကြီး မရောက်ခင် နေဟ မိုက်အတိ ဖြစ်လိမ့်မယ်၊ လဟ အသွေးလိုမျိုး အနီရောင် ပြောင်းသွားလိမ့်မယ်။
အခု ပစာကျောန့် အချိန်အကြာရီး စောင့်နေလုန်း။ ထပင်း နှစ်ခြင်းဟို ခံလော့။ နင့်ရဲ့ အပစ်များဟို လွှတ်ဖို့ ကိုယ်တော်ရဲ့ နာမဟို ခေါ်ပင်း ဆုတောင်းလော့’ ဟု ဆိုလေအယ်။
သခင်ဘုရားဟလည်း သူ့အား “နင်ဟ ထယွေ့ လမ်းဖြောင့်ဟု ခေါ်သော လမ်းဟို သွားလော့၊ တာရှုမြို့သား ရှောလုဆိုသူဟို ယုဒရဲ့ နေအိုင်တွင် စုံစမ်းမေးမြန်းလော့၊ အကျောန်းမှာ သူဟ ဆုတောင်းလျက် နေအယ်၊
အဲလိုလဲ သခင်ဘုရားဟ အာနနိအား “သွားလော့၊ ဟေလူဟ လူမျိုးခြားများ၊ ဘုရင်များနဲ့ ဣသရေလအမျိုးသားလို့အား ငါရဲ့ နာမဟို ကြေညာရန် ငါ ရွေးချယ်ထားသော တန်ဆာပလာ ဖြစ်အယ်။
ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။
အဲကျောန့် ငါလို့ဟ ကရုဏာတော်နဲ့ ကျေးဇူးတော်လို့ဟို သင့်လျော်သောအချိန်နှိုက် ကူညီမစမှုဟို ရဆိမဲ့အကျောန်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော် ပလ္လင်ဟို တိုးဝင်ချဉ်းကပ်ကြစို့။