19 အထက် မိုးခေါန်းခင်တွင် အံ့ဩဖွယ်သော အရာများဟို လည်းကောင်း၊ အားပင်း အောက်အရပ် မြေကြီးပေါ်တွင် နိမိတ်လက္ခဏာများဟို ငါ ပြလိမ့်မယ်၊ အသွေး၊ မီး၊ မီးခိုးတည်းဟူသော အတိတ်နိမိတ်များ ဖြစ်လိမ့်မယ်။
ယေရှုဟလည်း “နင်လို့ဟ နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအမှုလို့ဟို မမျော်ရရင် ပစာအခါမှ ယုံကြည်ကြမယ် မဟုတ်” ဟု မိန့်အယ်။
ဟုတ်အယ်၊ ငါရဲ့ အစေခံများ ယောက်ျားနဲ့ မိန်းမများတောင်မှ ငါရဲ့ ဝိညာဉ်တော်ဟို အေးနေ့ရက်များမှာ သွန်းလောင်းလိမ့်မယ်၊ အားပင်း သူလို့ဟ ငါရဲ့ သတင်းစကားဟို ဟောပြောကြလိမ့်မယ်။
အဆှင်ရဲ့ နေ့ထူးနေ့မြတ်ကြီး မရောက်ခင် နေဟ မိုက်အတိ ဖြစ်လိမ့်မယ်၊ လဟ အသွေးလိုမျိုး အနီရောင် ပြောင်းသွားလိမ့်မယ်။
“ဣသရေလ အမျိုးသားလို့၊ ဟေစကားများဟို နားထောင်ကြလော့။ နင်လို့ သိကြလဲ့အတိုင်း ဘုရားသခင်ဟ နာဇရက်မြို့သား ယေရှုအားဖြင့် နင်လို့ အလယ်နှိုက် အံ့ဩဖွယ်ရာများ၊ တန်ခိုးများနဲ့ နိမိတ်လက္ခဏာများဟို ပြခဲ့အယ်။ ဘုရားသခင်ဟ ဟေအရာများအားဖြင့် ယေရှုနဲ့ ပတ်သက်သော ခိုင်မာလဲ့ အထောက်ထားများဟို နင်လို့အား ပြအယ်။