12 ရမ်းဆာ့သော လူများလို့ဟ ယုံကြည်လာကြအယ်၊ ဂုဏ်အသရေဆိ ဟေလသ မိန်းမလို့နဲ့ ယောက်ျားများစွာလို့လည်း ယုံကြည်ကြအယ်။
စသူမဆို အဲသူရဲ့ အလိုတော်ဟို ဆောင်ရွက်လိုသော ဆန္ဒဆိရင် ဟေသွန်သင်ချက်ဟ ဘုရားသခင်ဆေမှ လာသလော အဲဟာမဟုတ်ရင် ငါဟ ကိုယ့်ဆန္ဒအလျောက် ဟောပြောနေသလောဆိုတာဟို သိလိမ့်မယ်။
အဲအခါ ပေါလုနဲ့ ဗာနဗလို့ဟ ရဲရင့်စွာ ဟောကြားတာဟ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို နင်လို့အား ပထမဆုံး ဟောပြောရမယ်။ အဲလိုလဲ နင်လို့ဟ တရားတော်ဟို ငြင်းပယ်ကာ မိမိလို့ကိုယ်ကို ထာဝရအသက်နဲ့ မထိုက်တန်ဟု စီရင်ကြသောကျောန့်၊ ငါလို့ဟ နင်လို့နားမှ ထွက်ခွာယွေ့ လူမျိုးခြားလို့ဆေဟို သွားကြမယ်။
အဲလိုလဲ ယုဒအမျိုးသားလို့ဟ ဘုရားသခင်ဟို ကိုးကွယ်သူ အထက်တန်းလွှာ မိန်းမနဲ့ မြို့ရဲ့ ခေါင်းဆောင်များဟို လှုံ့ဆော်ကြအယ်။ သူလို့ဟ ပေါလုနဲ့ ဗာနဗလို့အား စတင် ညှဉ်းဆဲပင်း မိမိလို့ပြေရဲ့ နယ်မှ မောင်းထုတ်လိုက်ကြအယ်။
ဣကောနိမြို့တွင် ပေါလုနဲ့ ဗာနဗဟ ယုဒအမျိုးသားလို့ရဲ့ တရားဇရပ်သို့ ဝင်ယွေ့ အဲနည်းအတိုင်း ဟောပြောကြရာ ယုဒအမျိုးသားများနဲ့ လူမျိုးခြား အမြောက်အမြားဟ ယုံကြည်ကြအယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။
ညီအကို မောင်နှမလို့၊ နင်လို့ဟို ခေါ်ခြင်းအရာဟို ဆင်ခြင်ကြလော့။ ခေါ်သောသူလို့တွင် လောကီပညာဆိအများ မပါ၊ ထင်ဆှားသော လူကြီးအများ မပါ၊ မင်းမျိုးနွယ်ဖြစ်သောသူအများ မပါ။
အကျောန်းမှာ ထင်ဆှားသော ပစာအရာမဆို ဆှင်းလင်းယွေ့ အလင်း ဖြစ်လာလိမ့်မယ်။ အဲလိုမို့ “အိပ်မွေနေသောသူ၊ ထလော့ အားပင်း သေခြင်းမှ ထမြောက်လော့၊ အားပင်း ခရစ်တော်ဟ နင့်အပေါ်နှိုက် ထွန်းလင်းလိမ့်မယ်” ဟု ဆိုအယ်။
ချမ်းသာကြွယ်ဝသော ညီအကိုဟ မိမိအား ဘုရားသခင် နိမ့်ကျစေသောအခါ ဝမ်းမြောက်ရမယ်။ အကျောန်းမှာ ချမ်းသာသောသူဟ မြက်ပွင့်လို ညှိုးနွမ်းပျောက်ပျယ် သွားလိမ့်မယ်။
အဲလိုမို့ နင်လို့ဟ ညစ်ညမ်းလဲ့ အလေ့အထနဲ့ ဆိုးယုတ်လဲ့ အကျင့်မန်သမျှလို့ဟို ပယ်ဆှားကြလော့။ နင်လို့ရဲ့ စိတ်အတွင်းနှိုက် ဘုရားသခင် သွင်းပေးသော တရားတော်ဟ နင်လို့ဟို ကယ်တင်နိန်အယ်။ တရားတော်ဟို သိမ့်မွေ့စွာ ခံယူကြလော့။